ရှေးဟောင်းအီဂျစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Merged
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၁ -
အီဂျစ်နိုင်ငံသည် နယ်နိမိတ်အားဖြင့် အထက်အီဂျစ်နှင့် အောက်အီဂျစ် ဟူ၍ တောင်မြောက် နှစ်ပိုင်းခွဲခြားခဲ့ဖူးသည်။ အထက်အီဂျစ်မှာမြစ်ဝကျွန်းပေါ် အရပ်၏ တောင်ဖက်စွန်းမှ အထက်ပိုင်း ပထမရေတံခွန်ရှိရာအထိ အရှည်မိုင် ၅၀၀ ရှိသော တောင်ပိုင်းမြစ်ညှာပိုင်းဒေသဖြစ်ပြီး၊ အောက်အီဂျစ်မှာ မြောက်ဖက်မြစ်ဝကျွန်းပေါ်အရပ်ကို ဆိုလိုသည်။ ကိုးကွယ်ရာ နတ်ဘုရားများ ကွဲပြားခြားနားသည်ကြောင့်လည်းကောင်း၊ အရပ်ဒေသကွာခြားသည်ကြောင့်လည်းကောင်း ထိုသို့ ကွဲပြားခြားနားလာခဲ့ရာမှ ဘီစီ ၄၃၀၀ ခန့်တွင် အဆိုပါ နယ်နှစ်နယ်မှ အားကောင်းသည့် အုပ်စု နှစ်စု အသီးသီးပေါ်ထွန်းလာသည်။
 
ပထမအင်အားစုကြီးသည် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်အရပ်တွင် တန်ခိုးဩဇာထူထောင်နိုင်ကာ ၄င်းတို့ကိုးကွယ်သည့်၎င်းတို့ကိုးကွယ်သည့် မြွေဟောက်နတ်ကို အထွတ်အမြတ်ထားသည့် အနေဖြင့် မြောက်ပိုင်းရှင်ဘုရင်များ၏ သရဖူတွင် မြွေဟောက်ပုံနတ်ရုပ်ကို တပ်ဆင်ထားသည်။ ထို့အတူပြင် တောင်ပိုင်းမြစ်ညှာဒေသကို အုပ်စိုးသည့် တောင်ပိုင်းဘုရင်များသည်လည်း ၄င်းတို့ကိုးကွယ်သည့်၎င်းတို့ကိုးကွယ်သည့် နီခီဘတ် (ခေါ်) လင်းတနတ်သမီး၏ အထိမ်းအမှတ်အဖြစ် သရဖူတွင် လင်းတငှက်ရုပ်ကို တပ်ဆင်ကြသည်။ တောင်ပိုင်း သရဖူမှာ အဖြူရောင်ဖြစ်ပြီး မြောက်ပိုင်းသရဖူမှာ အနီရောင်ဖြစ်သည်။ ထိုတောင်မြောက် အီဂျစ်နိုင်ငံ နှစ်ခုသည် ပေါ်နှစ်ပေါင်းကြာရှည်စွာဖြင့် ထီးပြိုင်နန်းပြိုင်ပုံစံဖြင့် မင်းဆက် အတော်များများ စိုးစံသွားကြသော်လည်း တောင်ပိုင်းမင်းဆက်မှ အထောက်အထားများတွေ့ရသည် မရှိဘဲ မြောက်ပိုင်း မင်း၆ပါး၏ အမည်ကိုသာ ရှာဖွေဖော်ထုတ်နိုင်သည်။
 
== ပထမပြည်ထောင်စုခေတ် (ဘီစီ ၄၃၀၀-၃၅၀၀) ==
စာကြောင်း ၃၀ -
ပထမအီဂျစ်ပြည်ထောင်စုခေတ်တွင် ယဉ်ကျေးမှု အဆင့်အတန်းအားဖြင့်လည်း ရေချိန်မြင့်မားသည့် အတွက် တီထွင်မှုများပေါ်ထွန်းလာသည်။ လူ့ယဉ်ကျေးမှု သမိုင်းအရ ဤခေတ်သည် အစပြုခြင်းပင်ဖြစ်သည်ဟု ပညာရှင်အတော်များများက ထောက်ခံချက်ပေးကြသည်။
 
ထွန်ဖြင့် ထပ်ထိုးခြင်းနည်းကို အသုံးချကာ စိုက်ပျိုးလာကြသည်။ အကျိုးဆက်အားဖြင့် လယ်ယာမြေစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်သဖြင့် အစားအသောက်ကို ပေါပေါများများစာသုံးလာနိုင်သည်။ သို့ဖြင့် ငွေကြေးစနစ်မဟုတ်ဘဲ ကောက်ပဲသီးနှံဖြင့် အဟောင်းပေးအသစ်ယူခြင်း(မြှီစားခြင်း)၊ အခွန်ဆောင်ခြင်း တို့ကိုပြုလုပ်ကြသည်။ ဖာရိုးမင်း အဆက်ဆက်တို့သည် '''ဆည်မြောင်းဗဟိုဌာန''' ဟူ၍ဖွဲ့စည်းပေးကာ ဆည်မြောင်းများအုပ်ချုပ်ရေးကို ကိုယ်တိုင်တာဝန်ယူသည်။ စိုက်ပျိုးရေ အလဟဿမဖြစ်စေရေး၊ ဆည်မြောင်းများ အသစ်တူးဖော်ခြင်း စသည်ဖြင့် စိုက်ပျိုးရေးနှင့် ပက်သက်၍ ဆည်မြောင်းကိစ္စများကို ဆောင်ရွက်စေသည်။ ၄င်းမှာ၎င်းမှာ ကမ္ဘာ့ရှေးအကျဆုံး အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားအဖြစ် သတ်မှတ်နိုင်သည်။
 
ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် [[ပြက္ခဒိန်]]သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။
စာကြောင်း ၅၂ -
{{Main|အီဂျစ်နယ်စားများခေတ်}}
 
ပရမစ်များကို တည်ဆောက်သည့် မင်းဆက်ပျက်သုဉ်းသွားသည့် နောက်တွင် အီဂျစ်ပြည်သည် နှစ်ပေါင်း အတော်ကြာကြာ အရည်အချင်းပြည့်ဝပြီး တစ်နိုင်ငံလုံးကို ပြန်လည် တည်ထောင်စုစည်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ ထိုကာလများအတွင်း နယ်စာများက ဖာရိုးဘွဲ့အသီးသီးခံယူကာ ကိုယ့်နယ်ကိုယ့်မင်း ပုံစံဖြင့် သီးခြားစီ အုပ်စိုးနေကြသည်။အဆိုပါ နှစ်ပေါင်း ၆၀၀ကျော်ကြာ နယ်စားခေတ်မှာ အီဂျစ်တောင်ပိုင်းတွင် အခြေတည်ပြီး တောင်ပိုင်းမင်းများ၏ ရာဇဝင်တစ်ရပ်ပင်ဖြစ်တော့သည်။ နယ်စားခေတ်သည် ပိရမစ်များခေတ်ကဲ့သို့ အဆောက်အဦးကြီးများကို အားသွန်ခွန်စိုက် ဆောက်လုပ်ရန် ကြိုးပမ်းသည် မရှိတော့ပေ။ စာရိတ္တမဏ္ဍိုင် ကြံခိုင်လာစေရေးကိုသာ ပြုပြင်ရန် အားထုတ်တော့သည်။ နယ်စားများ၏ နန်းဆောင်များတွင် စာကြည့်တိုက်များပါရှိကြသည်။ ၄င်းတို့မှာ၎င်းတို့မှာ ကမ္ဘာ့ရှေးအကျဆုံး စာကြည့်တိုက်များလည်း ဖြစ်ကြသည်။
 
နယ်စားများခေတ်ကုန်ဆုံးခါနီးအချိန်တွင် အရှေ့မြောက်ပိုင်းမှ အာရှအနွယ် ဟစ်ဆော့လူရိုင်းများ၏ တိုက်ခိုက်ခြင်းကြောင့် နယ်စားများလက်နက်ချကြရသဖြင့် ဟစ်ဆောများက နှစ် ၂၀၀ခန့် အုပ်ချုပ်ကြသည်။ ဘီစီ ၁၆၀၀ခန့်ရောက်မှ အေးမို့စ်(Amos)အမည်ရှိ အီဂျစ်ခေါင်းဆောင် တစ်ဦးပေါ်ထွက်လာကာ ဟစ်ဆော့တို့အား တိုက်ခိုက်မောင်းထုတ်သဖြင့် အီဂျစ်တို့ ပြန်လည် လွတ်လပ်ကြသည်။
စာကြောင်း ၆၁ -
ဤခေတ်သည် အီဂျစ်တို့၏ အထွတ်အထိပ်ခေတ်ဖြစ်သည်။ တောင်ဖက် နိုင်းမြစ်ဖျား နျူဘီးယားနယ်မှစကာ အရှေကမြောက်ဖက်ရှိ [[ယူဖရေးတီးမြစ်]] အထိ ကျယ်ပြန့်သည် နယ်မြေအား သိမ်းပိုက်အုပ်စိုးခဲ့သည်။ အင်ပါယာထူထောင်နိုင်ခြင်း အကျိုးဆက်အားဖြင့် မြင့်မားသည့် ယဉ်ကျေးမှုနှင့် ဘာသာရေး အပါအဝင် နယ်ပယ်စုံမှ အကျိုးကျေးဇူးများကို ခံစားရသည်။
 
စတင်ထူထောင်သူ အေးမို့စ်မှစကာ စစ်ရေးအားသာချက်ဖြင့် နယ်ပယ်များကို သိမ်းသွင်းခဲ့သည်မှာ အီဂျစ်ပြည်၏ နပိုလီယန် ဟုပင်တင်စားလောက်ရသည့် တတိယမြောက် တုမို့စ်လက်ထက်တိုင် ဖြစ်သည်။ ထိုမင်းဆက်သည် နှစ်ပေါင်း ၂၀၀ ကျော် အုပ်စိုးပြီးနောက်တွင် ဘာသာရေး ပြုပြင်ပြောင်းလဲရန် အာဏာဖြင့် အတင်းအကျပ်ခိုင်းစေသည့် အစ်ခနတွန် လက်ထက်မှစကာ ပဋိပက္ခများဖြစ်ပွားရပြီး ၄င်းအားဆက်ခံသည့်၎င်းအားဆက်ခံသည့် တူတပ်ခမွန် လုပ်ကြံခံရသဖြင့် မင်းဆက်လည် ပြတ်သည်။ ထိုနောက်တွင် အခြားမင်းဆက်များ ဆက်လက်အုပ်စိုးသော်လည်း အင်ပါယာတစ်စစ ယိမ်းယိုင်လာကာ ပထမမြောက် ဆီတီနှင့် ဒုတိယမြောက် ရမ်ဆီ တို့လက်ထက်များတွင်သာ အင်အားကောင်းကြပြီး နောက်ဆုံး [[ဘီစီ]] ၁၁ ရာစုအရောက်တွင် မြောက်ဖက် မြေထဲပင်လည်းမှ ဝင်ရောက်လာသည့် ရန်သူများအား တွန်းလှန်နိုင်ခြင်းမရှိသဖြင့် အီဂျစ်အင်ပါယာ ပျက်စီးသွားသည်။
 
ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု၌ ရှေးအကျဆုံး