ရေဒီယို: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း |
||
စာကြောင်း ၂ -
== ရေဒီယို ==
'''ရေဒီယို''' ({{lang-en|Radio}}) ဆိုသည်မှာ မျက်စိနှင့် မြင်နိုင်သော အလင်းအောက် တိုသော ကြိမ်နှုံး (Frequency) ရှိသည့် လျှပ်စစ်သံလိုက်လှိုင်းများကို လှိုင်းခွင်သ၍ အချက်ပြ(Signal)များ အဖြစ် ထုတ်လွှင့်ခြင်းကို ခေါ်ဆိုသည်။
လျှပ်စစ်သံလိုက်လှိုင်းနှင့်
စကော့လူမျိုး သိပ္ပံပညာရှင် ဂျိမ်းစ်ကလာ့ခ် မက်စ်ဝဲက လျှပ်စစ်သံလိုက်ဖြစ်ခြင်း အယူအဆကို ရှင်းပြဖို့ရာ [[သီအိုရီ]]အခြေခံကို စတင်ဖော်ထုတ်ခဲ့သည်။ လျှပ်စစ်နှင့် သံလိုက်လှိုင်း ၂ ခုကို ပေါင်းစပ်ပြီး လျှပ်စစ်သံလိုက်လှိုင်းထုတ်လုပ်နိုင်သည်ဟု သူ ဟောကိန်းထုတ်ခဲ့သည်။ ဂျာမနီ သိပ္ပံပညာရှင် ဟိန်းရစ်ချ် ဟာ့စ်က ၁၈၈၈ မှာ Sparkgap Transmitter ကို ကြိမ်နှုံး အလွန်မြင့်တဲ့ အခြေအနေမှာ အသုံးပြုပြီး ရေဒီယိုလှိုင်းများ ထုတ်လုပ်နိုင်ကြောင်းနဲ့ လှိုင်းကို အာရုံခံနိုင်ကြောင်း သက်သေပြခဲ့သည်ဟု မှတ်သားထားတာ တွေ့ရှိရသည်။
၁၈၉၃ ခုနှစ်မှာ [[အမေရိကန်ပြည်ထောင်စု]]က နီကိုလာ တက်စလာ မှာ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာ၏ ဥပဒေသများကို ပထမဦးဆုံး အကြိမ် လက်တွေ့ သရုပ်ပြသခဲ့သည်။ တက်စလာက အဲဒီနောက်မှာ အမေရိကန်နိုင်ငံတွင်း ယင်းနည်းပညာအတွက် မူပိုင်ခွင့်ရရှိခဲ့သည်။ အဲဒီအချိန်က ပထမကမ္ဘာစစ်အတွင်း
၁၈၉၄ခုနှစ် ဩဂုတ်လမှာ အင်္ဂလိပ် ရူပဗေဒပညာရှင်နှင့် စာရေးဆရာလည်းဖြစ်သူ အိုလီဗာ လော့ဒ်ဂျ်ဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ ကျင်းပတဲ့ ဗြိတိသျှ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း အစည်းအဝေးမှာ ရေဒီယို အချက်ပြ စတင်ထုတ်လွှင့်ပြနိုင်ခဲ့သည်။ ၁၈၉၅ ခုမှာ အီတလီ တီထွင်သူ ဂါ့တ်လီယယ်မို မာကိုနီက ကြိုးမဲ့ဆက်သွယ်မှု နည်းပညာကို ဈေးကွက်ဝင်တဲ့ စနစ်ဖြစ်အောင် ထပ်မံ မွမ်းမံခဲ့သည်။ ၁၈၉၆ ခုနှစ်မှာ ဗြိတိသျှမူပိုင်ခွင့် အာဏာပိုင်ရုံးမှနေ၍ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ကြေးနန်းဆိုင်ရာ မူပိုင်ခွင့်ကို ပေးအပ်ခဲ့သည်။ စကော်လာများ သမိုင်းပညာရှင်များက မာကိုနီကို ကျေးဇူးတင်ခဲ့ကြတယ်။ ကြိုးမဲ့ကြေးနန်း နည်းပညာ ဖွံ့ဖြိုးရေးအတွက် ပါဝင်လုပ်ဆောင်ခဲ့သည့် အတွက် သက္ကရာဇ် ၁၉၀၉ ခုနှစ်ရဲ့ [[ရူပဗေဒ]]ဆိုင်ရာ [[နိုဗယ်ဆု]]ကို ကားလ်ဖာဒီနန် ဘရောင်းနဲ့ အတူ ပူးတွဲ ချီးမြှင့်ခံခဲ့ရသည်။ သက္ကရာဇ် ၁၉၄၃ မှာတော့ အမေရိကန်နိုင်ငံ တရားရုံးချုပ်ကနေ မာကိုနီရဲ့ ကြိုးမဲ့ ကြေးနန်းမူပိုင်ခွင့်ကို ကျော်ပြီး နီကိုလာ တက်စလာကို မူပိုင်ခွင့်ပြန်ပေးခဲ့သည်။
|