ရွှေစာရံ စေတီတော် (မန္တလေး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၅၅ -
 
==ရွှေစာရံစေတီထူး ဖူးခွင့်ရယ်ကြုံ==
ငါးတောင်ပြည့် ရွှေစာရံစေတီတည်ထားတဲ့ အုတ်ချပ်ရေ ၁၅၄ ချပ်ကို `အုတ်ချပ်ရေက ဝမ်းဘဲဥ ပြောင်းပြန်လှန်၊ ဘုရားမူရင်း အုတ်ချပ်သွင်းခဲ့တယ်’လို့ မှတ်သားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်ကတည်ထားခဲ့တဲ့ စေတီ ဖြစ်တဲ့အတွက် တဖြည်းဖြည်း မေ့ပျောက် တိမ်ကောခဲ့ရာမှ ၁၉၈၉ ခုနှစ်မှာ ရွှေစာရံဘုရားကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး လူသိများထင်ရှား လာတာ အနှစ် နှစ်ဆယ်နီးပါးမှျသာ ရှိပါသေးတယ်။ ရွှေစာရံစေတီဟာ မန္တလေးမြို့မှ ပြင်ဦးလွင် ကားလမ်းအတိုင်း ၁၃ မိုင်အကွာမှာရှိတဲ့ အုန်းချောကျေးရွာလမ်းခွဲက တောင်ဘက် သုံးမိုင်နှစ်ဖာလုံအကွာ မန္တလေးယဉ်ကျေးမှုတက္ကသိုလ်၊ ရွှေစာရံ ဂေါက်သီး အားကစားကွင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၄)ရဲတပ်ရင်းတို့ကိုဖြတ်ပြီး အဘယခေမာကုန်းသာယာ (ဘေးကင်း၍ အေးချမ်းသာယာသော ကုန်းမြေ)မှာတည်ရှိပါတယ်။ ပုဂံပြည့်ရှင်အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ ရှမ်းမင်းသမီး တည်ထားခဲ့တဲ့ ဘုရားဖြစ်တဲ့အတွက် `မိဖုရားစောမွန်လှ တည်ထားကိုးကွယ် တော်မူခဲ့သော ရွှေစာရံမြတ်စွာဘုရား’ရယ်လို့ ရှေးလူတို့ပေးခဲ့တဲ့အမည်ကို ပထမဦးဆုံး ဂေါပကဖွဲ့စဉ်က ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အမှတ်(၄) ရဲတပ်ရင်းမှူး၊ ချင်းအမျိုးသား ဒုတိယရဲမှူးကြီး နိပ်စောနန်းက `နလံမထူ ကံတလူ သွား’စတဲ့ နာမည်မျိုး ပြောင်းချင်ကြောင်း နာမည်ရွေးရာမှ ‘သစ္စာဓိဋ္ဌာန် ရွှေစာရံ၊ ဆုတောင်းပြည့်သည့် မြတ်စေတီ’ဆိုတဲ့ လက်ရှိနာမည်ကို ပြောင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အစဉ်အလာအတိုင်း မဟုတ်ဘဲ ပုဂံနေပြည်တော်ရှိရာ အနောက်အရပ်ကို မျက်နှာလှည့်ထားတဲ့ အတွက် `မုခ်ဝပြောင်းပြန် ရွှေစာရံ’ စေတီရယ် လို့လည်း ခေါ်ဆိုကြ ပါသေးတယ်။ အဲဒီနောက်မှာ အမှတ်(၄)ရဲတပ်ရင်းမှူး ဒုတိယ ရဲမှူးကြီးခင်ကျော်က ရွှေစာရံဂေါပကဥက္ကဌအဖြစ်ရွှေစာရံဂေါပကဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိယာယီ ဂေါပက ဥက္ကဋ္ဌကတော့ ဦးဌေးကျော် ဖြစ်ပါ တယ်။
 
