ရိုဟင်ဂျာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရည်ညွှန်း
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၁ -
[[File:Rohingya.gif|thumb|ရိုဟင်ဂျာများ]]
 
'''ရိုဟင်ဂျာ''' ဆိုသည်မှာ မြန်မာနိုင်ငံ၏ [[ရခိုင်ပြည်နယ်]] မြောက်ဘက်ပိုင်းတွင် အများဆုံး အခြေချနေထိုင်ကြပြီး၊ [[ဘင်္ဂလားဒေ့ရှ်နိုင်ငံ]] နှင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ၎င်းတို့၏ နိုင်ငံသားများ မဟုတ်ကြောင်း ငြင်းဆိုကြကာ နိုင်ငံမဲ့ဖြစ်နေသည့် လူမျိုးတစ်စုဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် [[မောင်တောမြို့]]၊ [[ဘူးသီးတောင်မြို့]]၊ [[ရသေ့တောင်မြို့]]၊ [[ကျောက်တော်မြို့]] နှင့် [[စစ်တွေမြို့]]တို့တွင် အများစုနေထိုင်ကြသည်။ ၂၀၁၂ ခုနှစ်ထိ ရိုဟင်ဂျာပေါင်း (၈)သိန်းနီးပါး မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟုဆိုသည်။ ကုလသမဂ္ဂမှ ၄င်းတို့သည်၎င်းတို့သည် ကမ္ဘာပေါ်တွင် အဖိအနှိပ်ခံရဆုံး လူနည်းစုများတွင် ပါဝင်နေသည်ဟုဆိုသည်။ <ref>{{cite news|title=Myanmar, Bangladesh leaders 'to discuss Rohingya'|url=http://www.google.com/hostednews/afp/article/ALeqM5j7a3oPcHSvWSpkXzzSruvNZfdPMA?docId=CNG.8d52d8a6dba835c4ac54aab3f3c8031b.571|publisher=AFP|date=2012-06-29|archiveurl=http://web.archive.org/web/20120718074439/http://www.google.com/hostednews/afp/article/ALeqM5j7a3oPcHSvWSpkXzzSruvNZfdPMA?docId=CNG.8d52d8a6dba835c4ac54aab3f3c8031b.571|archivedate=2012-07-18}}</ref> နိုင်ငံမဲ့ဖြစ်နေသောရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများနှင့် ဆင်းရဲမွဲတေနေသည့်ရွာများသို့ ပြောင်းရွှေ့ နေထိုင်ကြရပြီး၊ ထိုင်းမြန်မာနယ်စပ်များတွင်လည်း ရှိသည်။
 
ရိုဟင်ဂျာ လူမျိုးစုကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ ခုတွင် ထည့်သွင်း သတ်မှတ် ထားခြင်း မရှိသဖြင့် မြန်မာလူမျိုးစုများတွင် ပါဝင်ခြင်း ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသည်။ ရိုဟင်ဂျာကို လူမျိုးစု အဖြစ် မသတ်မှတ်သူများက ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်း ယခင်ကတည်းက နေထိုင်သော လူမျိုးစု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ဝင်ရောက်လာသူများ အဖြစ် ငြင်းဆိုကြသည်။ ရိုဟင်ဂျာများမှလည်း ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း စဝ်ရွှေသိုက်တို့မှ ပြောကြားချက်များကို ကိုးကား၍ ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်အတွင်းမှ လူမျိုးစု ဖြစ်ကြောင်း ငြင်းဆိုကြသည်။
စာကြောင်း ၄၀ -
၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,ဝ၀ဝ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀ဝ-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း [[ဒုတိယ ကမ္ဘာစစ်]]ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် [[ကုလား-ရခိုင်အဓိကရုဏ်း]] ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအားလုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂျ်ပူသို့ထွက်ပြေးခဲ့ကြရ သည်။
 
၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ [[ဂျမေယာတူ အိုလမာအသင်း]] ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာအဖွဲ့ဥက္ကဋ္ဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။
 
သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် အစ္စလာမ်ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ [[ရန်ကုန်တက္ကသိုလ်]] ရိုဟင်ဂျာကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။ ၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀ဝ၀ဝ-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ဝိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။
စာကြောင်း ၇၀ -
[[File:Rohingya.jpg|thumb|ထိုင်းသို့ သဗ္ဗာန်ဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများကို တွေ့ရစဉ်]][[Amnesty International]]၏ ထုတ်ပြန်ချက်အရ မူစလင် ရိုဟင်ဂျာများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်တွင် ၁၉၇၈ ခုနှစ်မှ စ၍ ဆက်လက် ခံစားနေကြရပြီး၊ အနီးနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းလျှောင်ရကြရသည်။<ref>[http://web.archive.org/web/20040626110358/http://web.amnesty.org/library/Index/ENGASA160052004?open&of=ENG-MMR Myanmar - The Rohingya Minority: Fundamental Rights Denied], Amnesty International, 2004.</ref>
 
"ရိုဟင်ဂျာများ၏ လွတ်လပ်စွာသွားလာခွင့်ကို ထိမ်းချုပ်ထားမှုများရှိပြီး၊ အများအားဖြင့် မြန်မာနိုင်ငံသားခံယူခွင့်မရရှိခြေ။ ၄င်းတို့သည်၎င်းတို့သည် မသမာမှုများ နှင့် မတရားကောက်ခံသော အခွန်ငွေများပေးဆောင်ရခြင်း၊ အိမ်များဖျက်စီးခံရခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ပြုရန် ငွေကြေးများကန့်သက်ထားခြင်းတို့ရှိသည်။ ရိုဟင်ဂျာများအား ဆက်လက်၍ လမ်းများ၊ စစ်တပ်စခန်းများ ဆောက်လုပ်ရာတွင် အဓၶမအလုပ်စေခိုင်းခံရခြင်းတို့ရှိသော်လည်း၊ ရခိုင်မြောက်ပိုင်းတွင်မူ လွန်ခဲ့သည့် ဆယ်စုနစ်အတွင်း အဓၶမ အလုပ်စေခိုန်းမှုမှာ လျှော့နည်းလာခဲ့သည်။ "{{Citation needed|reason=အင်္ဂလိပ်မှ ဘာသာပြန်ထားသော်လည်း ဘယ်က သယ်လာမှန်းမသိ။}}
 
၁၉၇၈ ခုနှစ်တွင် စစ်အစိုးရ၏ နဂါးမင်း စစ်ဆင်ရေးစပြီးနောက်ပိုင်း ရိုဟင်ဂျာပေါင်း ၂၀၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့နိုင်ငံသို့ ထွက်ပြေးကြရသည်။ ထိုစစ်ဆင်ရေးသည် နိုင်ငံအတွင်းတွင် တရားမဝင် ဝင်ရောက်နေထိုင်သူများကို နိုင်ငံမှ ပယ်ထုတ်နိုင်ရန်ရည်ရွယ်ခဲ့သည်။ ထိုစစ်ဆင်ရေးသည် အရပ်သားများအား တိုက်ရိုက်ရည်ရွယ်ထားပြီး၊ သက်ဖြတ်မှုများ၊ မဒိမ်းကျင့်မှုများ၊ ဘာသာရေးကျောင်းဆောင်များဖျက်စီးခြင်း နှင့် ဘာသာရေးအကြောင်းပြကာ အရေးယူမှုများ ရှိခဲ့သည်။