"မိုးကုတ်မြို့" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး (စာလုံးပေါင်း ပြင်ဆင်ခြင်း)
 
== သမိုင်းကြောင်း ==
“ကိတ်၊ နဂါး၊ ကြွက် သုံးစဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်” ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၄င်းကိုပြောင်းပြန်ယူသော်၎င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာပါသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရပါသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသော တောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ထူးခြားသည်ဆိုပြီးသွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကို တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွားကြီးကို ဆက်သခဲ့ကြပါသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့ပါသည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲ့ပါသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။<ref>မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) </ref>
 
မိုးကုတ်မြို့ကို သက္ကရာဇ် ၅၇၉ ခုနှစ်တွင် တည်သည် ဟုဆို၏။ ထိုစဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။ ထိုနောက်တွင်ကား မြန်မာဘုရင်များက ပိုင်သည့် အခါပိုင်ခဲ့၍၊ မိုးမိတ်စော်ဘွားများ၏ လက်တွင် တည်မြဲသည့် အခါ တည်မြဲခဲ့လေသည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့ မိုးကုတ်နယ်မြေကို လက်လွှတ်ရပြန်သည်။ မင်းတုန်းမင်း လက်ထက်တွင် မိုးကုတ်မှ ပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက်နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော်လုပ်ကိုင်ခွင့် တောင်းဆိုရာ သဘောတူခွင့်ပြုချက်ရသည်တွင် အင်္ဂလိပ်တို့သည် ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ်ခဲ့သည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်မြို့ သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ်တို့ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် ကြသေး၏။
မြန်မာမင်းက ပတ္တမြားတွင်းလုပ်ငန်းကို အုပ်ချုပ်ရန် ကျောက်ဝန် ခေါ် အရာရှိတစ်ဦးကို ကျပ်ပြင်သို့ စေလွွတ်ခန့်ထားသည်။ ပဒုံမင်းလက်ထက်သို့ ရောက်ရှိသောအခါ စို့သူကြီး ဟူသော အခေါ်အဝေါ် ပေါ်ပေါက်လျှက်ရှိနေပြီဖြစ်သည်။ ပတ္တမြားမြေကို စို့သူကြီး တစ်ဦးတည်းဖြင့် ကျပ်ပြင်မှ အုပ်ချုပ်စေသည်။ ပဒုံမင်းလက်ထက်တွင်ပင် ကသည်းကို ကျပ်ပြင်မှ ခွဲထုတ်ကာ စို့သူကြီး တစ်ဦး ထပ်မံခန့်ထားလျှက် သီးခြားအုပ်ချုပ်စေရာမှ စို့သူကြီးသုံးဦး ဖြစ်လာသည်။
စို့သူကြီးတို့ နှစ်စဉ်ကောက်ခံဆက်သရသော အခွန်များတွင် အရေးအကြီးဆုံးမှာ စီတော်မံတော် ဟု ခေါ်သော ဒေသထွက်ကုန်ဖြစ်သည်။ ပတ္တမြားကိုပင် သတ်မှတ်ထားသည့် အရွယ်အစား၊ အရေအတွက်နှင့် တန်ဖိုးအတိုင်း စီတော်မံတော် ပေးဆောင်ရသည်။ စီတော်မံတော်တွင် ခေါင်းခေါ် ငွေသားတစ်ပိဿာနှင့် တန်ဖိုးချင်းညီမျှသော ပတ္တမြားကြီးတစ်လုံး၊ တစ်လုံးလျှင် ငွေတစ်ကျပ်သားခန့် တန်သော ပတ္တမြားအလုံး (၁၅၀)နှင့် ထုပ် ခေါ် နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား စသည့် ကျောက်မြို့းစုံပါဝင်သော စုံစီကျောက်ထုပ် တစ်ထုပ် ပါဝင်သည်။
