မီခေး ပရိုခိုရော့ဗ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂၂ -
 
သူသည် မော်စကို ဘဏ္ဍာရေးဆိုင်ရာ အင်စတီကျုဒ်မှ ဘွဲ့ရပြီးနောက် ဘဏ္ဍာရေးဌာန တွင်အလုပ်လုပ်ရင်း အဖိုးတန် သတ္ထုများနှင့် ပတ်သတ်သော ရုရှား၏ထိပ်တန်း စက်မှုလုပ်ငန်းရှင် ဖြစ်ရန်ကြိုးစားခဲ့သည်။ နိုရီးလ် နစ်ကယ် ကို သူစီမံခန့်ခွဲစဉ်က ထိုကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး နစ်ကယ်(Nickel) နှင့် ပယ်လဒီယံ(Palladium) ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။
ယခုအခါတွင် သူသည် ပေါ်လီယက်စ် ဂိုးလ်ဒ်- Polyus Gold (ရုရှား၏ အကြီးဆုံး ရွှေထုတ်လုပ်မှုလုပ်ငန်း) ၏ နာယက နှင့် အိုနက်စ်စင်မ် အဖွဲ့ (ONEXIM Group)၏ ဥက္ကဌတို့ဥက္ကဋ္ဌတို့ ဖြစ်လာသည်။
သူသည် ရုရှားနိုင်ငံ၏ ဒုတိယမြောက်အချမ်းသာဆုံးဖြစ်သည်။ ဖော့ဘ်စ်မဂ္ဂဇင်းအရ သူသည် ၃၉ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၁၃.၄ ဘီလျံခန့် ပိုင်ဆိုင်သည်။
== အလုပ်အကိုင် ==
၁၉၈၉ခုနှစ်တွင်ပရိုခိုရော့ဗ်သည် ရုရှားနိုင်ငံအစိုးရပိုင်ကျောင်းဖြစ်သော စီးပွားရေးတက္ကသိုလ်(ထိုစဉ်က မော်စကိုစီးပွားရေးတက္ကသိုလ်ဟုခေါ်တွင်) မှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ ၁၉၈၉ခုနှစ်မှ ၁၉၉၂ခုနှစ်အထိ နိုင်ငံတကာအီကိုနော်မစ်ကော်ပိုရေးရှင်းဘဏ် (International Bank for Economic Cooperation)၏ စီမံခန့်ခွဲရေးရာထူးတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။များမကြာမီပင် နိုင်ငံတကာဘဏ္ဍာရေးကုမ္ပဏီ( the International Finance Company) ၏ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
အသက် ၂၈နှစ်အရွယ် ၁၉၉၃ခုနှစ်၊ ကွန်မြူနစ်ဝါဒကျဆုံးချိန်တွင် ရုရှားနိုင်ငံ၌ အစိုးရပိုင်စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ်အကြီးအကျယ်ပြောင်းလဲနေချိန်တွင် အိုနက်စ်စင်မ်ဘဏ်(ထိုဘဏ်တွင်ဘုတ် အဖွဲ့ဥက္ကဌအဖွဲ့ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူး)မှနော်ရယ် နစ်ကယ်အား ဝယ်ယူခြင်းကို [[ဗလာဒီမာ ပိုတန်းနင်]]နှင့်အတူ ကူညီ ပေးခဲ့သည်။
