မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း, -သြ +ဩ)
အရေးမကြီးNo edit summary
စာကြောင်း ၃၂ -
 
== Windows Vista ==
{{main|Windows Vista}}
ထုတ်လုပ်မှု အဆင့် ကြာရှည်စွာ အချိန်ယူပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့မှာ Windows Vista ကို မိတ်ဆက်ခဲ့ပါဝယ်။ User Interface မွန်းမံမှုများ ပါဝင်ပြီး နည်းပညာပိုင်း နှင့် လုံခြုံရေးပိုင်းအရ ပြောင်းလဲမှုများစွာ ပါဝင်ပါတယ်။ သို့ပေမယ့် စက်အတက် နှေးခြင်း၊ အလုပ်လုပ်နိုင်မှု ကျဆင်းခြင်း စသည်တို့ကြောင့် Windows Vista ဟာ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။ 2008 ခုနှစ် နှစ်စပိုင်းမှာတော့ Windows Server 2008 ကို မိတ်ဆက်ခဲ့ပါတယ်။
 
== Windows 7 ==
{{main|Windows 7}}
၂၀၀၉ ခုနှစ် ဇွန်လိုင်လ ၂၂ ရက်နေ့တွင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ Windows 7 နှင့် Windows Server 2008 R2 တို့ကို ကွန်ပျူတာ ထုတ်လုပ်သူများကို စတင်ထုတ်ဝေခဲ့သည်။ ယခင် Windows Vista ထက် ပိုမိုများပြားသော လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ပြသနိုင်ခဲ့သည်။ Windows Vista နှင့် အသုံးပြု၍ ရသော အက်ပလီကေးရှင်းများ အားလုံးကို Windows 7 မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားသည်။ Windows 7 တွင် Multi-touch ဟုခေါ်သော ပိုမိုထားခြားသောထိတွေ့မှု စနစ်၊ Windows Task-bar အသစ်ပြောင်းလဲခြင်း နှင့် Home-Group ဟုခေါ်သော ချိတ်ဆက်မှုစနစ်အသစ် တို့ အပါအဝင် လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ထားရှိသည်။
 
== Windows 8 နှင့် 8.1 ==
{{main|ဝင်းဒိုးစ် ၈}}
Windows 7 ပြီးနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် Windows 8 ကို မိတ်ဆက်ခဲ့သည်။ အကြီးမားဆုံး ပြောင်းလဲမှုမှာ Metro Design ဖြစ်သည်။ ပုံမှန် Start Menu မပါဝင်တော့ဘဲ Touch-Screen အသုံးပြုသော မိုဘိုင်းပစ္စည်းများကိုပါ အသုံးပြုနိုင်ရန် ရည်ရယ်ထားရှိသည်။ ထို့ပြင် Touch-Screen ကို အထောက်အပံ့ပေးနိုင်သော အက်ပလီကေးရှင်းအသစ်များကိုပါ မိတ်ဆက်ပြသခဲ့သည်။ အခြားပြောင်းလဲမှုများမှာ မိုက်ခရိုဆော့၏ မူပိုင် Cloud အဖြစ် SkyDrive ကို မိတ်ဆက်ခဲ့သည်။ Windows Store အသစ်ကိုပါ အက်ပလီကေးရှင်းများ ရယူနိုင်ရန်အတွက် မွမ်းမံခဲ့သည်။
 
Windows 8 ၏ အဆင့်မြှင့်တင်မှုအဖြစ် Windows 8.1 ကို အောက်တိုဘာလ ၁၇ ရက်နေ့ ၂၀၁၃ ခုနှစ်က ထုတ်ခဲ့သည်။ Metro UI ကို ထပ်မံမွန်းမံပြီး SkyDrive ကိုလည်း ကောင်းမွန်အောင် ထပ်မံလုပ်ဆောင်ခဲ့သည်။
 
== Windows 10 ==
{{main|ဝင်းဒိုး ၁၀}}
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အသစ်ထွက်ရှိမည့် Windowsအဖြစ် Windows 10 ကို ကြော်ငြာခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လိုင်လ ၂၉ ရက်နေ့တွင် တရားဝင်ထွက်ရှိခဲ့သည်။ Windows 8 တွင် မပါဝင်ခဲ့သော Start Menu ပြန်လည်ထည့်သွင်းခဲ့သည်။ Windows Store ကိုလည်း မျက်နှာပြင်အပြည့်အသုံးမပြုတော့ပေ။ Virtual Desktop System ကိုလည်းအသစ်ထပ်မံ ထည့်သွင်းခဲ့သည်။ Windows 10 ကို Windows 7 SP1 မှ စတင်၍ အလွယ်တကူ အဆင့်မြှင့်တင်နိုင်မယ်လို့ ဆိုပါတယ်။