နှစ်ပေါင်း တစ်ထောင်နီး ပါးရှိပြီဖြစ်တဲ့ ရွှေစာရံ စေတီတော်မြတ်ကြီးမှာ ရှေးသမိုင်းရာဇဝင်များအရ မှတ်သားလက်ဆင့် ကမ်းခဲ့ကြတာကလွဲလို့ ဘုရား သမိုင်းစာအုပ် ရယ်လို့ သီးခြားမရှိခဲ့ တဲ့အတွက် ၂၀ဝ၇ ခုနှစ်မှာ နှစ်ပေါင်း ခြောက်ဆယ် ကျော်အတွင်း ပထမ ဆုံးအကြိမ်ဖြစ်တဲ့ ရွှေစာရံဘုရား သမိုင်းစာအုပ်ကို စာရေးဆရာ သီပေါကိုလတ်က ရေးသား ပူဇော်ပြီး ရွှေစာရံဂေါပကအဖွဲ့က နှစ်ကြိမ်တိုင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ရွှေစာရံစေတီ တော်မြတ်ကြီးဟာ ကင်းဝန်မင်းကြီးရဲ့ စခန်းစဉ်လင်္ကာအရ `အရှေ့ ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ရင်မျှော်၊ သီဟတောဟု၊ လောကဓာတ်တွင်း၊ ခြောက်ရောင် လင်းသား၊ သနင်းမှန်ကူ၊ ကျော်လင်းဆူ’စာရင်းဝင် လည်း ဖြစ်ပါတယ်။ ကျော်လေးဆူဆိုတာကတော့ အရှေ့ရွှေစာရံ (ရွှေစာရံဘုရား)၊ ပုဂံအနောက် (ရွှေစည်းခုံဘုရား)၊ တောင်(မိတ္ထီလာ ရွှေရင် မျှော်ဘုရား)၊ မြောက်(အညာသီဟတော ဘုရား)တို့ ဖြစ်ကြပါတယ်။
 
ရွှေစာရံစေတီရဲ့အနောက်ဘက်မှာ ၁၇ ရာစုလက်ရာများ ဖြစ်ဖွယ်ရှိတဲ့ ဖိုးပွား၊ ဖိုးကုလား၊ ဖိုးပေါ်ဘုရားများ တည်ရှိပြီး ရှေးဟောင်းသမိုင်းဦးစီးဌာနရဲ့ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးဇုံလည်း ဖြစ်ပါတယ်။ ရွှေလီ-မန်ဆမ်ဓာတ်အားသိုလှောင်ရေး ဓာတ်အားခွဲရုံကို ရွှေစာရံအနီးမှာ ဆောက်လုပ်ထားပြီး `ရွှေလီ-မန်ဆမ်-ရွှေစာရံ’လို့ ကမ္ဘာက သိသွားပြီးဖြစ်တဲ့အပြင် ဘုရားတန်ခိုးတော်ကြောင့် ၂၄ နာရီလုံးလုံး ရွှေစာရံစေတီတော်ကြီးကို မီးပူဇော်ထား ရှိနိုင်ခဲ့ပါတယ်။ မိတ္ထီလာ၊ ဘယ်လင်း၊ ကျောက်ဆည်နယ်တို့ကိုလည်း ၄င်းဓာတ်အား၎င်းဓာတ်အား ခွဲရုံမှ လျှပ်စစ်မီးဖြန့်ဝေပေးလျက် ရှိပါတယ်။ အခုဆိုရင် ရွှေစာရံစေတီတော်မြတ်ကြီးဟာ တောထဲတောင်ထဲမှာ မြေပြင်ကရွှေတောင်ကြီး ပေါက်သကဲ့သို့ မြို့ပြဘုရားစေတီများနဲ့ မခြား ကြည်ညိုသဒ္ဓါပွားနိုင်ဖို့အတွက် ဂေါပကအဖွဲ့နဲ့ ရွာသူရွာသားများ အားထုတ်ခဲ့ရပုံကို ဘဏ္ဍာရေးမှူး ဦးပြေငြိမ်းက အခုလို ပြောကြားခဲ့ ပါတယ်။
 
