သစ်တောဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အကိုးအကား
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂ -
 
== သမိုင်းကြောင်း ==
ကုန်းဘောင်ခေတ်ဦးနှောင်းပိုင်း အလောင်းမင်းတရားကြီး လက်ထက် ၁၇၆၀ ခုနှစ်ဝန်းကျင်မှသည် ကျွန်းသစ်ကို "တော်သစ်" အဖြစ်သတ်မှတ်၍ ထိန်းသိမ်းကာကွယ်ခဲ့သည်။ ၁၈၄၁ ခုနှစ်နှင့် ၁၈၄၂ ခုနှစ်တို့တွင် မြန်မာ့ကျွန်းသစ်တောများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ပိုမိုပြည့်စုံသော စည်းကမ်းများကို ထုတ်ပြန်ခဲ့သည်။ ၁၈၅၂ ခုနှစ် တွင် ပဲခူးကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက်မကြာမီ ကျွန်းသစ်တောများသည် အစိုးရပိုင်ဖြစ်သည်ဟု ကြေငြာပြီး ဒေါက်တာမက္ကလင်းကို ဝန်ထောက်ခန့်အပ် အုပ်ချုပ်စေခဲ့ရာ ၄င်းမှ၎င်းမှ အစီရင်ခံ တင်ပြမှုကြောင့် ၁၈၈၅ ခုနှစ်တွင် အိန္ဒိယပြည်သစ်တောများ၏ ချာတာအမိန့်ကြေငြာစာ ထွက်ရှိလာခဲ့ရာ သစ်တောထိန်းသိမ်းစောင့်ရှောက်ရာတွင် အမြဲကျင့်သုံးရမည့် ပေါ်လစီ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ၁၈၅၆ ခုနှစ်တွင် ပဲခူးပြည့်နယ် သစ်တောဝန်ထောက်တာဝန်ကို ဒေါက်တာမက္ကလဲလင်းထံမှ ဂျာမန်သစ်တောပညာရှင် ဒေါက်တာဒီးထရစ်ဘရန်းဒစ်သို့ လွဲပြောင်းပြီးနောက် ၄င်းအား၎င်းအား တနင်္သာရီနှင့် မုတ္တမ သစ်တောနယ်များကိုပါ အုပ်ချုပ်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်မှစ၍ မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်း သစ်တောများကို သိပ္ပံပညာအရ ရှေးဦးဆုံး စတင် အုပ်ချုပ်လုပ်ကိုင်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။
 
၁၈၅၈ ခုနှစ် ဒီဇင်ဘာလတွင် ပိုမိုပြည့်စုံသော သစ်တောစည်းမျဉ်းများကို ဗြိတိသျှအစိုးရမှ အတည်ပြု ထုတ်ပြန်ခဲ့ရာ ကျွန်းသစ်ပေါက်ရောက်သည့် သစ်တော အားလုံးနီးပါး သိပ္ပံနည်းကျ အုပ်ချုပ်လုပ်ကိုင်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ သစ်တောထိမ်းသိမ်းရေးဆိုင်ရာမူဝါဒ ပေါ်ပေါက်လာခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် "၁၈၆၅ ခုနှစ် အစိုးရသစ်တောများ အက်ဥပဒေ" ကိုရေးဆွဲ ထုတ်ပြန်ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် မြန်မာပြည်အတွက် သီးခြား သစ်တောဥပဒေကို ဥပဒေအမှတ် ၁၉ အဖြစ်ဖြင့် ထုတ်ပြန်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှ များ အထက်မြန်မာပြည်ကို သိမ်းပိုက်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အထက်မြန်မာပြည် သစ်တောဥပဒေ စည်မျဉ်းကို ထုတ်ပြန်ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးစတင်ခဲ့ပြီးနောက် သစ်တောဝန်ကြီးဌာနကို ထူထောင်ပြီး သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်ခဲ့သည်။ <ref>{{cite web|url=http://www.fdmoecaf.gov.mm/content/%E1%80%9E%E1%80%85%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%81%8F-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%80%E1%80%BB%E1%80%89%E1%80%BA%E1%80%B8|title=သစ်တောဦးစီးဌာန ၏ သမိုင်းအကျဉ်း|publisher=သစ်တောဦးစီးဌာန|accessdate=၂၀၁၄-၁၀-၂၆}}</ref>