ဗုဒ္ဓသရဏပင်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၀ -
==ပုံသဏ္ဌာန် == :
===အပင်-- ===သက်နုပင်မျိုးဖြစ်သည်။ အမြင့် ၂ ပေခွဲ မှ ၆ ပေထိ မြင့်၏။ ပင်စည်မှာ နနွင်း ကဲ့သို့ မြေအောက် ပင်စည် ဖြစ်သည်။
===အရွက်--===ရွက်ထိပ်ချွန်၍ အလျားရှည်သော အရွက်ဖားကြီးများ ဖြစ်သည်။ အလျား ၂-၃ ပေ ခန့်ထိ ရှိတတ်ပြီး ဗြက် ၈ လက်မခန့်ထိ ရှိသည်။ အရောင်မှာ အစိမ်းရောင်၊ အနီရောင်သမ်းသော အစိမ်းရောင်၊ လေဟာ ကြေးညိုရောင်နှင့် ခရမ်းရောင်အထိ အမျိုးမျိုးရှိသည်။
===အပွင့်--=== ထိပ်ထွက်ပန်းခိုင် ဖြစ်သည်။ အပွင့်ပုံစံအရ သစ်ခွပန်းနှင့်တူသောမျိုးနှင့် ပဲပွင့်နှင့်တူသောမျိုး ဟူ၍ နှစ်မျိုး ရှိသည်။ ပွင့်ချပ် အဖြူ၊ ပန်းရောင်၊ အဝါ၊ ကြက်သွေး နင့် အနီရောင်များအပြင် ၎င်းတို့နှင့် စပ်နေသည့် အရောင်ဖျော့များ ရှိသည်။
===အသီး-- ===အခိုင်လိုက် သီးသည်။ လုံး၍ ရှည်မျောမျောပုံရှိ၏။ ခွံပျော့တစ်စေ့သီး ဖြစ်ပြီး အစေ့သည် ကျည်စေ့ကဲ့သို့ မာမာအလုံးကလေး ဖြစ်ကာ တောက်ပြောင်သော အနက်ရောင် ရှိသည်။
==အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : ==အပွင့်နု၊ အသီးနု၊ အမြစ်၊ ဥတက်။
==မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ== :
===ပေါက်ရောက်သည့်ဒေသ-- ===မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက် သည်။
===ပေါက်ရောက်ပုံ-- ===အလေ့ကျ ပေါက်ရောက်သော်လည်း အလှစိုက်ပင် အဖြစ်လည်း စိုက်ပျိုး ကြသည်။
==အသုံးဝင်ပုံ : ==
===အသုံးပြုပုံ-===
 
====အပွင့်နု အသီးနု --====
# ရေနွေး ဖြော၍ တို့စားခြင်း၊ သုပ်စား ခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်း စေရုံ မက အဖျား ရောဂါ ကိုပင် ပျောက်ကင်း စေ၏။
# ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသားတို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။
# အပွင့်ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲသောရောဂါ၊ ပိတ်ဝမ်းရောဂါ တို့အား ပျောက်ကင်းစေရုံမက ဇက်ကြောတက် ရောဂါ၊ အနာရင်းသောကြောင့် နာကျင် ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ်လက်ဆစ် ညောင်းခြင်း၊ ပါးစပ်ချွဲခြင်းစသော ရောဂါများ ပျောက်ကင်းစေသည်။
 
====အမြစ်-====
# ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျားရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ် ရောဂါများ ပျောက်၏။
# ထန်းလျက်နှင့် ပြုတ်ကျို၍ အကြမ်းပန်းကန်တစ်လုံးခန့် နံနက်တိုင်း သောက်ပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း နှင့် ဝမ်းထဲ ရစ်၍ နာကျင်ခြင်း၊ အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်းတို့ မြန်မကြာ ပျောက်စေသည်။
 
====ဥတက်--====
# ဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျာ်း မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊ လိပ်ခေါင်း၊ ပန်းညှိုး၊ အသားအရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ၊ ထုံကျင်ကိုက်ခဲခြင်း နှင့် အသားဝါရောဂါ များ ပျောက်ကင်း စေသည်။
# ဥပြုတ်ရည် ကို ဒိုပါလာသကြားနှင့် ဖျော်ပြီး နံနက် ည လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင် ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သားကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံးကျိန်းပြီး နာခြင်း၊ အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်းဦးရေကျိန်းခြင်း၊ အကြောအခြင်တင်းခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ သွေးပုပ်ဆန်ခြင်း နှင့် ဆီးရောဂါ ဖြစ်ခြင်းများကို ပျောက်ကင်း စေသည်။ <ref>http://arogyamonline.com/commodity/materials/?raw=11</ref>