ရိုမန် အေဘရာမိုဗစ်ချ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၅၂ -
စောင့်ကြည့်လေ့လာသူများက ပြန်လည်သုံးသပ်ခဲ့ရာ ထိုသို့ ကုမ္ပဏီ၏ တန်ဖိုးအလွန်လျင်မြန်စွာမြင့်တက်လာမှုကြောင့် ကုမ္ပဏီ၏ အမှန်တကယ်ရင်းနှီးမြုပ်နှံထားသည့်ငွေသည် ဒေါ်လာဘီလျံများစွာရှိလိမ့်မည်ဟု ခန့်မှန်းဖော်ထုတ်ခဲ့ကြသည်။ နောက်ပိုင်း အေဘရာမိုဗစ်ချ် သည် တရားရုံးတွင် အစိုးရအရာရှိများအား ဒေါ်လာ ဘီလျံပေါင်းများစွာ လာဘ်ထိုးခဲ့ကြောင်းနှင့် ကုမ္ပဏီမှ ဒေါ်လာဘီလျံပေါင်းများစွာနှင့် အခြားပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်းများ (အလူမီနီယံစစ်ပွဲအတွင်း အလူမီနီယံလုပ်ငန်းမှ အဖိုးတန်ပစ္စည်းများ) ကို လူဆိုးဂိုဏ်းများ၏ လုယက်မှုရန်မှ ကာကွယ်ပေးမှုရရှိခဲ့ကြောင်းကို ထုတ်ဖော် ပြောကြား ခဲ့သည်။
 
ထို့ကြောင့် အေဘရာမိုဗစ်ချ် ၏ ငွေကြေးစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း အလုပ်အကိုင်၏ အရေးကြီးသော လုပ်ငန်းအဆင့်ဆင့်များမှာ.. Comfort co-op (ပလက်စတစ် အရုပ်များထုတ်လုပ်သည့် ကုမ္ပဏီ) တွင် ဥက္ကဌဥက္ကဋ္ဌ အဖြစ် ၁၉၈၉ ဇန်နဝါရီ မှ ၁၉၉၁ မေလ အထိ ၊ မော်စကို ရှိ ABK အင်တာပရိုက် လုပ်ငန်းအငယ်စား တွင် ဒါရိုက်တာအဖြစ်၁၉၉၁ မေ လ မှ ၁၉၉၃ မေ လထိ ဖြစ်သည်။ မတူညီသော သတင်းဖော်ပြချက်များအရ ရိုမန် အေဘရာမိုဗစ်ချ် သည် ၁၉၉၂ မှ ၁၉၉၅ အတွင်း လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ကုမ္ပဏီ ၅ ခုကိုတည်ထောင်ခဲ့ပြီး အရောင်းအဝယ်ပြုလုပ်ခဲ့သည်။
 
ဘောရစ် ဘာရက်ဇော့ဗ်စကီး နှင့် ပူးပေါင်းပြီး ၁၉၉၅ မေတွင် P.K. Trust close joint-stock company ( ပူးပေါင်းရှယ်ယာ ထိန်းသိမ်းသည့် ကုမ္ပဏီ ) ကို တည်ထောင်ခဲ့သည်။ ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တွင် ရိုမန် အေဘရာမိုဗစ်ချ် သည် Mekong close joint- stock company, Centurion-M close joing-stock company, Agrofert limited liability company, Multitrans close joing-stock company, Oilimpex close joint-stock company, Sibreal close joint-stock company, Forneft close joint-stock company, Servet close joing-stock company, Branco close joint-stock company, Vector-A limited liability company စသည့် အခြားကုမ္ပဏီ ၁ဝ ခုကိုထပ်မံတည်ထောင် ခဲ့သည်။ Boris ဘာရက်ဇော့ဗ်စကီး အများပြည်သူပိုင် Sibneft Company မှ ရှယ်ယာများကို ဝယ်ယူခဲ့ပြီး Vector-A liability company ကို အေဘရာမိုဗစ်ချ် နှင့်အတူ လုပ်ကိုင်ခဲ့သည်။