မံမီရုပ်ကလာပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
[[File:Mummy at British Museum.jpg|thumb|300px|[[ဗြိတိသျှပြတိုက်]]တွင် ပြသထားသည့် အီဂျစ် မံမီ]]
 
ရှေးအီဂျစ်လူမျိုးတို့သည် လူတစ်ဦးတစ်ယောက် သေဆုံးသွားသောအခါ ထိုသူ၏ ရုပ်အလောင်း မပျက်မစီး၊ မပုပ်မသိုးမှသာလျှင် သေသူ၏ အသက်ဝိညာဉ်သည် နောင်တနေ့သောအခါတွင် ကြွင်းကျန်ခဲ့သော မိမိရုပ်ကလာပ်ထဲသို့ ပြန်ဝင်အသက်ရှင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်သည့်အတိုင်း ရုပ်အလောင်းကို မပုပ်မသိုးပဲ ကြာမြင့်စွာ တည်တံ့နိုင်စေမည့် နည်းအမျိုးမျိုးကို ရှာဖွေခဲ့ကြသည်။ အဆီ၊ သစ်စေး၊ အမွှေးအထုံ စသော ဆေးများဖြင့်!!!!!!!GDေးများဖြင့် လူသေရုပ်ကလာပ်ကို သုတ်လိမ်းပြီးလျှင် ပိတ်ပိုင်းစ အရှည်ကြီးဖြင့် ဦးခေါင်းမှ ခြေဖျားတိုင် ရစ်ပတ်ကျပ်စည်းကြသည်။ ဤသို့ မပုပ်မသိုးအောင် ကျပ်စည်းထားသော ရုပ်ကလာပ်မျိုးကို မံမီရုပ်ကလာပ်ဟု ခေါ်သည်။
 
အထူးသဖြင့် မင်းမျိုးရာဇာနှင့် ပစ္စည်းဥစ္စာ ကြွယ်ဝသောသူများ သေလွန်သောအခါ ငွေကြေးမြောက်မြားစွာပေး၍ ဝယ်ယူရသော ဆေးအမျိုးမျိုး၊ အမွှေးအမျိုးမျိုးတို့ဖြင့် ရုပ်ကလာပ်ကို စီမံကျပ်စည်းပေးကြသည်။ ထိုနောက် အဖိုးတန် ပစ္စည်းအသုံးအဆောင်များနှင့် အတူတကွ ကြီးကျယ်ခန်းနားစွာ မြှုပ်နှံထားလေ့ရှိကြသည်။ သာမန် ဆင်းရဲသားဖြစ်လျှင်ကား ရုပ်အလောင်းကို ဆားရည်တွင်စိမ်၍ အခြောက်ခံပြီးလျှင် သာမန်အဝတ်စများဖြင့်ပင် ရစ်ပတ်ကာ မြှုပ်နှံလိုက်ကြသည်။