ကြက်ဆင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၉ -
<!-- | wikispecies = Meleagris | itis = 176135-->
}}
==ကြက်ဆင်(Turkey)==
ကြီးမားသော [[ကြက်ရိုင်း]]ကြီး တစ်မျိုးဖြစ်၍ [[အမောက်]]တွဲကြီးမှာ နှာမောင်းပုံသဏ္ဌာန် ရှိ၍ ကြက်ဆင်ဟု ခေါ်သမုတ်သည်။ ကြက်ဆင်၏ဇာတိမှာ [[မြောက်အမေရိကတိုက်]] ဖြစ်သည်။ ၁၆-ရာစု အစပိုင်းလောက်က စပိန်လူမျိုးတို့သည် ကြက်ဆင်ကို [[စပိန်နိုင်ငံ]]သို့ စတင်ယူဆောင်လာခဲ့ကြရာမှ [[ဥရောပတိုက်]]တွင် ပျံ့နှံ့လာခြင်း ဖြစ်သည်။ ယခုအခါ ကြက်ဆင်ကို [[နိုင်ငံ]]အသီးသီးတို့တွင် [[ဟင်းလျာ]]အဖြစ် မွေးမြူနေကြပြီ ဖြစ်သည်။ ကြက်ဆင်၏အရောင်အသွေးတို့မှာ ရောင်စုံတို့ဖြင့် တောက်ပြောင်နေပြီး အမွှေးအတောင်တို့မှာ အကျား အကျား၊ အထပ်ထပ်ဖြင့် လှပပေသည်။ [[အမြီး]]မှာ အမြီးမွှေး ၁၄-ချောင်းမှ ၁၈-ချောင်းအထိ ရှိတတ်ပြီး [[ဂျပန်ယပ်တောင်]] ဖြန့်ထားသကဲ့သို့ လှပနေသည်။