`ကျန်စစ်သားမင်းရဲ့မြေးတော် အလောင်း စည်သူမင်းလက်ထက်မှာ ရွှေစာရံစေတီတော် မြတ်ကြီးအတွက် ဝတ်ကြီးဝတ်ငယ်ပြုစုဖို့ အိမ်ခြေငါးဆယ်နဲ့ ရွှေစာရံရွာလေးကို သင်ပုတ် စားပေးခဲ့ပါတယ်။ ၁၉၈၉ မှာ ပြန်လည် ဖော်ထုတ်ပြီး ၁၉၉၃ ခုနှစ်မှာ (၁)ရွှေစာရံ ကျေးရွာအုပ်စု၊ ကျောက်ချော၊ ကျွဲနဖား၊ (၂)အုန်းချောကျေးရွာအုပ်စု၊ ထုံးဘို၊ နွားဂဲ၊ နားတောင်းကျ၊ (၃)ကြူဝန်းကျေးရွာအုပ်စု (၄)ဆည်တော်ကျေးရွာအုပ်စု၊ ကိုက်တန်းမှ လေးအုပ်စုကျေးရွာများနဲ့ ရွာကိုးရွာဂေါပကများ ဖွဲ့စည်းပြီး ဘုရားကုန်း မြေနီတွေက ကြွေပလ္လင် တွေဖြစ်အောင်၊ မှန်ပလ္လင်တွေ ဖြစ်အောင်၊ မှန်ပလ္လင်တွေက ရွှေပလ္လင်တွေဖြစ်အောင်၊ သံ လှေကားတွေက စတီးလှေကားတွေ ဖြစ် အောင်၊ ရိုးရိုးလျှပ်စစ်မီးချောင်းတွေက အဆင့်မီ ရောင်စုံမီးတွေ ဖြစ်အောင်၊ ထုံးဖွေးဖွေးစေတီ က ရွှေတုံးရွှေခဲကြီးဖြစ်အောင် ကြိုးကုပ်အား ထုတ်ခဲ့ကြပါတယ်။ အခုဆို စေတီတော် ရင်ပြင်မှာ စင်္ကြံသုံးထပ်နဲ့ ကားပတ်လမ်းနဲ့ စနစ်တကျရှိပါတယ်။ စင်္ကြံနဲ့ စေတီတော်ကိုလည်း မြောင်းလေးတစ်ခု ခြားထားတယ်။ ရသေ့ကြီး ဦးခန္တီတည်ဆောက်ခဲ့တဲ့ ကောင်းမှု တွေလည်း ပါတာပေါ့ဗျာ။ ဒါတွေကို ကျွန်တော်တို့က တိုးတက်အောင် ဆက်လက် ထိန်းသိမ်းကြရတာပါပဲ’
 
==နွှဲစို့တူပျော် ရွှေစာရံတပေါင်းပွဲတော်==
`အသက်မကြီးသေးပါမောင်ရယ်... ထန်းရွက်ပုတီးလေးနဲ့ ရွှေစာရံကို အရောက် သွားလို့ လည်...လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ခန့်က အလွန် နာမည်ကြီးခဲ့တဲ့ မြို့တော်မောင်ယဉ်အောင် ရဲ့`ကိုးဆယ်ဆ သာလိမ့်မယ်’ ပြဇာတ်မှာ ဇာတ်ဝင်သီချင်း။ ဒီနေ့ခေတ်အထိ ရိုးမသွားဘဲ ရွှေစာရံသူ မဂျင်းစိမ်းကို အသက်သွင်းလို့ ရုပ်ရှင်ကားကြီး အဖြစ် တင်ဆက်ပြန်တော့ ရွှေစာရံ ပွဲတော်ကာလ မြိုင်မြိုင်ဆိုင်ဆိုင်၊ ရိုက်ကွင်း ရိုက်ကွက် တွေက ပိုင်ပိုင်နိုင်နိုင်မို့ အကယ်ဒမီဆု ဆွတ်ခူး ရရှိခဲ့တဲ့အထိ အောင်မြင်မှု သရဖူဆောင်းခဲ့ပါ တယ်။ ရွှေစာရံပွဲတော်ဟာ အနယ်နယ်အရပ်ရပ်ကို သွားရောက် တင်ဆက် ကပြခဲ့တဲ့ မြို့တော်သိန်းအောင် ဇာတ်ကြောင့် လူသိများ စိတ်ဝင်စားခဲ့ပြီးဖြစ်တဲ့ အပြင် ဆရာမောင် ယဉ်အောင်ရဲ့ရွှေစာရံသူ မဂျင်းစိမ်းလို ပြောပြ၍ မရတဲ့ အချောအလှလေးများ တွေ့ရလေမလား ရယ်လို့ လာမယ့် ရွှေစာရံ ပွဲတော်ကို မဖြစ်မနေ သွားဖို့ အားခဲထားတဲ့ အနယ်နယ် အရပ်ရပ်က ကာလသားတွေလည်း ဒုနဲ့ဒေးပါပဲ။ ထန်းရွက် ပုတီးလေးတွေ၊ ငါးရုပ်လေးတွေ၊ ထန်းဖူးလေးတွေရဲ့နောက်မှာ သူတို့ မြင်ချင်တဲ့ ရွှေစာရံသူ အလှပဂေးလေးတွေကို တွေ့လိုက်စမ်းချင်ရဲ့လို့ ရွှေစာရံပွဲတော်ကို နွှဲပျော်ဖို့ လာကြမှာ အမှန်ပါ’`ရွှေစာရံဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ လပြည့် ကျော် ၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ ဗုဒ္ဓပူဇနိယဘုရားပွဲတော် အကြိုဖွင့်ပွဲအတိတ်နိမိတ်ကိုဆောင်ပြီး တပို့တွဲ လပြည့်ကျော် ၁ဝ ရက်မှ လပြည့်ကျော် ၁၄ ရက်နေ့အထိ ပဋ္ဌာန်းပွဲနဲ့ ဖွင့်လှစ်ပြီး သံဃာတော်အပါး ၁၇ဝ ဝန်းကျင်တို့ကို သံဃာဒါန ဆွမ်းဆန် စိမ်းလောင်းလှူပြီး ပွဲတော်ကို ပိတ်ပါတယ်။ တပေါင်းလဆန်းတာနဲ့ တစ်ပြိုင်နက် ပြင်ဦးလွင်ခရိုင်၊ ပြင်စာနယ်တစ်ဝိုက်မှာရှိတဲ့ ခွန်လိမ်၊ သပြေကျင်း၊ မြေပုံ၊ သံတောင်၊ လိပ်ကျစတဲ့ ရွာလေးတွေက ရှမ်း ဈေးသည်တွေ၊ သီပေါမြို့က ဘုရားဒါယိကာမ စောမွန်လှအဝတ်အစား၊ အဆောင်အယောင်ရောင်းချတဲ့ ဈေးသည်တွေနဲ့ ဆယ့်နှစ်ပွဲ ဈေးသည်တွေဟာ ရွှေစာရံကို တဖွဲဖွဲရောက်လာကြပါပြီ။ သီပေါမြို့ ဘော်ကြိုဘုရား ပွဲအပြီးနဲ့ ရွှေစာရံဘုရားပွဲအဖွင့်ကလည်း တိုက်ဆိုင်နေပြန်တော့ တပေါင်း လဆန်း ၈ ရက်၊ ၉ ရက်ဆိုရင် ရှမ်း-ဗမာ စုံညီနီးပါး ဆိုင်အားလုံး ရောက်ရှိကြပြီး ဖြစ်နေပါပြီ’`ကွျန်တော်တို့ ရွှေစာရံဘုရားပွဲတော်မှာ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင် ထည့်ထားပါတယ်။ ရုပ်ရှင်နဲ့ဇာတ်ကိုတော့ ရုံသွင်းမယ်။ အငြိမ့်ကတော့ လပြည့်ကျော် ၉ ရက်နေ့ညမှာ အောင်ပွဲကပြမှာ ဖြစ်ပါတယ်။ ဇာတ်ကတော့ စွမ်းရည်ပြည့်ဇာတ်ပါ။ စွမ်းဇာနည်က ကူညီမယ်။ အငြိမ့် ကတော့ ရွှေရတနာအငြိမ့်ပေါ့။ ဘုရားဖူးလာ အများပြည်သူတွေ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီး စရိတ်စားခ သက်သောင့် သက်သာဖြစ်စေဖို့ ဘုရားပွဲလာကာလအတွင်းမှာ ဘယ်အရာကိုမှ လေလံ စနစ် မကျင့်သုံးပါဘူး။ ဘုရားပွဲမှာ အရက်ဘီယာရောင်းချခွင့်၊ ကစားဝိုင်း ဖွင့်ခွင့် မပေးထားပါဘူး။ လုံခြုံရေးကိုလည်း သံဃာတော်များနဲ့ အမှတ် (၄)ရဲတပ်ရင်းက စနစ်တကျ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်မှာပါ’လို့ ဂေါပကဥက္ကဌဂေါပကဥက္ကဋ္ဌ ဦးဌေးကျော်က ပြောပါတယ်။
 
 
