သမုဒ္ဒရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted edits by 137.164.243.254 (talk) to last revision by Tegel
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၇ -
အာတိတ်သမုဒ္ဒရာသည်အငယ်ဆုံးဖြစ်သည်။
 
သမုဒ္ဒရာများသည် ကမ္ဘာ့မျက်နှာပြင်၏ ၄ပုံ ၃ပုံကို ဖုံးလွှမ်းထားပြီး ဇီဝစက်ဝန်းပေါ်တွင် လွန်စွာမှပင် အကျိုးသက်ရောက်မှု ရှိသည်။ ကျွန်ုပ်တို့ ရရှိနေသော မိုးရွာသွန်းမှုမှာ ထိုသမုဒ္ဒရာများမှ ရေငွေ့ပျံခြင်းမှတဆင့် ဖြစ်ပြီး ၄င်းတို့၏၎င်းတို့၏ အပူရှိန်သည် ကျွနု်ပ်တို့၏ ရာသီဥတု နှင့် လေတိုက်ခတ်ပုံကို အဆုံးအဖြတ်ပေးသည်။ သမုဒ္ဒရာ အတွင်းမှ သက်ရှိများသည် ကမ္ဘာပေါ်တွင် သတ္တဝါတို့ စတင်မရွေ့လျားမီနှင့် အပင်တို့ စတင်အသက်မရှိမီ နှစ်ပေါင်း ၃ ဘီလီယံအကျော်မှ စတင်ဖြစ်ထွန်းခဲ့သည်။
 
== ကမ္ဘာ့သမုဒ္ဒရာများ ==
စာကြောင်း ၆၀ -
 
== သမုဒ္ဒရာ ဇီဝဗေဒ ==
သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ မှန်ဘီလူးဖြင့် ကြည့်မှသာမြင်နိုင်သည့် သတ္တဝါကလေးများမှ ပေ ၈ဝ မျှရှည်လျားကြီးမားသော ဝေလငါးကြီးများအထိ သမုဒ္ဒရာထဲတွင် သတ္တဝါအမျိုးမျိုးရှိသည်။ ခရု၊ ကနန်း၊ ပုစွန်တို့ကဲ့သို့သော အခွံရှိသတ္တဝါများ၊ လိပ်ကဲ့သို့သောတွားသွား သတ္တဝါများ၊ ဝေလငါး၊ ပင်လယ်ဖျံတို့ကဲ့သို့သော နို့တိုက်သတ္တဝါများ၊ ငါးစသည်တို့ကဲ့သို့သော ဥအုသည့် ကိုယ်ရေအေးသတ္တဝါများ ရှိကြသည်။ သမုဒ္ဒရာ၏ အလွန်နက်သောအပိုင်း၌ နေကြသောသတ္တဝါများသည် မျက်စိကောင်းကောင်းမမြင်ကြချေ။ အားလုံးလိုလိုပင် မီးစုန်းအလင်းရောင်ထွက်သော သတ္တဝါများ ဖြစ်ကြ၏။ ထိုသို့ အလင်းရောင်ထွက်ခြင်းမှာ အပူဓာတ်မပါဘဲနှင့် အလင်းရောင်ထွက်နေခြင်း ဖြစ်၏။ ဤရေသတ္တဝါများ စားသောအစာများမှာ ဒိုင်အက်တမ်နှင့် ပလင့်ကတမ်ခေါ် ပိုးမွှားကောင်ကလေးများ ဖြစ်ကြ၏။ ထိုပိုးကောင်ကလေးများမှာ အလွန်သေးငယ်လှသဖြင့် အားကောင်းသောမှန်ဘီလူးဖြင့် ကြည့်မှသာ မြင်နိုင်၏။ ယင်းတို့သည် အံ့သြဖွယ်ကောင်းလောက်အောင်အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်စွာတိုးပွားကြ၍ ရေသတ္တဝါများ၏ အသက်သခင်များဖြစ်ကြပေသည်။
 
