လေဆာရောင်ခြည်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၃၈ -
မည်ဟု မျှော်လင့်ထားကြလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
လွန်ခဲ့သော၁၅ နှစ်ခန့်က ဆိုလျှင် လေဆာရောင်ခြည်သည် စမ်းသပ်ခန်း အတွင်း လူတို့ဖန်တီးယူသော သိပ္ပံတီထွင်မှု တစ်ရပ်သာ ဖြစ်သည်။ ယခုအခါ လေဆာရောင်ခြည် ကို စက်မှုအတတ်ပညာပိုင်းတွင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိသည်။ ရေဒီယိုလှိုင်း၊ သို့မဟုတ် လျှပ်စစ် ဓာတ်အားအစား လေဆာရောင်ခြည်ကို ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးများလာသည်။အကြီးစားစက်မှု လုပ်ငန်းများ၌ အင်အားကြီးမားသော လေဆာရောင်ခြည်မှ ထွက်သော အပူကို အသုံးပြုသည်။ သတ္တုများကို ဖြတ်ရာ၌၄င်း၊တစ်ခုနှင့်တစ်ခုဂဟေဆက်ရာ၌၄င်း၊ဖြတ်ရာ၌၎င်း၊တစ်ခုနှင့်တစ်ခုဂဟေဆက်ရာ၌၎င်း၊ လေဆာရောင်ခြည်ကိုသုံးသည်။ မျက်လုံးများခွဲစိတ်ကုသရာ၌ လည်းလေဆာရောင်ခြည်ကို ဓားသဖွယ်သုံး၍ ခွဲစိတ်ပေးနိုင်သည်။
 
လေဆာရောင်ခြည်ကို ဓားသဖွယ် အသုံးပြု သော ခွဲစိတ်ကုသမှုများ၌ သွေးထွက်မှု လုံးဝမရှိပေ။ ကင်ဆာရောဂါများကို ရှာဖွေရာ၌ လေဆာရောင်ခြည်ကို ပင် သုံးသည်။ သုံးဖက်မြင် ရုပ်ပုံများ ပေါ်စေသော ဟိုလိုဂရမ်ခေါ် ဓာတ်ပုံရိုက်နည်းတွင်လေဆာရောင်ခြည် ကို သုံးကြည့်သည်။ ယင်းကဲ့သို့ ရိုက်ယူသော ဓာတ်ပုံများသည် ပို၍ ကြည်လင်သည်။
စာကြောင်း ၄၆ -
နှင့် ပြောင်းလဲမှုများကို ကမ္ဘာမှနေ၍ စူးစမ်းယူ သည်။ နောင်အခါတွင် အင်္ဂါဂြိုလ်နှင့် အခြားဂြိုလ် များပေါ်သို့ ဆင်းသက်သော အာကာသယာဉ်များ၏ ပုံ များကို လေဆာရောင်ခြည်သုံးကိရိယာဖြင့် ကမ္ဘာသို့ပေးပို့ရာ၌ သာမန်ဓာတ်ပုံများ ထက်ပို၍အချက်အလက် ပြည့်စုံမည်ဟု ဆိုသည်။ အာကာသယာဉ်များကို သယ်ဆောင်သွားမည့် ဒုံးပျံများကိုလည်း အင်အားကြီးများသော လေဆာရောင်ခြည်ကိုသုံး၍ လွှတ်တင်လိမ့်မည်ဖြစ်သည်။
 
ပါဏဗေဒ ပညာရှင်များကလည်း သက်ရှိများ ၏ ဖွဲ့စည်းပုံကိုလေဆာရောင်ခြည်ကို အသုံးပြု၍ ဖော်ထုတ်နိုင်ပြီဖြစ်သည်။ စစ်ရေး၌ ဗုံးကြဲရာတွင်၄င်း၊ဗုံးကြဲရာတွင်၎င်း၊ အမြောက် ပစ်ခတ်ရာတွင်၄င်းပစ်ခတ်ရာတွင်၎င်း ပစ်မှတ်ကို အတိအကျမှန်အောင် ပစ်ခတ်နိုင်ရေးအတွက် လေဆာရောင်ခြည်ကိုပင် အသုံးပြုကြသည်။<ref>စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)</ref>