=== နော်ရယ် နစ်ကယ်လ် ===
ပရိုခိုရော့ဗ်သည် နော်ရယ် ကို အသုံးမကျသော ကုမ္ပဏီစုကြီးအဖြစ်မှ ကမ္ဘာ့ အကြီးဆုံးနှင့် အမြတ်အများဆုံးရ သဘာဝအရင်းအမြစ်သယံဇာတ ကော်ပိုရေးရှင်း တစ်ခုအဖြစ်သို့ ရောက်အောင်ပြုပြင် ပြောင်းလဲ နိုင်ခဲ့သည့် အတွက်အသိအမှတ်ပြုခံခဲ့ရသည်။ ကုမ္ပဏီမှ သတ္ထုတူးဖော်ရေးနှင့်မဆိုင်သော ပစ္စည်းများကို ရောင်းချပြီးနောက် အရင်းအနှီးကြီးပြီး ရှုပ်ထွေးသော ခေတ်သစ်စီးပွားရေးတစ်ခုကို စတင်ခဲ့သည်။ ထိုစွန့်စားရသည့် စီးပွားရေးလုပ်ငန်းလုပ်ရန်လိုအပ်သည်က အေးခဲနေသောအာတိတ်ဒေသ ကိုဖြတ်ကျော်၍ သတ္ထုများကို သယ်ဆောင်နိုင်ရန်အတွက် ရေခဲခွဲသင်္ဘောများ ပင်ဖြစ်သည်။
စာကြောင်း ၄၁ -
၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်သော ရန်းနာ့ဆန့်စ် ထံမှ ၅၀%သော ချေးငွေကို ရရှိခဲ့သည်။ သတင်းများအရထိုဘဏ်သည် ငွေသားလက်ငင်းပေးချေနိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ဆိုကြသည်။ အိုနက်စ်စင်မ်သည် အသေးစားဘဏ်လုပ်ငန်း တစ်ခုကိုလည်း ဝယ်ယူခဲ့ပြီးနောက် ပရိုခိုရော့ဗ် ၉၀ခုနှစ်များက အလုပ်လုပ်ခဲ့သောဘဏ်ကို အမှတ်ရသောအားဖြင့် အိုင်အက်ဖ်စီ (IFC) ဟု နာမည်ပြောင်းခဲ့သည်။ အိုနက်စ်စင်မ်ဂရု(ပ်)၏ဌာနခွဲတစ်ခုသည် နာနိုတက္ကနိုလိုဂျီ အဆင့်မြင့်နည်းပညာစီမံကိန်းဖြစ်သည့် ဝှိုက် အယ်လ်အီးဒီများကို ပစ်မှတ်ထားရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုစီမံကိန်းများမှ စွမ်းအင်ထုတ်လုပ်ခြင်း နှင့် ဆေးပညာရပ်သုံးပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် အလွန်သေးငယ်သော ဖွဲ့စည်းတည်ဆောက် ပုံရှိသော အရာများထုတ်လုပ်ခြင်း ကိုအဓိက ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ခဲ့သည်။
 
