စောဥမ္မာ (ပင်းယ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
ပင်းယခေတ်နောက်ဆုံးမင်း [[ဥဇနာ (ပင်းယ)|ဥဇာနာပြောင်ဥဇနာပြောင်]]၏ မိဖုရားဖြစ်သော စောဥမ္မာသည် အင်းဝခေတ်ဦးတွင် လှပခြင်းဖြင့် ကျော်ဇောပါသည်။ ပင်းယအား [[သတိုးမင်းဖျား]]အောင်မြင်လျှင် စောဥမ္မာအား မိဖုရားအဖြစ် ဆက်လက်ထားသည်။ နန်းသက်သုံးနှစ်အရောက်တွင် စကုစား သိင်္ဂဗိုလ်အား သွားရောက်နှိမ်နှင်းသည့် သတိုးမင်းဖျား [[ကျောက်ရောဂါ]]ဖြင့် လွန်သည်။ အနာသည်းနေချိန်တွင် မိမိ၏ မိဖုရားအား နှမြောပြန်သဖြင့် အတွင်းသင်းမှုး ငနုအား ခေါ်ကာ "ငါကား နေရတော့မည်မဟုတ်၊ ငါမရှိလျှင် ငါ့မိဖုရားအား သူတို့သိမ်းပိုက်မည်ကို ငါနှမြောလှသည်။ ဒါ့ကြောင့် မောင်မင်းသွားကာ မိဖုရားအား သုတ်သင်ချေ။" ဟုမိန့်သည်။
 
ငနုလည်း အင်းဝရောက်ပြီး နန်းတွင်းသို့ဝင်ကာ မိဖုရားအား လျှောက်သည်။ မိဖုရားလည်း အကြံထုတ်ကာ " ငနု၊ နင်ယောက်ျား မဟုတ်သလော။" ဟုဆိုပြီး နှစ်ဦးသား စိတ်ညီသဖြင့် ကန့်ကွက်ရန်ကြံသည့် အထိန်းတော်သမီးအား သတ်ကာ စစ်ကိုင်းသို့ ကူးလေသည်။ စစ်ကိုင်းတွင် ငနုနှင့် စောဥမ္မာတို့ ခုနှစ်လတာမျှ တစ်ထီးတစ်နန်းနေလေသည်။