စာကြောင်း ၇၂ -
နတ်ကတော် အချို့နှင့် [[စီးပွားရေး]]အကွက်ထွင်သူများက အယုံလွယ်သူများကို လိမ်လည်လှည့်စားရန် စောမွန်လှအား သိုက်နန်းရှင်၊ ဂူနန်းရှင် စသောအနိမ့်စား ပရလောကသားအဖြစ် လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်တော့သည်။ <ref>သန်းနိုင်စိုး။ သီပေါကိုလတ်၏ သမိုင်းဝင် သစ္စာ အဓိဋ္ဌာန် ရွှေစာရံစေတီတော်မြတ်ကြီး၏ ဘုရားသမိုင်း</ref>
 
ရွှေစာရံဘုရားပွဲမှာ ရှမ်းအမျိုးသား၊ အမျိုးသမီးတွေရဲ့ ဈေးဆိုင်တန်းတွေကို ဘုရားခြေတော်ရင်း ပတ်ပတ်လည်မှာ နေရာပေးတဲ့အပြင် ရှမ်းဈေးသည်တွေဟာ မြန်မာဈေးသည်တွေ ဈေးလာရောက် မရောင်းခင် ဟိုးယခင်မတိုး တက်မီခေတ်ကတည်းက ဆင်းရဲဒုက္ခခံပြီး ဘယ်လောက်ပဲ ခေတ်ပျက်ပျက် မပျက်မကွက် လာရောက်ရောင်းချ ကြတဲ့အတွက် မျက်နှာဖွင့် ၆ ပေ၊ အရှည်ပေ ၂၀-၃ဝ ရှိတဲ့ ဆိုင်ခန်း တစ်ခန်းကို ခုနစ်ထောင်ကျပ် သတ်မှတ်ထားပေမဲ့ ၄င်းတို့အတွက်၎င်းတို့အတွက် သုံးထောင်ကျပ်သာ ပေးဆောင်စေပါတယ်။ ရွှေစာရံအတွက် ကားလမ်းဘေး တစ်လှျောက်နှင့် ဘုရားဝင်းအတွင်းမှာ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ရှိပြီး အဆိုပါဈေးသည်တွေဟာ ဆိုင်ခန်းတစ်ခန်း ၁၅ ကျပ်ခေတ် ကတည်းက မျိုးရိုးစဉ်ဆက်ရောင်း ချလာကြတဲ့သူတွေဖြစ်ပြီး အသစ် လာရောက်ရောင်းချ လိုသူတွေအတွက် နေရာမပေးနိုင်ပါဘူး။
ရွှေစာရံဘုရားပွဲတော်မှာ ရှမ်းဈေးသည်တွေ လာရောက်ရောင်းချ ကြတဲ့ပစ္စည်းတွေဟာ အမြတ်များများထွက်တဲ့ ပစ္စည်းတွေ မဟုတ်ကြပါဘူး။ ကိုယ့်ခြံ ကိုယ်စိုက်၊ ကိုယ့်မုန့် ကိုယ်လုပ်ပြီး ဘုရားဖူးရင်း ကုသိုလ်လည်းယူရင်း ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ ဒေသထွက် သစ်ဥသစ်ဖု၊ ဆေးမြစ်စုံ၊ နနွင်းဖြူ၊ နနွင်းဝါ၊ နနွင်းတိမ်ပြာ၊ နနွင်းနီ၊ နနွင်းနက်၊ နနွင်းခါး၊ ကြက်သွန်ဖြူ၊ တရော်ကင်ပွန်း၊ မှျစ်ချဉ်၊ နှီး၊ ဝါး၊ ရှမ်းတံမြက်စည်း၊ ဘူးခါးသီး၊ ကြိတ်စေ့ပုတီး၊ ကောက်ညှင်း ကျည်တောက်(ပေါင်းတင်း)၊ မုန့်ခေါင်းဦး စတဲ့ ပစ္စည်းမျိုးစုံ ဖြစ်ပါတယ်။ မြန်မာဈေးသည်တွေကလည်း စားသောက်ဆိုင်၊ ဖျာဆိုင်၊ အိုးခွက် ပန်းကန်ဆိုင်၊ အရုပ်ဆိုင် စသည်ဖြင့် တည်ခင်းရောင်းချကြပါတယ်။