လက်ထပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂ -
[[File:nandarhlaing.jpg|thumb|right|ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း]]
 
'''လက်ထပ်ခြင်း''' သည် [[လူမှုရေး]]၊ [[ဘာသာရေး]]၊ [[အယူစွဲမှု]] သို့မဟုတ် [[တရားဥပဒေ]] အတိုင်း လူပုဂ္ဂိုလ်များ အတူတကွ ပေါင်းသင်းနေထိုင်ရန် ပေါင်းစပ်ခြင်းဖြစ်သည်။ ၄င်းပေါင်းစပ်မှုကို၎င်းပေါင်းစပ်မှုကို ထိမ်းမြားခြင်း ဟုလည်းခေါ်ပြီး အစပိုင်းကို [[မင်္ဂလာဆောင်ပွဲ]] များဖြင့် အသိအမှတ်ပြုလေ့ရှိသည်။ လက်ထပ်ထားသူကို '''အိမ်ထောင်ကျပြီးသူ''' ဟု လူမှုရေး အဆင့်တစ်ရပ် တိုးမြှင့်သည်။ လက်ထပ်ခြင်းသည် ရိုးရာယဉ်ကျေးမှု အသီးသီး အပေါ်တွင် မူတည်၍ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားလေ့ ရှိသော်လည်း ပုံမှန်အားဖြင့် လူသားတို့ အကြား နီးစပ်စွာ ပေါင်းသင်းခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံခြင်း တစ်မျိုးပင် ဖြစ်သည်။ ထိုသို့ ပေါင်းစည်းခြင်းကို လက်ထပ်မင်္ဂလာပွဲ ကျင်းပခြင်းဖြင့် တရားဝင် ကြေငြာလေ့ ရှိကြသည်။ ရိုးရာယဉ်ကျေးမှု အများစုတွင် လက်ထပ်ထိမ်းမြားခြင်း အတွက် လူနှစ်ဦးကိုသာလျှင် ခွင့်ပြုသော်လည်း အချို့သော ရိုးရာယဉ်ကျေးမှုများတွင် အိမ်ထောင်ဖက် အများအပြား ရှိခြင်းကို ခွင့်ပြုကြပြီး အချို့သော ရိုးရာ ယဉ်ကျေးမှုများတွင် လိင်တူခြင်း ပေါင်းသင်းခြင်းကို ခွင့်ပြုကြသည်။ ရှေးရိုးစွဲလွန်း သော (ကွန်ဆာဗေးတစ် ဖြစ်သော) ရိုးရာ ယဉ်ကျေးမှုများတွင် လက်ထပ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံမှု မပြုခင် မဖြစ်မနေ လုပ်ဆောင်ရမည့် ဝတ္တရားတစ်ခုပင် ဖြစ်သည်။
 
လက်ထပ်ခြင်းသည် လူပုဂ္ဂိုလ် ဆက်ဆံမှု ပေါင်းစည်းခြင်းဖြစ်ပြီး [[အစိုးရ]] သို့ ဘာသာရေး မှ အသိအမှတ်ပြုကာ အများအားဖြင့် အနေနီးစပ်ပြီး [[လိင်ဆက်ဆံခြင်း]] ပြုနိုင်သည်။ လက်ထပ်ခြင်း ယဉ်ကျေးမှုသည် [[လက်ထပ်ခြင်း ဥပဒေ]]အရ အစိုးရ အဖွဲ့အစည်းများမှ တရားဝင်ဖြစ်သည်။ ထိုသူတို့၏ [[ဘာသာရေး]]အရ သို့မဟုတ် ယေဘုယျအားဖြင့် [[လူမှုရေး]] အရ လက်ထပ်ခြင်းကို အစိုးရမှ အသိအမှတ်ပြုလျှင် ထိုသူတို့၏ လူမှုရေး [[အဆင့်အတန်း]] မှာ တိုးမြှင့်သွားသည်။