မြစေတီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁ -
[[File:Rajakumara Stone Inscription.jpg|thumb | မြစေတီ ကျောက်စာတိုင်]]
အေဒီ ၁⁠၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော '''မြစေတီကျောက်စာ''' သည် မြစေတီ ခြေရင်းနားတွင်တွေ့ရှိရသည်။<ref>[http://www.myanmar.gov.mm/Perspective/persp2000/12-2000/ros.htm Myazedi and Rosetta Stone Inscriptions (Dr. Khin Maung Nyunt)]</ref> [[ရာဇကုမာရ်]] ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။ အလားတူ ကျောက်စာတစ်ခုကိုလည်း မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။ ၄င်းကျောက်စာ၎င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖက်ပါပြီး ပါဠိ၊ [[မွန်]]၊ [[မြန်မာ ဘာသာ|မြန်မာ]] နှင့် [[ပျူ]] ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖတ်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။
 
မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် [[ကျန်စစ်သား]]မင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနူဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်[[အလောင်းစည်သူ]] အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။