အင်တာနက်: တည်းဖြတ်မှု မူကွဲများ

စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂၂ -
USSR ၏ Sputnik ကို ဖွင့်လှစ်မှုသည် ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလတွင် နည်းပညာ ဦးဆောင်မှုကို တဖန် ပြန်လည်ရရှိရန်အတွက် အမေရိကန်ပြည်ထောင်စုကို အဆင့်မြင့် သုတေသန စီမံကိန်း အေဂျင်စီ (Advanced Research Projects Agency) (ARPA or DARPA)ကို တည်ထောင်ရန် လှုံ့ဆော်ခဲ့သည်။[2][3] ARPA က Semi Automatic Ground Environment (SAGE) အစီအစဉ်၏ သုတေသနကို ဆက်လက်ပြုလုပ်ရန် Information Processing Technology Office (IPTO)ကို တည်ထောင်ခဲ့သည်။ ၎င်းသည် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဒါ စနစ်များကို အတူတကွ ကွန်ယက်ဖွဲ့ ချိတ်ဆက်ထားသည်။ IPTO ၏ ရည်ရွယ်ချက်မှာ US စစ်တပ်၏ [[ဆက်သွယ်ရေး]]ကွန်ယက်များ၏ ရှင်သန်နိုင်စွမ်း နှင့်ပတ်သက်သော ၎င်းတို့၏ အလေးထားစရာကိစ္စကို ရင်ဆိုင်ရန် နည်းလမ်းရှာရေးဖြစ်ပြီး ပထမဆင့်အနေနှင့် ပန်တဂွန်၊ ရှိုင်ယန်တောင်နှင့် SAC HQ တို့ရှိ ၎င်းတို့၏ ကွန်ပျူတာများ အပြန်အလှန်ချိတ်ဆက်ရန် ဖြစ်သည်။
 
တကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကို မြှင့်တင်သူ ဂျေစီအာရ် လစ်(ခ်)လစ်ဒါ (J. C. R. Licklider) သည် IPTO ၏ အကြီးအကဲအဖြစ် ရွေးချယ်ခံရသည်။ လစ်(ခ်)လစ်ဒါသည် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာကို စိတ်ဝင်စားလာပြီးနောက် ၁၉၅၀ နှစ်လယ်ပိုင်းတွင် ဟားဗတ် တက္ကသိုလ် ရှိ Psycho-Acoustic Laboratory မှ MIT သို့ ရွှေ့ပြောင်းလာခဲ့သည်။ MIT တွင် သူသည် လင်ကွန်းစမ်းသပ်ခန်းကို တည်ထောင်သည့် ကော်မတီတွင် အမှုထမ်းခဲ့ပြီး SAGE စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် သူ၏ PDP-1 ကွန်ပျူတာ၏ ပထမ ထုတ်လုပ်မှုကို ဝယ်ခဲ့ပြီး အချိန်ဝေမျှခြင်းနည်းပညာကို ပထမဆုံးအကြိမ် အများပြည်သူသို့ လက်တွေ့လုပ်ဆောင်ပြခဲ့ရာ နေရာဖြစ်သည့် BBN ၌ ဒုဥက္ကဌဒုဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။