သန်းခေါင်စာရင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၈၂ -
ထုံးစံ၊ မြို့စား နယ်စားတို့က ဘုရင်ထံသို့ လက်ဆောင်ပဏ္ဏာ ဆက်ရပုံ စသည်တို့ဖြစ်သည်။
 
စစ်တမ်း စတင်ပေါ်ပေါက်သော ကာလကို တိကျစွာ မသိရပေ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၅၀ဝ) ခန့်က တကောင်းမင်းဆက် သတိုးဇမ္ဗူဒီပ မဟာဓဇရာဇာ မင်းလက်ထက်တွင် လူဦးရေ ရေတွက်မှု လုပ်ငန်းကိုစတင်ဆောင်ရွက်သည်ဟု သိရပေသည်။ ၄င်းမင်းလက်ထက်တွင်၎င်းမင်းလက်ထက်တွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန်အတွက် ယင်းအုပ်စိုးသော နယ်မြေ ဒေသများတွင်ရှိသော တိုင်းသူ ပြည်သားများကို တစ်အိမ်ထောင် အုပ်တစ်ချပ်လှူစေပြီး တိုင်းပြည်၏ အိမ်ထောင်ဦးရေနှင့် လူဦးရေကိုသိအောင် ဆောင်ရွက်ခဲ့သည်ဟု သိရပေသည်။ ပုဂံပြည်အနော်ရထာမင်း (အေဒီ ၁၀၄၄-၇၇) လက်ထက်ကလည်း မြို့ရွာများကို စနစ်တကျ စုစည်း၍ လူအင်အားအရေအတွက် စိစစ်ပြီး ရာပြု၊ ထောင်ပြု၊ သောင်းပြု၊ သိန်းပြု စသည်ဖြင့် ကာကွယ်ရေး အရေးအခင်းများပေါ်ပေါက်လျှင် သတ်မှတ်ထားသော လူအင်အား ပို့ဆက်ရသည်ဟု သမိုင်းကျမ်းများက ဆိုသည်။
 
စာကြောင်း ၁၁၉ -
သန်းခေါင်စာရင်း ကောက်ယူရာ၌ လုပ်ငန်း ကျွမ်းကျင်မှုရှိစေရန် ပါဝင်ဆောင်ရွက်မည့် သူများကို သင်တန်းများပေးခဲ့သည့်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ဗဟိုသန်းခေါင်စာရင်း ကော်မတီက ဦးဆောင်၍တစ်နိုင်ငံလုံး၌ သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်ရာ၌ ဇန်နဝါရီလ ၅ ရက်မှ ၇ ရက်နေ့ထိသန်လျင်မြို့နယ်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ တာမွေမြို့နယ်တွင် လည်းကောင်းစမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြသည်။ ယင်းမြို့များမှရရှိသည့် သင်ခန်းစာအတွေ့အကြုံများကို နမူနာယူ၍ တစ်နိုင်ငံလုံးတွင် လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ပေသည်။
 
၄င်းအပြင်၎င်းအပြင် လှုံ့ဆော်ပညာပေး လုပ်ငန်းများကိုလည်း ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ရာ သန်းခေါင်စာရင်းများကောက်ယူမည့် အကြောင်းနှင့် ကောက်ယူမည့် အချိန်ကာလများကို ဖော်ပြသော နံရံကပ်ပိုစတာ၊လက်ကမ်းကြော်ငြာများအပြင် ပိုစတာကြီးများကိုလည်း ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု တစ်ဝှန်းလုံးတွင်စိုက်ထူခြင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှစ်အဖြစ် အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်း ထုတ်ဝေခြင်း၊သန်းခေါင်စာရင်းအကြောင်း စာနယ်ဇင်းများတွင် လှုံ့ဆော်ပညာပေး ဆောင်းပါးများ ရေးသားထည့်သွင်းခြင်း၊မြန်မာ့အသံမှလည်း သန်းခေါင်စာရင်းအကြောင်း ဟောပြောချက်များ၊ မြန်မာ့အသံ ကိုယ်စားလှယ်နှင့်မေးမြန်းခန်းများ၊ သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် တေးသီချင်းများ အသံလွှင့်လှုံ့ဆော်ခြင်း၊ သတင်းစာများမှလည်း သန်းခေါင်စာရင်းကောက် အဖွဲ့များက မေးမြန်းမည့် မေးခွန်းများ၊ သန်းခေါင်စာရင်းကောက်ယူရမည့် ရည်ရွယ်ချက်၊ အကျိုးသက်ရောက်မှုနှင့် အစီအစဉ်များ၊ ဥပဒေ ပြဌာန်းချက်များ၊ ရှင်းလင်းချက်များကို ထည့်သွင်း ဖော်ပြပေးခြင်းနှင့် စာရင်းများ မကောက်ယူမီ နှစ်လခန့်ကြိုတင်၍ ပြည်သူပိုင်ရုပ်ရှင်ရုံ (၁၈၂) ရုံနှင့် ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံ (၂၄၀) တို့တွင်လည်း ပိုစတာများကို ရုပ်ရှင်ဆလိုက်များဖြင့်ကြေငြာလှုံ့ဆော် ဆောင်ရွက်ခဲ့ပေသည်။
 
==သန်းခေါင်စာရင်း ကောက်ယူခြင်း==