မြန်မာ့အသံနှင့်ရုပ်မြင်သံကြား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၀ -
 
== မြန်မာ့ရုပ်မြင်သံကြား ==
မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို ၂၀၁၃ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ စ၍ နေ့စဉ် နံနက် (၀၆:၀၀)မှ တိုးချဲ့ ထုတ်လွှင့်လျက်ရှိသည်။ ပြန်ကြားပေးခြင်း ၆၀%၊ ပညာပေးခြင်း ၂၀%နှင့် ဖျော်ဖြေပေးခြင်း ၂၀% ဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည်။ ပြန်ကြားပေးခြင်းအနေဖြင့် သတင်းအစီအစဉ်ကို နေ့စဉ်နံနက်(၀၇:၀၀)၊ ည (၂၁:၀၀)နာရီထိ တစ်နာရီခြားတစ်ခါ ထုတ်လွှင့်ပေးပြီး တစ်ပတ်အတွင်း သတင်းအဖြစ် အပတ်စဉ် စနေနေ့တိုင်း နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ထုတ်လွှင့်ပေးလျက်ရှိသည်။ ပညာပေးခြင်းအနေဖြင့် ပညာရေးသင်ခန်းစာပို့ချချက်များ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာပေးအစီအစဉ်များ၊ ကျန်းမာရေးဆိုင်ရာ ပညာပေးအစီအစဉ်များကို ထုတ်လွှင့်ပေးလျှက်ရှိပြီး ဖျော်ဖြေပေးခြင်းအနေဖြင့် တေးဂီတအစီအစဉ်များ၊ ဇာတ်/အငြိမ့်၊ မြန်မာရုပ်ရှင်/ဗီဒီယို/ဇာတ်လမ်းများ၊ နိုင်ငံခြား ရုပ်ရှင်/ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသလျက်ရှိသည်။ ထို့အပြင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများ၊ နေ့ထူးနေ့မြတ်များ၊ ဘောလုံးပွဲများကိုလည်း အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိသည်။<ref name="mrtv"/>
၂၀၁၃ခုနှစ် ​စက်တင်ဘာ ၁၅ရက်​​နေ့တွင် DVB-T2 Multi Channel Playout Systen ဖြင့်စတင်တိုးချဲ့ထုတ်လွှင့်ခဲ့ပြီး MRTV, MITV, လွှတ်​တော်ရုပ်သံလိုင်း (Hluttaw Channel), တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC), ​​တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmers Channel), MRTV Sports, မြန်မာ့အသံ​ရေဒီုယို စသဖြင့် ရုပ်သံလိုင်း၈လိုင်း ​ရေဒီယို၄လိုင်း တို့ကိုစတင်တိုးချဲ့ထုတ်လွှင့်ခဲ့သည်။
၂၀၁၅ခုနှစ်​ ​ဖေ​ဖော်ဝါရီ ၁၅ရက်​နေ့တွင် ရုပ်သံလိုင်း၁၄လိုင်းအထိတိုးချဲ့ထုတ်လွှင့်ခဲ့ပြီး ထပ်ဆင့်လွှင့်စက်ရုံများမှ မနက်၆နာရီက​နေ ည၁၂နာရီအထိ ထုတ်လွှင့်​​ပေးလျက်ရှိပါသည်။ <ref name="mrtv"/>
 
== Myanmar International Television ==