ထိုစီမံကိန်း အောင်မြင်မှုကြောင့် ၂၀၀၈ခုနှစ်တွင် အိုနက်စ်စင်မ်မှ အော့ပ်တာဂန်(Optagan) ကိုဝယ်ယူခဲ့သည်။ ၂၀၀၇ခုနှစ် ဇွန်လတွင် နာနိုတက္ကနိုလိုဂျီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးချုပ် မီခေး ဖရက်ဒ်ကော့ဗ် (Prime Minister Mikhail Fradkov) က နာနိုနည်းပညာဝန်ကြီးဌာနကို အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ပရိုခိုရော့ဗ် သည် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဥက္ကဌမှာဥက္ကဋ္ဌမှာ လက်ထောက်ဝန်ကြီးချုပ် ဆာဂီအိုင်ဗန်နော့ဗ် ဖြစ်သည်။ အခြားနာမည်ကြီးသော ပူးပေါင်းလုပ်ဆောင်မှုတစ်ခုမှာ JV! ဂျေဗွီ မီဒီယာအဖွဲ့နှင့် ဖြစ်သည်။
 
ထိုမီဒီယာကို ဦးဆောင်သူနှင့် တည်ထောင်သူမှာ ကွန်မာဆန့် ဗလာဒီမာ ယက်ကော့ဗ်လက်ဗ် (Kommersant Vladimir Yakovlev) ဖြစ်ပြီး ထိုမီဒီယာမှ အောင်မြင်ကျော်ကြားသောလူချမ်းသာ အသိုင်းအဝိုင်း(ကိန်းကြီးခန်းကြီးနိုင်သူများနှင့် ရုရှားစွန့်ဦးတီထွင်သူများကိုဆိုလို) ကိုသာ ပစ်မှတ်ထားသည့် ဈေးနှုန်းမြင့် မဂ္ဂဇင်းနှစ်စောင်ကို ထုတ်စေခဲ့သည်။ ၂၀၀၉ခုနှစ် ဇူလိုင်လတွင် အာဘီစီ အင်ဖော်မေးရှင်း စစ်(စ်)စတမ်(စ)ရှယ်ယာဝင်များမှ အိုနက်စ်စင်ဂရု(ပ)ရှိပရိုခိုရော့ဗ်ထံသို့ ကုမ္ပဏီ၏နောက်ဆုံးထုတ်လုပ်လိုက်သော အစုရှယ်ယာသစ်များ၏ ၅၁%ကို ဒေါ်လာ သန်း၈၀(တဝက်တိတိကို အာဘီစီမှ အကြွေးဆပ်ရမည်ဖြစ်သည်)ဖြင့် ရောင်းချရန် သဘောတူညီမှုရခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အပြီးသတ်စာချုပ်ချုပ်ဆို နိုင်ခဲ့သည်။
စာကြောင်း ၄၈ -
 
== အားကစားနှင့် ထောက်ပံ့ခဲ့မှုများ ==
၂၀၀၄ခုနှစ် မတ်လတွင် ရိုးရာယဉ်ကျေးမှုထွန်းကားရေးဆိုင်ရာ ဖောင်ဒေးရှင်း (မီခေးပရိုခိုရော့ဗ် ဖောင်ဒေးရှင်း၏ အစိတ်အပိုင်း) ကိုတည်ထောင်ခဲ့သည်။ ထိုဖောင်ဒေးရှင်းကို ရုရှားနိုင်ငံ၏ အထင်ကရစာအုပ်ထုတ်ဝေသူဖြစ်သော သူ၏အစ်မမှ ဦးဆောင်သည်။ သူသည် CSKA Moscow စီအက်စ်ကေအေ မော်စကို၏ ဘတ်စကတ်ဘော၊ဟော်ကီနှင့် ဘောလုံးအသင်းများကို ငွေကြေးထောက်ပံ့ပေးခဲ့သည်။ ထို့ပြင်သူသည် ရုရှားအားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ပရိုခိုရော့ဗ်သည် ယခုအခါ ရုရှားဘိုင်သလွန်ယူနီယံ ဥက္ကဌအဖြစ်လည်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည်။ ၂၀၀၉ခုနှစ် စက်တင်ဘာလတွင် နေရှင်နယ်ဘတ်စကတ်ဘောအဖွဲ့(National Basketball Association)ရှိ နယူးဂျာစီနက်စ် (New Jersey Nets) အသင်း၏ အဓိကရှယ်ယာများကို နှင့် ဘရွတ်ကလင်း (Brooklyn)တွင် တည်ဆောက်မည့် အားကစားကွင်းသစ်စီမံကိန်းတစ်ဝက်ကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။
 
ထိုအသင်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း၂၅၀ရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ ပထမဆုံး မြောက်အမေရိကားနိုင်ငံသားမဟုတ်သူ အရပ်အရှည်ဆုံး(၆ပေ၈လက်မ) အန်ဘီအေ အသင်းပိုင်ရှင် ဖြစ်လာသည်။ ၂၀၁၀ခုနှစ် မေလ ၁၁ရက်နေ့တွင် နက်စ်ကို ပရိုခိုရော့ဗ်မှ ဝယ်ယူပြီးဖြစ်ကြောင်း အန်ဘီအေမှ ကြေငြာခဲ့သည်။ ပရိုခိုရော့ဗ်သည် အသင်း၏အဓိကပိုင်ရှင် ဖြစ်လာပြီး ရှယ်ယာ ၈၀%ကိုပိုင်ဆိုင်သည်။ နက်စ်၏ အားကစားကွင်းသစ်ဖြစ်သော ဘာကလေ(စ)စင်တာ၏ ၄၅%ကိုလည်းပိုင်ဆိုင်သူ ဖြစ်လာသည်။