ယဉ်ကျေးမှု တော်လှန်ရေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး spelling correction
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁ -
[[File:Cultural Revolution poster.jpg|thumb|ယဉ်ကျေးမှုတော်လှန်ရေးမှ ဝါဒဖြန့် ပိုစတာ တစ်ခုကို တွေ့ရစဉ်။ ထိုပိုစတာတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် မှ စစ်သားများ၏ ပုံပေါ်တွင် မော်စီတုန်း၏ ပုံကို ရေးဆွဲထားသည်။ ရေးထားသောစာမှာ မော်စီတုန်း၏ အတွေးအခေါ်များအတွက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှာ မဟာကျောင်းတော်ကြီး ဖြစ်သည် ဟူ၍ ဖြစ်သည်။]]
ယဉ်ကျေးမှု တော်လှန်ရေး (Cultural Revolution) ဆိုသည်မှာ ၁၉၆၆ မှ ၁၉၇၆ အထိ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]တွင် ဖြစ်ပွားခဲ့သော လူမှုရေး နှင့် နိုင်ငံရေး ဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဥက္ကဌဥက္ကဋ္ဌ [[မော်စီတုန်း]]မှ စတင်ခဲ့ပြီး ထိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်တွင် ဆိုရှယ်လစ်စနစ် ပေါ်ပေါက်ရန်၊ အရင်းရှင်ဆိုင်ရာ၊ ရိုးရာ နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများကို တရုတ်လူ့အဖွဲ့အစည်းတွင်းမှ ဖယ်ရှားပစ်ရန် နှင့် ရှေးရိုးစွဲ မော်ဝါဒကို ပါတီအတွင်း ထုတ်ဖော်ရန် ဖြစ်သည်။ ထိုတော်လှန်ရေးမှ မော်စီတုန်းအား အကြွင်းမဲ့အာဏာကို ပြန်လည် ရရှိစေခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် နိုင်ငံအတွင်း နိုင်ငံရေးအရ ချိနဲ့သွားခဲ့ပြီး စီးပွားရေး နှင့် လူမှုရေးအရ အကြီးအကျယ် ချိနဲ့ သွားစေခဲ့သည်။
 
ထိုလှုပ်ရှားမှုကို ၁၉၆၆ ခုနှစ်မေလတွင် စတင်ခဲ့သည်။ မော်စီတုန်းက ဘူဇွာများသည် အစိုးရနှင့် လူ့အဖွဲ့အစည်းအတွင်း ထိုးဖောက်ဝင်ရောက်ပြီး အရင်းရှင်စနစ်ကို ပြန်လည်အသက်သွင်းရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။ ထိုသို့သော ပြုပြင်ပြောင်းလဲရေး သမားများကို ပြင်းထန်သော လူတန်းစား တိုက်ပွဲဖြင့် ဖယ်ရှားပစ်ရမည်ဟု အခိုင်အမာ ပြောခဲ့သည်။ တရုတ်လူငယ်များက မော်စီတုန်း၏ စည်းရုံးမှုကို လိုက်နာသည့် အနေနှင့် နိုင်ငံတဝှမ်းလုံးတွင် အနီရောင်အစောင့် (Red Guard) အဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ထိုလှုပ်ရှားမှုသည် စစ်တပ်၊ မြို့ပြနေ အလုပ်သမားများနှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ အတွင်း ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် လူတန်းစား အလွှာအသီးသီး အတွင်း အချင်းချင်း ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် အရင်းရှင်လမ်းကို လျှောက်နေသည်ဟု စွပ်စွဲခံရသော ရာထူးကြီး ခေါင်းဆောင်များ အစုလိုက် အပြုံလိုက် ဖယ်ရှား ခံခဲ့ရသည်။ ဖယ်ရှားခံရသူများထဲမှ ထင်ရှားသူများမှာ လျူရှောင်ကွီ နှင့် [[တိန့်ရှောင်ဖိန်]] တို့ဖြစ်သည်။ ထိုအချိန်အတွင်းမှာပင် မော်စီတုန်းကို ကိုးကွယ်သူများမှာ အဆမတန် များပြားလာခဲ့သည်။