လီယိုတော်စတွိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၆၀ -
ဥ‌ရောပမှ ပြန်လာရာတွင် ရုရှနိုင်ငံရှိ အလုပ်သမားအ‌ခြေအ‌နေ ချွတ်‌ချော်တိမ်းပါးလျက်ရှိသည်ကို မြင်ပြီးလျှင် မိမိကိုယ်တိုင် မြေယာကျေးကျွန်စနစ်ကို ဖျက်သိမ်းပေးလိုက်ခြင်းအားဖြင့် မိမိ၏ သီးစားခတို့ကို သက်သာခွင့်ရစေသည်။
 
သူပိုင်ဆိုင်သော မြေယာရှိရာဒေသတွင် မြေယာကိစ္စ ဖြန်ဖြေရေးခုံရုံး၌ တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ထိုအတွင်း၌ သူစိတ်တိုင်းကျ ကျောင်းထောင်သည်။ လူငယ်တို့ကို ဂီတနှင့်ပန်းချီပညာ သင်ကြားပေးသည်။ ထို‌ကျောင်း ၌ ကျပ်တည်း ကျဉ်း‌မြောင်း‌သော စည်းကမ်းစံနစ်တို့ မရှိ‌စေရ ‌ချေ။ အစိုးရနှင့် မသင့်မြတ်၍ ကျောင်းကို ပိတ်လိုက်ရပြီးနောက် လယ်ထွန်ခြင်း၊ စာရေးခြင်းတို့ဖြင်သာ မွေ့လျော်နေခဲ့သည်။ ဤအချိန်တွင် တော်စတွိုင်းသည် စစ်ဖက်ဌာနနှင့် မြို့ပြအုပ်ချုပ်ရေးဌာနတို့၏ ဖိနှိပ်ခြင်းတို့ကို ဝတ္ထုစာအုပ်နှစ်အုပ်၌ သရုပ်ဖော်ကာ ရေးသားခဲ့လေသည်။ ထို့နောက်၌ကား ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောသည့် စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုရှည်ကြီးကို၄င်း၊ဝတ္ထုရှည်ကြီးကို၎င်း၊ အန်နာ ကရနီနား-ဝတ္ထုကို၄င်းဝတ္ထုကို၎င်း ရေးသားလေသည်။
 
စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုတွင် ရုရှနိုင်ငံကို ပြင်သစ်ဘုရင် နပိုလီယန်က ကျူးကျော်တိုက်ခိုက်သည့် ခေတ်နှင့်ယှဉ်၍ ရုရှအမျိုးသားအိမ်ထောင်စုနှစ်ခုတို့ ဘဝအခြေအနေကို လူ့သမိုင်းတရပ်အနေဖြင့် တင်ပြသွားရာ အဖွဲ့အနွဲ့နှင့်တကွ သရုပ်ဖော်ခြင်း၌ များစွာကောင်းမွန်၍ စာဖတ်သူတို့မှာ ထိုခေတ်က ကြုံတွေ့ရသော လူ့လောက၏ ဒုက္ခသုခတို့ကို မိမိတို့ကိုယ်တိုင် ကြုံတွေ့ခံစားနေရသည်ဟုပင် ထင်မှတ်ရပေသည်။ ဤအကြောင်းကြောင့်လည်း ယင်းဝတ္ထုမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။ ယင်းဝတ္ထုနှင့် မတိမ်းမယိမ်း ကျော်ကြားသေား-အန်နာ ကရနီနား-ဝတ္ထုမှာ ရုရှနိုင်ငံတွင် ၁၈၇၆-ခုနှစ်တဝိုက်က ကြုံတွေ့ရသော စိန့်ပီတာစဗတ်မြို့နေ လူတန်းစားဘဝနှင့် တောနေလူတန်းစားဘဝတို့ကို သရုပ်ဖော်သော ဝတ္ထုဖြစ်သည်။ တော်စတွိုင်းသည် ထိုစဉ်က လယ်ယာလုပ်ငန်း၌ အကျိုးဖြစ်ထွန်းရုံသာမက စာရေးခြင်း၌လည်း ဝင်ငွေကောင်းခဲ့သည်။ သို့ဖြစ်၍ တော်စတွိုင်းသည် စည်းစိမ်ချမ်းသာနှင့် ကောင်းစွာ ပျော်ပျော်ပါးပါး နေထိုင်နိုင်ခဲ့၏။ သို့ရာတွင် ၁၈၈၀-ပြည့်နှစ် အသက် ၅၂-နှစ်တွင် ယင်းကဲ့သို့ စည်းစိမ်ချမ်းသာတို့၌ မွေ့လျော်ပျော်ပါးခြင်းအမှုကို စက်ဆုပ်လာသောကြောင့် သာမန်ဆင်းရဲသား အလုပ်သမားကဲ့သို့ ‌နေထိုင်ပြီးလျှင် အသားစားခြင်း၊ ‌ဆေးလိပ်‌သောက်ခြင်းတို့ကို ပင် ‌ရှောင်ကြဉ်လိုက်‌လေသည်။ ၁၈၈၈ ခုနှစ်၌ကား မိမိသည် စည်းစိမ်ဥစ္စာ ဟူသမျှတို့ကို စွန့်လွှတ်၍ ဆင်းရဲသူဆင်းရဲသား တို့အား လှူဒါန်း‌တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် သားမယားတို့ နှင့်တိုင်ပင်ရာ သူ၏ အိမ်‌ထောင်သား အားလုံးက ဥစ္စာပစ္စည်း တို့ကို သူ၏ဇနီးသို့ လွှဲ‌ပြောင်း‌ပေးပါရန် များစွာ‌တောင်းပန် ‌ပြောဆိုခဲ့ရသည်။ သို့နှင့်ပင် ‌တော်စတွိုင်သည် မိမိကိုယ်တိုင် ပစ္စည်းတပြားတချပ်မျှ မယူဘဲ ဇနီးသို့ပေးအပ်ပြီးလျှင် လယ်ယာထွန်ခြင်း၊ ဖိနပ်ချုပ်ခြင်းစသော ကိစ္စတို့၌ သာမန်တောင်သူလယ်သမား တို့နှင့်အတူ လုပ်ကိုင်စားသောက်လေသည်။