ဝါရီရူးမင်း: တည်းဖြတ်မှု မူကွဲများ

Reverted 2 edits by 119.62.124.48 (talk): ? (TW)
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၇ -
 
= ပဲခူးအားသိမ်းပိုက်ခြင်း =
ထိုစဉ်ကပဲခူးမှာ[[ပုဂံ]]လက်အောက်ခံသာရှိနေသေးသည်။ သို့သော် ပဲခူးသား အခမမန်း သည်ပုဂံမင်းအား ယုံကြည်လောက်အောင် ခစားပြီး ပဲခူးတွင်အခွန်ကောက်အရာရှိဖြစ်လာလျှင် ပုဂံ၏အာဏာကို ပယ်လှန်ရန်ကြိုးပမ်းတော့သည်။ ထိုအခါ ပုဂံမင်း(တရုတ်ပြေးမင်း)က သားမက်တော် စေတသူကြီး အားနှိမ်နှင်းစေသည်။ သို့သော် ပရိယာရ်များသည့် အခမမန်းက မိမိယောက္ခမဖြစ်သူ မတယှောက် အားကျောကွဲအောင် ကြိမ်ဖြင့်ရိုက်၍ စေတသူကြီးထံလွှတ်ကာ လမ်းမှားမှခေါ်ဆောင်စေပြီး ပုဂံတပ်တို့ကို ပင်ပန်းစေသည်။ ပုဂံတပ်များ ပဲခူးသို့ရောက်လျှင် အခမမန်း ကမိမိမှာ ပုန်ကန်ဝံ့သူမဟုတ်ကြောင်းလျှောက်တင်ပြီး အသင့်ထုလုပ်ထားသည့် စေတသူကြီးရုပ်ကို မြို့ထိပ်တွင်တင်ကာ သက်သေအဖြစ်ပြလေသည်။စေတသူကြီးလည်း ယုံမှတ်ကာ ၄င်းအဆိပ်ခပ်ပြီး၎င်းအဆိပ်ခပ်ပြီး ဆက်သလာသည့် အမဲဟင်းလျာ တို့ကိုစားသောက်ရာ စေတသူကြီး သေပြီးပုဂံတပ်များလည်းဆုတ်လေသည်။ ထိုသို့အခမမန်း ပဲခူးတွင် နန်းစံနေစဉ် ယောက်ဖ ဖြစ်သူ လက္ခယာဗျူ ကလုပ်ကြံပြီး မင်းပြုပြန်သည်။ အမတ်ကြီးဖြစ်သူက မင်းကျင့်တရားနှင့်မညီဟုဆိုကာ သားမက်ဖြစ်သူ အချဲမွန် အားခေါ်ယူကာ လက္ခယာဗျူ နန်းသက် ၇ ရက်တွင် လုပ်ကြံနန်းချပြီး အချဲမွန် နန်းတက်သည်။ နန်းတက်လျှင် တရဖျား(တရဗညား)ဘွဲ့ခံသည်။ ထိုသို့ တရဖျား ပဲခူးတွင် မင်းပြုချိန်မှာ မုတ္တမ၌ မဂဒူး (ခေါ်) ဝါရီရူး မင်းပြုချိန်နှင့်တစ်ချိန်တည်းတွင်ဖြစ်သည်။သို့ဖြင့် ထိုမွန်မင်း နှစ်ပါးလည်း မဟာမိတ်ဖွဲ့ပြီး သမီးတော်ချင်း အလဲအထပ်ပြုကာ အပြန်အလှန် ယောက္ခမ၊သားမက်တော်စပ်ကြသည်။ မဂဒူး၏ သမီးတော် မေနှင်းသိန်ဒြာကို တရဖျားအားဆက်ပြီး တရဖျားသမီးတော် ရှင်စောလှကို မဂဒူးမင်းအားဆက်သသည်။ တရဖျား နန်းတက်သည်ကြားလျှင် ပုဂံမှ တရုတ်ပြေးမင်း က ရာဇသင်္ကြန်အား တပ်မင်းခန့်ကာ စစ်တပ်စီရင်၍ ပဲခူးကိုနှိမ်နှင်းရန် စေလွှတ်လေသည်။ တရဖျားလည်း မိမိအင်အားတစ်ရပ်တည်းဖြင့် မခံနိုင်သည်ကိုတွေးကာ မုတ္တမရှိ မဂဒူးအား စစ်ကူရန်အကြောင်းကြားရာ မဂဒူးလည်း အင်အားအလုံးအရင်းဖြင့် ပဲခူးသို့စစ်ကူရန်ချီတက်လေသည်။ပဲခူးရောက်လျှင် ပုဂံမှ ရာဇသင်္ကြန် တပ်ကိုသာမက ဟင်္သာတ၊ဖြူး၊ ကျွန်းသတို အစရှိသည့် မြန်မာတို့အုပ်ချုပ်သည့် မွန်ကျေးနယ်ပယ်အားလုံးကို တိုက်ယူတော့သည်။တိုက်ပွဲများအောင်မြင်၍ ပဲခူးသို့ပြန်ရာ မွေ့ခေါင်အင်းလျားသို့ရောက်သော် အကောက်ကြံလိုသော တရဖျားက မဂဒူးအား အောင်ပွဲကြီးခံရန် မိမိမြို့အတွင်းသို့လျင်ဝင်ပြီးစီစဉ်မည့်အကြောင်း၊မဂဒူးအား မြို့ပြင်တွင်စခန်းချနေထိုင်ခဲ့ရန် ပြောဆိုပြီး ပဲခူးသို့ဝင်လေသည်။နောက်မြို့တွင်းမှ စစ်သည်အင်အားများကိုခေါ်ယူပြီး မဂဒူးတပ်ချသည့်နေရာသို့တိုက်ရန်ထွက်လေသည်။ ထိုအခါမှ တရဖျားအကြံကိုသိသည့် မဂဒူး လည်းမိမိအင်အားရှိသ၍ ပြန်တိုက်ရာ အနိုင်ရပြီး တရဖျားအားလက်ရမိသည်။ သို့ဖြင့် မဂဒူးသည် မွန်တို့၏ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ္တမ မှအနောက်ဖက် [[ဟံသာဝတီ|ပဲခူး]]၊ [[ဒဂုံ]]၊ [[ပုသိမ်မြို့|ပုသိမ်]]၊ [[မြောင်းမြမြို့|မြောင်းမြ]]၊ [[ဒလမြို့|ဒလ]] အစရှိသည့်ဒေသများကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။ မူလက ဆရာတော်သံဃာတော်များတောင်းပန်မှုကြောင့် တရဖျားအားမသတ်ပဲ မုတ္တမတွင် အကျယ်ချုပ်ဖြင့်နေစေသည်။သို့သော် တရဖျားက လုပ်ကြံရန်ထပ်မံကြိုးစားသောကြောင့် သတ်ရသည်။တရဖျားနှင့် မဂဒူး၏ သမီးတော်တို့သင့်မြတ်၍ မြေးတော် နှစ်ပါးကျန်ရစ်သည်။ရှင်ကြီး နှင့် ရှင်ငယ် ဟုခေါ်တွင်ပြီး ချစ်ခင်လှသဖြင့် အနားတွင် ကွမ်းဆက်၊ရေဆက်များအဖြစ် အမြဲခစားစေသည်။
 
= ဆင်ဖြူတော်ရောက်ခြင်း =