ဟစ်တလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အတ္ထုပ္ပတ္တိ
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၃၁ -
၁၉၃၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဂျာမနီနိုင်ငံ ပြည်သူ့လွတ်တော်အဆောက်အဦးကြီး မီးစွဲလောင်သည်။ ထိုမီးလောင်မှုကြီးသည်ပင် ဟစ်တလာကို အာဏာရှင်အဖြစ်သို့ ရောက်ရှိလာရန် ပထမဦးဆုံး တွန်းအားပေးခဲ့ပေသည်။ မီးလောင်မှုနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အချိန်မဆိုင်းဘဲ ခေါ်ယူဆွေးနွေးခဲ့သည်။
 
ယင်းအစည်းအဝေးတွင် ဟစ်တလာက လက်ရှိ နိုင်ငံတော်သမ္မတထံမှ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့သည်။ "နိုင်ငံတော်နှင့် လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေ" ဟုခေါ်သည့် ၄င်းဥပဒေကြောင့်၎င်းဥပဒေကြောင့် တရားဝင်ထုတ်ပြန်ထားသည့် နိုင်ငံသားတို့၏ လွပ်လပ်ခွင့်နှင့် လူသားအားလုံး၏ အခြေခံဥပဒေများအားလုံးသည် အချိန်အကန့်အသတ်မရှိဘဲ အလိုအလျောက် ရုပ်သိမ်းခြင်းကို ခံလိုက်ရပေတော့သည်။
ထိုအစည်းအဝေးကျင်းပသည့် ၂၈ ရက်နေ့ ညနေတွင် ဟစ်တလာသည် သူ၏အတိုက်အခံများ ဖြစ်ကြသော ကွန်မြူနစ်များ၊ လက်ဝဲအစွန်းရောက်များနှင့် ဆိုရှယ်ဒီမိုကရက် များကို သူ၏အမိန့်ဖြင့် လိုက်လံ ဖမ်းဆီး ချုပ်နှောင်စေခဲ့သည်။