သမုဒ္ဒရာတို့၏ရေတိမ်များ အထူးသဖြင့် ကမ်းခြေနှင့်မလှမ်းမကမ်းနေရာများ၌ အပင်တို့ ပေါက်ရောက်လျက်ရှိကြသည်။ အချို့အပင်များသည် မည်သည့်မြေကိုမျှ အမှီသဟဲမပြုပဲ ရေအလယ်တွင် ပေါက်လေ့ရှိကြသည်။ မည်သို့ပင်ပေါက်နေစေကာမူ အလင်းရောင်သည် ရေပြင်အတွင်းသို့ပေပေါင်း ၁၃၂ဝ ခန့်အထိလောက်သာ ထိုးဖောက်ဝင်နိုင်သဖြင့် အပင်တို့အဖို့ အလင်းရောင်ရမှ ရှင်နိုင်သည့်အလျောက် ထိုထက်နက်ရှိုင်းသောဒေသ၌ အပင်များမရှိနိုင်ဟု ယူဆကြသည်။ အပင်များမရှိကလည်း ယင်းတို့ကိုမှီတင်းနေထိုင်သော သတ္တဝါများ နေနိုင်မည်မဟုတ်ချေ။
သို့ရာတွင် တစ်ခါက မြေထဲပင်လယ် ကိုဖြတ်ကူးထားသော ကြေးနန်းကြိုးတစ်ချောင်းသည် ပင်လယ်ရေပြင် အောက်ပေ ၇ဝဝဝ အနက်လောက်၌ ရုတ်တရက် ပြတ်ကျသွားခဲ့ဖူး၏။ ထိုကြိုးစမှ အောက်သို့ မည်မျှနက်သည်အထိ ကျသွားသည်ကိုမသိရချေ။ သို့သော်ထိုကြိုးပြတ်ကို ဆယ်ယူသောအခါ ကြိုးအဖျား၌ အလွန်သေးငယ်သော ပိုးမွှားကောင်ကလေး အများအပြား ကပ်၍ ပါလာသည်ကို တွေ့ရသဖြင့် သမုဒ္ဒရာအောက် အလွန်နက်သောနေရာများ၌ ပိုးမွှားကလေးများရှိကြောင်းကို သိရှိကြရလေသည်။ သမုဒ္ဒရာသည် ကမ္ဘာ့ရိက္ခာဂိုဒေါင်ကြီးသဖွယ် ဖြစ်သည်။ လူတို့စားသောက်မှီဝဲရသော ငါး၊ ပုစွန်စသည်တို့ သည်ရေထဲတွင် မကုန်ခန်းနိုင်အောင် များလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာ၏ အမေရိကန်ကမ်းခြေတစ်လျှောက်တွင် ကျက်စားပေါက်ပွားလေ့ရှိကြသော မင်ဟာဒင်ခေါ်ငါးတစ်မျိုးသည် စား၍မကောင်းသော်လည်း မြေသြဇာပြုလုပ်ရန်အတွက်မြေဩဇာပြုလုပ်ရန်အတွက် အသုံးကျသည်။
 
ပန်းထိမ်သည်တို့အသုံးပြုသော စပန်းခေါ် ပင်လယ်ရေမြုပ်တစ်မျိုးကိုလည်း သမုဒ္ဒရာထဲမှပင် ရရှိသည်။ အလွန်အဖိုးထိုက်တန်လှသော ပုလဲရတနာအတွက် မုတ်ကောင်([[ကမာကောင်]])တို့ ကိုလည်း သမုဒ္ဒရာ ထဲ၌ပင်ဖမ်းယူရရှိနိုင်သည်။ ရှေးအခါက သမုဒ္ဒရာကြီးများသည် ရေမြေခြား၍ အလွန်ဝေးလံသော ဒေသကြီးများကို ကူးလူးဆက်ဆံရန် တံတိုင်းကြီးများသဖွယ်ဖြစ်ခဲ့သော်လည်း ရေကြောင်းခရီးသွားလာမှုအောင်မြင်လာသည်နှင့်အမျှ အသုံးဝင်သောခရီးလမ်းမကြီးများ ဖြစ်လာလေသည်။ ကမ္ဘာမြေပေါ်၌ ရွာသွန်းချသမျှ မိုးရေတို့သည် သမုဒ္ဒရာရေမှအရင်းတည်ခဲ့သည်။ ကမ္ဘာပေါ်တွင် တိုက်ခတ်သော လေတို့သည်သမုဒ္ဒရာမျက်နှာပြင်မှ ရေခိုးရေငွေ့များကို သယ်ဆောင်၍မိုးအဖြစ်ရွာချကြသည်။