အောက်စီဂျင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
|||
စာကြောင်း ၁ -
{{Infobox
'''အောက်စီဂျင်'''သည် လေထုထဲတွင် အဓိကပါဝင်ပြီး သက်ရှိသတ္တဝါများအတွက် အရေးပါသည့် ဓာတ်ငွေ့ တစ်မျိုးဖြစ်သည်။ အက်တမ် အမှတ်စဉ် မှာ ၈ ဖြစ်ပြီး အင်္ဂလိပ် အက္ခရာ ‘'''O'''’ ဆိုသော သင်္ကေတဖြင့် ဖော်ပြလေ့ရှိသည်။ ၎င်း၏ အမည်မှာ ဂရိဝေါဟာရ ὀξύς (oxys) (အက်ဆစ် - ဆူးရှသည်ဟု အဓိပ္ပာယ် ရသည်။ အက်ဆစ်များ၏ ချဉ်သော အရသာကို ညွှန်းဆိုသည်။) နှင့် -γενής (-genēs) (ထုတ်လုပ်သည်၊ ဖြစ်စေသည်ဟု အဓိပ္ပာယ်ရသည်။) မှ ဆင်းသက်လာသည်။ အက်ဆစ်ဖြစ်စေသည့် ပစ္စည်းဟု တိုက်ရိုက် ဘာသာပြန်နိုင်သည်။ အောက်စီဂျင်အား အမည်ပေးသည့် ခေတ်ကာလတွင် အက်ဆစ်အားလုံး၌ အောက်စီဂျင်ပါဝင်သည်ဟု ယူဆခဲ့သောကြောင့် ဤကဲ့သို့ အမည်တွင်လာခြင်းဖြစ်သည်။
|