အင်ဒရီး မယ်ရီ အမ်ပီယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၄၃ -
 
== အသစ်တွေ့ရှိချက်များ ==
လျှပ်စစ်သံလိုက် (Electromagnetic) ဟုခေါ်သည့် လျှပ်စီးအား (electricity) နှင့် သံလိုက်အား(magnetism) တို့ အကြားမှာရှိသည့် ဆက်သွယ်ချက်ကို ပြသနိုင်ခဲ့သည်။ ၁၈၂၀ စက်တင်ဘာလ ၁၁ ရက်နေ့တွင် H. C. Ørsted's ရှာဖွေတွေ့ရှိခဲ့သည့် voltic current ကြောင့် action ဖြစ်စေသည့် magnetic needle အကြောင်းကို ကြားခဲ့သည်။ ထိုသို့ကြားသိရပြီးနောက် တစ်ပတ်အကြာ စက်တင်ဘာလ ၁၈ ရက်နေတွင် ထူးခြားသော သဘောတရားများဖြင့် ပြီးပြည့်စုံသော စာတမ်းတစ်စောင်ကို တင်သွင်းခဲ့သည်။ ထိုနေ့တွင်ပင် နီးကပ်စွာအပြိုင်ထားရှိသော conductor နှစ်ချောင်းအတွင်းတွင် တစ်ဖက်သွားလျှပ်စစ် ဖြတ်သန်းစီးဆင်းစေသည့် အခါ လျှပ်စစ်စီးဆင်းသည့် လားရာ (direction) များ တူနေပါက ၄င်းတို့သည်၎င်းတို့သည် အချင်းချင်း တစ်ခုကို တစ်ခုက အပြန်အလှန်ဆွဲငင်နေကြပြီး လားရာမတူသည့် အခါတွင်မူ တစ်ခုကို ကျန်တစ်ခုက အပြန်အလှန် တွန်းကန်နေကြကြောင်း ဖော်ထုတ်ပြသနိုင်ခဲ့သည်။
 
Electromagnetism နယ်ပယ်သည် အမ်ပီယာကြောင့် ပြန့်ပွား လာခဲ့ပါသည်။ သင်္ချာပညာရပ်ဆိုင်ရာ သီအိုရီများ (mathematical theory) သည်လည်း တိုးတက်လာခဲ့သည်။ ထိုမျှမက သူလေ့လာထား၊ တွေ့ရှိထားသည့် (electromagnetic phenomena) အပြင် နောက်ထပ် ဖြစ်ပေါ်လာနိုင်သည့် တွေ့ရှိချက်အသစ်များကိုလည်း ဟောကိန်း ထုတ်ခဲ့သည်။ ၁၈၂၈ ခုနှစ် အရောက်တွင် ဆွီဒင် သိပ္ပံအကယ်ဒမီ၏ နိုင်ငံခြားသား အဖွဲ့ဝင်အဖြစ် ရွေးကောက် ခြင်းခံရသည်။