မြန်မာမင်းများလက်ထက်တွင် တူးဖော်ရရှိသည့် ကျောက်များမှ သတ်မှတ်ထားသည့် အရွယ်အစားနှင့် အရည်အသွေးရှိသော လက်ရွေးစင်ကျောက်များကို ဘုရင်မင်းမြတ်အား ဆက်သရသည်။ ဆက်သသည့် ပတ္တမြား၏ အဆင့်အတန်းကိုလိုက်၍ ဆင်၊ လှော်ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်ကြိုယူလာလေ့ ရှိသည်။ ဤသို့ဖြင့် ဆင်တင်ပတ္တမြား၊ လှော်ကားငယ်တင်ပတ္တမြား၊ လှော်ကားကြီးတင်ပတ္တမြား စသည့် အခေါ်အဝေါ်များ ပေါ်ပေါက်လာရသည်။ ကမ္ဘာကျော် [[ပတ္တမြား ငမောက်]]မှာ လှော်ကားကြီးတင်ပတ္တမြား ဖြစ်သည်။ နေပြည်တော်သို့ ရောက်သောအခါ ကြိုယူလာသော ပတ္တမြားကို ဘုရင့်ကျောက်ဆက်ဝန်ထံ အပ်နှံရသည်။ ၄င်းကတစ်ဆင့်၎င်းကတစ်ဆင့် ဘုရင်မင်းမြတ်အား ကျောက်ရှင်နှင့်အတူ အပ်နှံရသည်။ ဘုရင်မင်းမြတ်က ရာဖြတ်တော်များကို ပြသ၍ တန်ဖိုးများကို ဖြတ်စေပြီး ကျောက်ရှင်အား ထိုက်တန်သော ဆုတော် လာဘ်တော်များ ချီးမြှင့်ပေးသနားသည်။ မြန်မာမင်းများလက်ထက်တွင် ပတ္တမြားသည် မြန်မာနိုင်ငံ၏ ပဓာနအကျဆုံး ထွက်ကုန်ဖြစ်ခြင်းကြောင့် မြန်မာမင်းတို့သည် ပတ္တမြားကို ကုန်တော်အဖြစ် သတ်မှှတ်ခဲ့သည်။ ၁၉-ရာစုသို့ ရောက်သောအခါ အနောက်တိုင်းသားတို့သည် မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာများကို ပို၍ စိတ်ဝင်စားလာကြသည်။
သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ကျပ်ပြင်၊ ကသည်းရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ လက်ဝါးကြီးအုပ် တူးဖော်ခွင့်ပေးရန် သီပေါမင်းထံ လျှောက်ထားသည်။ သီပေါမင်းက သဘောတူသဖြင့် မြန်မာနှင့် ပြင်သစ်တို့ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးကြသည်။ ဤစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်တို့သည် ကျူးကျော်စစ်ကို ဖန်တီးပြီး မြန်မာတစ်နိုင်ငံလုံးကို အကြောင်းရှာ သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။
သီပေါမင်းသည် မိုးကုတ်ကျောက်တွင်းလုပ်ငန်းအား ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. အား ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျှက်ရှိရာ ပါတော်မူသည့်အတွက် လိုင်စင် ပျက်ပြယ်ခဲ့သည်။
မိုးကုတ်တွင် ကျောက်မျက်များကို တစ်ဦးတည်း စက်ဖြင့် တူးဖော်ခွင့်လိုင်စင်ရပြီး နှစ်စဉ် လိုင်စင်ကြေး ပေါင်စတာလင် သုံးသောင်းနှင့် အမြတ်၏၃၀%ကို ပေးဆောင်ရန်ဖြစ်သည်။ ၁၈၈၉-ခုနှစ်မှ ၁၈၉၆-ခုနှစ်ထိ ပထမခုနှစ်နှစ် လိုင်စင်သက်တမ်းတွင် အနည်းငယ်သာ မြတ်သည်။ ကုမ္ပဏီသည် ဆက်တိုက်ရရှိလုပ်ကိုင်ခဲ့ရာ ဒုတိယပါမစ် သက်တမ်းကာလ ၁၈၉၇-ခုနှစ်မှ ၁၉၀၃-ခုနှစ်တွင် အမြတ်ကောင်းစွာ ရခဲ့သည်။ တတိယလိုင်စင်သက်တမ်း ၁၉၀၄-ခုနှစ်မှ ၁၉၁၂-ခုနှစ်တွင် မြေအောက်ရေကြောင့် တူးဖော်မှုများ အဟန့်အတား ဖြစ်ရသဖြင့် မြေအောက်စိမ့်ရေများကို ထုတ်ရန်အတွက် မြေအောက်ပေ ၁၀၀ အနက်တွင် တစ်မြိုု့င်ခန့်အရှည်ရှိ ရေနှုတ်မြောင်းတစ်ခုကို တူးဖော်ဆောင်ရွက်ခဲ့သည်။ ရေနှုတ်မြောင်းကို ၁၉၀၈-ခုနှစ်တွင် ပြီးစီးအောင် တူးဖော်ခဲ့ရာ အောင်မြင်မှုရပြီး ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အဆိုပါနှစ်တွင် Verneuil ပတ္တမြားအတု ချက်လုပ်အောင်မြင်မှုကြောင့် ပတ္တမြားဈေးများ ထိုးကျခဲ့ပြီး တတိယပါမစ်သက်တမ်းကာလအတွင်း အမြတ်နည်းပါးခဲ့သည်။ စတုတ္ထလိုင်စင်သက်တမ်းကာလတွင် ပတ္တမြားဈေးများ ဆက်လက်ကျဆင်းမှုကြောင့် စီးပွားရေးထိခိုက်ပြီး ၁၉၂၅-ခုနှစ်တွင် မြေအောက်ရေနှုတ်မြောင်းကြီးအား ယမ်းခွဲဖျက်ဆီးခံရပြီး လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ၁၉၂၅-ခုနှစ် နိုဝင်ဘာလတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ပြီး ၁၉၃၁-ခုနှစ်တွင် လိုင်စင် ပြန်အပ်ခဲ့သည်။ B.R.M လုပ်ကိုင်ခဲ့သည့် ၄၂-နှစ်တာကာလတွင် ဗြုံးတန်ချိန် သန်း(၃၀) ဆေးခဲ့ပြီး စတာလင်ပေါင် (၂.၃၅)သန်းခန့်တန်သော ကျောက်မျက်များ ရခဲ့သည်။ B.R.M ဖျက်ပြီးနောက် ၁၉၃၄-ခုနှစ်တွင် Ruby Mines Ltd ကို B.R.M ကုမ ္ပဏီ လူကြီးများက ပြန်၍ ဖွဲ့စည်းခဲ့သည်။ ယခင် B.R.M မှ လုပ်ခဲ့သော လျှပ်စစ်မီးစက်မှ ဓာတ်အားကို ရောင်းစားရန်နှင့် ပတ္တမြားရောင်းဝယ်ရေးကို အရံလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ဖြစ်သော်လည်း လုပ်ငန်းများ မအောင်မြင်ပဲ ၁၉၄၁-ခုနှစ်တွင် ပျက်ခဲ့သည်။
ဂျပန်ခေတ်တွင် ဗိုလ်မှူးကြီးကီမူရာခေါင်းဆောင်သော ဂျပန်တပ်များ မိုးကုတ်သို့ ရောက်လာချိန်တွင် မိုးကုတ်သားများက ကျောက်တွင်းများကို ကျောက်တုံးများဖြင့် ပိတ်ဆို့ကွယ်ဝှက်ထားခဲ့သည်။ ဂျပန်ခေတ်တလျှောက်လုံးတွင် ကျောက်တွင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ၁၉၄၅-ခုနှစ် မတ်လတွင် မဟာမိတ်တပ်များ မိုးကုတ်ကို သိမ်းပြီးချိန်မှစ၍ ပတ္တမြားနှင့် လေထီးစများ လဲလှယ်ရောင်းဝယ်မှုလုပ်ငန်း ကျယ်ပြန့်လာပြီး ကျောက်တွင်းလုပ်ငန်း အသက်ပြန်ဝင်လာသည်။
ပင်လုံစာချုပ်ချုပ်ဆိုရန် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးချိန်တွင် မိုးကုတ်ကျောက်တွင်း လုပ်ငန်းများအား မိုးမိတ်စော်ဘွား အုပ်ချုပ်မှုအောက်တွင် ထားရန် မိုးမိတ်စော်ဘွား စောခွန်ချိုက တင်ပြခဲ့ရာ လောလောဆယ်တွင် လက်ရှိအတိုင်း စီမံအုပ်ချုပ်ရန် ညှိနှိုင်းခဲ့ကြပြီး စောခွန်ချိုအား ရှမ်းပြည်နယ်ရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း ပူးတွဲတာဝန် ပေးခဲ့သည်။ စောခွန်ချိုသည် ၁၉၅၈-ခုနှစ်အထိ ၄င်းတာဝန်များတွင်၎င်းတာဝန်များတွင် ထမ်းဆောင်ခဲ့သည်။ မိုးကုတ်ကျောက်တွင်း လုပ်ငန်းများသည် နိုင်ငံရေးမတည်ငြိမ်မှုများ၏ နှောင့်ယှက်မှု မခံရပဲ လုပ်ကွက်(၁၀၀၀)ကျော် ပုံမှန်တူးဖော် ထုတ်လုပ်လျှက်ရှိခဲ့သည်။ မိုးကုတ်ကျောက်တွင်းလိုင်စင် ခွင့်ပြုစနစ်တွင် တွင်းတူးသမားများအား တွင်းစားအဖြစ် သတ်မှတ်ပေးပြီး ၄င်းတို့ရရှိသည့်၎င်းတို့ရရှိသည့် ကျောက်အမြတ်ပေါ်မှ ခွဲဝေခံစားခွင့်ပြုလာသည်။ လွတ်လွတ်လပ်လပ် ရောင်းချခွင့်များ တွင်ကျယ်လာသည်။ မှောင်ခိုမှုများလည်း အထိုက်အလျောက် ရှိလာသည်။
 
(မိုးကုတ်ဖော်တော်ဦးမြတ်စွာဘုရား သမိုင်းကျောက်စာမှ ကူးယူဖော်ပြပါသည်။)
၄၅၄၉၂

တည်းဖြတ်မှုများ