ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Modifying: ko:부다가야
No edit summary
စာကြောင်း ၂ -
 
ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိကြရာ မိမိတို့ အယူဝါဒဆိုင်ရာ မင်္ဂလာရှိသော မြေမြတ်ဟု တနေရာရာကို ရိုသေမြတ်နိုးစွာ သတ်မှတ်ပိုင်းခြားကြစမြဲ ဖြစ်သည်။ ဗုဒ္ဓဝါဒီတို့သည်လည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင်
# ဂေါတမဘုရား[[ဂေါတမ]]ဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊
# သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊
# ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊
စာကြောင်း ၁၁ -
ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။ ရှေးယခင်က ထိုနေရာ ဒေသတဝိုက်ကို မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် များစွာ အနှောက်အယှက် တွေ့ကြရသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်​ထောင်စု အစိုးရက ဗုဒ္ဓဂါယာကို ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ်မေလ ၂၈ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် အစိုးရက ငွေမြောက်မြားစွာ အကုန်အကျခံ၍ သာသနာ့ အဆောက်အအုံများကို ပြင်ဆင်မွမ်းမံ ပေးထားသည်။
 
ဗုဒ္ဓဂါယာသည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏[[ဗုဒ္ဓဘာသာ]]ဝင်အပေါင်းတို့၏ အထွတ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။
 
ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တဌာနလျှင် ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့သည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြသည်။