လက်နက်ထုတ်လုပ်သော လုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၄ -
 
== ကမ္ဘတစ်ဝှမ်း၏လက်နက်ရောင်းဝယ်ရေးများ ==
တစ်ကမ္ဘာလုံးတွင် နှစ်စဉ် စစ်တပ်အသုံးစရိတ်အဖြစ် ဒေါ်လာ ၁ ထရီလီယံကျော်ကို သုံးစွဲကြောင်း ခန့်မှန်းကြ သည် (ကမ္ဘာ့ ဂျီဒီပီ ၏ ၂ ရာခိုင်နှုန်း)။ ၎င်း၏ တစ်စိတ်တစ်ပိုင်းသည် စစ်တပ်စက်မှုလုပ်ငန်းမှ အကြီးစား စက် လက်နက်ပစ္စည်း နှှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းတွင် အသုံးချသည်။ ၂၀၀၆ ခုနှစ်တွင် လက်နက်အများဆုံး ထုတ်လုပ်သည့် ထိပ်တန်း ကုမ္ပဏီ ၁၀၀ ၏ စုပေါင်း၍ လက်နက်များ ရောင်းချခြင်းသည် ခန့်မှန်းခြေ ဒေါ်လာ ၃၁၅ ဘီလီယံ ရှိခဲ့သည်။၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာလက်နက် အရောင်းအဝယ်တွင် ဒေါ်လာ ၃၀ ဘီလီယံ ကျော် အသုံးပြုခဲ့သည် (ဤကိန်းဂဏန်းတွင် ပြည်တွင်းလက်နက်ရောင်းဝယ်ခြင်း မပါဝင်ပါ)။ လက်နက် ရောင်းဝယ်ခြင်းသည် အကြွေးပြဿနာများ ရိုက်ခတ်ခြင်းခံရသော အခန်းကဏ္ဍများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဈေးကွက်တွင် စုစုပေါင်းရောင်းဝယ်နေသောတန်ဖိုးဖြစ်သော အမေရိကန်ဒေါ်လာ ၃၂.၉ ဘီလီယံမှ တစ်ဝက်အထိဖြစ်သော အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံ သို့ ကျဆင်းခဲ့သည်။စက်မှုနိုင်ငံ အများအပြား တွင် ၎င်းတို့၏ကိုယ်ပိုင်စစ်တပ် အင်အားစုများကို ထောက်ပ့ံရန် ပြည်တွင်းလက်နက်ထုတ်လုပ်သော လုပ်ငန်းရှိ သည်။ အချို့နိုင်ငံများတွင်လည်း ၄င်းတို့၏၎င်းတို့၏ နိုင်ငံသားများ အသုံးပြုရန်အတွက် တရားဝင် ဖြစ်သော သို့မဟုတ် တရားမဝင် ဖြစ်သော ပြည်တွင်း လက်နက်ရောင်းဝယ်ရေး အများအပြားရှိသည်။ လက်နက်ငယ်များကို တရား မဝင် ရောင်းဝယ်ခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုမရှိသော နိုင်ငံများနှင့် ဒေသများတွင် ပျံ့နှံ့လျက်ရှိသည်။
 
 
စာကြောင်း ၁၁၆ -
== လူ့ကျင့်ဝတ်ဆိုင်ရာ ရှုထောင့် ==
 
လူများစွာအတွက် လက်နက်တင်ပို့ခြင်းသည် လူ့ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်။ အဘယ့် ကြောင့်ဆိုသော် ၄င်းတို့သည်၎င်းတို့သည် ပဋိပက္ခတစ်ခုအတွက် လက်နက်များ ထောက်ပံ့ခြင်းအား ပေါ့ဆသော သူများ၊ နိုင်ငံတော် သို့မဟုတ် ကော်ပိုရေးရှင်း နှင့်ဆိုင်သော အန္တရာယ်များ စတင်၍ ပါဝင်ပတ်သက်လာသော ကိုယ် ကျင့်တရားနှင့် ပတ်သက်သော အရာကဲ့သို့ ဆင်ဆင်တူသည်ဟု မြင်သောကြောင့်ဖြစ်သည်။ လက်နက်များကို ထောက်ပံ့ရန် မအောင်မြင်ခဲ့ခြင်းသည် အစောပိုင်း ဝေးကွာခြင်း ကို ဦးတည်စေပြီး စစ်ပွဲ နှင့် သေဆုံးခြင်းကိုှ အကျိုးအမြတ်ရစေသော နည်းလမ်းတစ်ခု အဖြစ် အချို့သည် လက်နက်ထုတ်လုပ်သော လုပ်ငန်းများအား မြင်ကြသည်။
 
