မကွေးတက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃၂ -
 
== ဖွဲ့စည်းပုံ ==
တက္ကသိုလ်တွင် ပရိဝုဏ် ၂ ခုရှိသည်။ အမည်အားဖြင့် အဓိက နှင့် တိုးချဲ့ ဟူ၍ ခေါ်ကြသည်။ ယေဘူယျအားဖြင့် သိပ္ပံကျောင်းသားများသည် အဓိကပရိဝုဏ်တွင် ပညာသင်ကြားကြရပြီး အနုပညာကျောင်းသားများသည် တိုးချဲ့ပရိဝုဏ်ဘက်တွင် သင်ကြားကြရသည်။ ယခုအခါတွင် အဆောင်အသစ်များဖြစ်သော ရွှေကံ့ကော်ဆောင်များကို ဆောက်လုပ်ပြီး ဖြစ်သည်။ အင်္ဂလိပ်စာ ကျောင်းသားများသည် ရွှေကံ့ကော် အဆောင် (၁) တွင် ပညာသင်ကြားလျက် ရှိသည်။ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ ကျောင်းသားနားနေဆောင်နှင့် စူးစမ်းရှာဖွေရေးစင်တာတို့သည် တိုးချဲ့ပရိဝုဏ်ဘက်တွင် ရှိသည်။
 
== ပညာသင်နှစ် ==
ပညာသင်ကာလမှာ ၄ နှစ်ဖြစ်သည်။ နေ့ကျောင်းသားများ ပထမပညာသင်ကာလ သင်တန်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယပညာသင်ကာလ သင်တန်းကို ဇွန်လတွင် ဖွင့်လှစ်သည်။ အရည်အချင်းစစ်စာမေးပွဲများကို စက်တင်ဘာလတွင် ကျင်းပလေ့ရှိသည်။