အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂၃ -
 
==ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း==
၁၉၄၆ လွတ်လပ်ရေးမရမီကာလက အစိုးရမှ Union of Burma Airways အနေဖြင့် ပြည်တွင်းခရီးစဉ်များ စတင်ပျံသန်းခဲ့သည်။ ၁၉၅၀တွင် နိုင်ငံတကာခရီးစဉ်များ စတင်ခဲ့သည်။ ၁၉၇၂ ဒီဇင်ဘာတွင် Burma Airways ဟုခေါ်ဆိုခဲ့ပြီး ၁၉၈၉ ဧပြီ ၁တွင် ဘားမားမှ မြန်မာသို့ အမည်ပြောင်းပြီးသည့်နောက်တွင် မြန်မာ့လေကြောင်း ဖြစ်လာခဲ့သည်။ ၁၉၉၃တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း တည်ထောင်ခဲ့ပြီး ပြည်ပခရီးစဉ်များ အားလုံးကို ၄င်းအောက်သို့၎င်းအောက်သို့ လွှဲပြောင်းခဲ့သည်။
 
၁၉၉၃ ဩဂုတ်လတွင် စတင်ပျံသန်းခဲ့သော အမ်အေအိုင်သည် [[တော်ဝင်ဘရူနိုင်းလေကြောင်း]]၏ အကူအညီဖြင့် [[မြန်မာ့လေကြောင်း]]နှင့် စင်ကာပူအခြေစိုက် Highsonic Enterprises တို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မူလတွင် စင်ကာပူအုပ်ချုပ်မှုအဖွဲ့ ([[စင်ကာပူ လေကြောင်းလိုင်း]] ဝန်ထမ်းဟောင်းများ)၊ ဘိုးရင်းလေယာဉ်အသစ်များ၊ အတွေ့အကြုံရှိ လေယာဉ်အမှုထမ်းများ၊ လေယာဉ်မောင်မယ်အသစ် သင်တန်းများ၊ အင်္ဂလန်လေကြောင်းအဖွဲ့အစည်း၏ လေယာဉ်ပျံသန်းမှုဆိုင်ရာ လိုအပ်သောအရည်အချင်းများ စသည်တို့ဖြင့် ၀င့်ကြွားခဲ့သည်။ တဖြည်းဖြည်း မူလ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမှာ ရပ်ဆိုင်းခဲ့ပြီး မြန်မာအပြည့်အ၀ပိုင် ဖြစ်လာခဲ့သည်။