အဇင်မ် ပရမ်ဂျီ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂၄ -
| ဝက်ဘ်ဆိုက် = {{URL|wipro.com/about-Wipro/Wipro-leadership-team/Azim-H-Premji.aspx|Azim Premji}}
}}
ပရမ်ဂျီသည် အိန္ဒိယနိုင်ငံရှိ တတိယအကြီးဆုံး ဆောဖ့်ဝဲလ် ကုမ္ပဏီ Wipro (ဝိုင်ပရို) တက္ကနိုလိုဂျီအပါအဝင် ဝိုင်ပရို ကုမ္ပဏီအုပ်စုကြီး၏ ဥက္ကဌ၊ဥက္ကဋ္ဌ၊ အိန္ဒိယထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူ၏ သဒ္ဓါတရားအလွန်ထက်သန်ပြီး ပရဟိတလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သူအဖြစ်လည်း လူသိများသည်။ Forbes ဖော့်ဘ်စ် စီးပွားရေးမဂ္ဂဇင်းမှ ဖော်ပြချက်များအရ ၂၀၁၀ ခုနှစ်တွင် သူ၏ပိုင်ဆိုင်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၇)သန်းခန့်ရှိပြီး တတိယမြောက်အချမ်းသာဆုံး အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသည်။ ၂၀၀၀ ခုနှစ်တွင် Asiaweek (အေးရှားဝီးခ်) မဂ္ဂဇင်းမှ ရွေးချယ်သော ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ် ၂၀ စာရင်းတွင်ဖော်ပြခြင်းခံရသည်။ Forbes ဖော့်ဘ်စ်စီးပွားရေးမဂ္ဂဇင်းမှပင် ၂၀၀၁ခုနှစ်မှ ၂၀၀၃ခုနှစ်အတွင်း အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ကိုဖော်ပြခဲ့ရာတွင်လည်း ပါဝင်ခဲ့သည်။
 
၂၀၀၄ခုနှစ်၊ ဧပြီလတွင် Times တိုင်းမ်းစ်မဂ္ဂဇင်းမှ ကမ္ဘာ့ဩဇာအညောင်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း တွင်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ဝိုင်ပရိုကုမ္ပဏီတွင် ပရမ်ဂျီ၏ပိုင်ဆိုင်မှု ရ၄% ရှိပြီး သူ၏ ဦးဆောင်မှု အောက်တွင် ဝိုင်ပရို ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၂.၅သန်းခန့်တန်ဖိုးရှိသော သာမန်ကုမ္ပဏီလေးအဖြစ်မှ အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံတန်ဖိုးရှိသော ဧရာမကုမ္ပဏီကြီး အဖြစ်သို့လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဝိုင်ပရိုကုမ္ပဏီသည် ဟိုက်ဒရိုဂျင်ဖြင့် ပြုပြင်ထားသော စားသုံးဆီများကို ထုတ်လုပ်နေရာမှ ယခုအခါတွင် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဆော့ဖ်ဝဲလ်ကုမ္ပဏီများထဲတွင် ပါဝင်သော ဝိုင်ပရို တက္ကနိုလိုဂျီကို ပိုင်ဆိုင်ထား ပြီဖြစ်သည်။ ဝိုင်ပရို တက္ကနိုလိုဂျီသည် ကမ္ဘာ့ထိပ်တန်းတက္ကနိုလိုဂျီ ကုမ္ပဏီ ၁၀၀ စာရင်းဝင်လည်းဖြစ်သည်။