အခြားတစ်ဘက်တွင် လက်နက်များအား အုပ်စုများဆီသို့ (သို့မဟုတ် နိုင်ငံများ) "ချီးကျူးထို်က်သော" ရည်ရွယ်ချက် များဖြင့် တင်ပို့ခြင်း- ဥပမာ ဖက်ဆစ်အစိုးရကို ဖြုတ်ချနေသော သူပုန်အုပ်စု- သည် ပဋိပက္ခတွင် တန်ဖိုးကြီးမား သော ညီမျှစေသည့်အရာတစ်ခု ဖြစ်နုိုင်သည်။ဖြစ်နိုုင်သည်။ ၄င်းနောက်တွင်၎င်းနောက်တွင် ခေတ်မီ လက်နက်ကြီးများ၏ အကူအညီ မပါဘဲ ရေတွက်၍ မရနိုင်သော ပျက်စီးဆုံးရှုံးမှုများကို အကြီးအကျယ် ထိခိုက်စေနိုင်သည့် အဖွဲ့များ ရှားပါးမှုသည် ပဋိပက္ခတွင် မဖြစ်ပေါ်နိုင်ပါ- ဥပမာအားဖြင့် ရဝမ်ဒါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ၏ Hutus (ဟူး တပ်(စ်)) သည် ၎င်းတို့၏ ရိုးရှင်းသော တောခုတ်ဓားများနှင့် အခြားသော နည်းပညာနိမ့်သည့် ကိရိယာများကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း အများစုကို ဆောင်ရွက်ခဲ့ ကြသော်လည်း IALANA (အိုင်လားနား) မှ အစီရင်ခံစာများအရ တောခုတ်ဓားများနှင့်အတူ သေနတ်များကို အသုံးပြုခဲ့ကြောင်း သိရသည်။
 
အမှန်တကယ်ပင်— လက်နက်များ ရောင်းဝယ်ဖောက်ကားခြင်းအပေါ် စကားစစ်ထိုးပွဲတိုင်း နီးပါးတွင် ဤအရာ သည် ဖြစ်ပွားလေ့ရှိသည်— အသုံးပြုသော အခေါ်အဝေါ်များနှင့် ၎င်းရည်ညွှန်းသော လူအများတို့သည် အလွန် အမင်းပြောင်းလဲနိုင်သည်။ နှစ်များကုန်ဆုံးလာသည် နှင့်အမျှ အစိုးရများသည် "စိတ်ဝင်စားမှု" အသစ်များ အ ပေါ်တွင် ဆုံးဖြတ်ချက်ချပြီး အခြေအနေများမှာလည်း လျော်ညီစွာ ပြောင်းလဲသည်။ "လွတ်လပ်မှု အတွက် တိုက်ပွဲဝင်သူများ" သည် " ပုန်ကန်ထကြွသူများ" ဖြစ်လာသည်။ "အကြမ်းဖက်သူများ"သည် "တန်ဖိုး မဖြတ်နိုင် သော မဟာမိတ်များ" ဖြစ်လာပြီး "ဘာသာရေးတွင် တက်ကြွလွန်းသူများ"သည် "တည်ငြိမ်ခြင်း၏ ကိုယ်စား လှယ်" များ အဖြစ်သို့ အသွင်ပြောင်းသွားသည်။ ၂၁ ရာစု အစောပိုင်း၏ သီးခြားဖြစ်သော ဝေါဟာရကိုအသုံး ပြုရန် နိုင်ငံများအားလုံးသည် "လိုလိုလားလားဖြင့် ပူးပေါင်းခြင်း" မှနေ၍ "မကောင်းမှုအတွက် နိုင်ငံများ အချင်း ချင်း မဟာမိတ်ဖွဲ့ခြင်း" သို့ အချိန်တိုအတွင်း သွားနိုင်ပြီး ပြောင်းလဲမှုတိုင်းသည် ကမ္ဘာပေါ်တွင် လက်နက်များ ဖြန့်ဝေခြင်းနှင့် မူဝါဒကို အကျိုးသက်ရောက်မှုရှိသည်။