ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၂ -
== တည်နေရာ ==
အာဖရိကတိုက်အရှေ့တောင်ဘက်စွန်း တောင်လတ္တီတွဒ် ၁၅°၃၀′ နှင့် ၂၂°၃၀′ ကြား၊ အရှေ့လောင်ဂျီတွဒ် ၂၅°နှင့် ၃၃°ကြားတွင် တည်ရှိ။ မြောက်ဘက်တွင် ဇမ်ဘီယာသမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် မိုဇမ်းဘက်သမ္မတနိုင်ငံ၊ တောင်ဘက်တွင် တောင်အာဖရိကသမ္မတနိုင်ငံ၊ အနောက်ဘက်တွင် ဘော့စ်ဆွာနာသမ္မတနိုင်ငံတို့ ဝန်းရံလျက်ရှိသည်။
== မြေမျက်နှာပြင် ==
ဇင်ဘာဘွေသည် ဇမ်ဘီဇီနှင့် လင်ပိုပိုမြစ်နှစ်သွယ်ကြားရှိ မြင့်မားသောကုန်းပြင်မြင့်၏ တဘက်တချက်တွင် တည်ရှိသည်။ နိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသ၊ အလယ်ပိုင်းဗဲလ်မြက်ခင်းဒေသ၊ အနိမ့်ပိုင်း ဗဲလ်မြက်ခင်းဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ အပိုင်းကြီးလေးပိုင်း ပိုင်းခြားထားသည်။<br />
အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသသည် ပေ ၄၀၀၀ အထက်ဖြစ်ပြီး နိုင်ငံ၏ အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက် တန်းလျက်တည်ရှိသည်။ အရှေ့မြောက်ဘက်တွင် မြက်ခင်းပြင်သည် ပိုမိုကျယ်ပြန့်သည်။<br />
အလယ်ပိုင်းဗဲလ်မြက်ခင်းဒေသသည် ပေ ၃၀၀၀ နှင့် ၄၀၀၀ အကြားတွင် ရှိပြီး အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသကို ရံလျက် တည်ရှိ၍ အနောက်မြောက်ဘက်တွင် အကျယ်ပြန့်ဆုံးဖြစ်သည်။ <br />
အနိမ့်ပိုင်းဗဲလ်မြက်ခင်းဒေသသည် ပေ ၃၀၀၀ အောက်ဖြစ်ပြီး မြောက်ဘက်ရှိ ဇမ်ဘီဇီမြစ်ဝှမ်း တောင်ဘက်ရှိ ပိုမိုကျယ်ပြန့်သော လင်ပိုပိုမြစ်ဝှမ်းအရှေ့တောင်ဘက်ရှိ ဆာဘီလွန်ဒီမြစ်ဝှမ်းတို့ ဖွဲ့စည်းပါဝင်သည်။<br />
အရှေ့ဘက်ကုန်းမြင့်ဒေသသည် ဇင်ဘာဘွေနိုင်ငံ၏ အမြင့်ဆုံးအပိုင်းဖြစ်ပြီး တောင်ထူထပ်သော အသွင်အပြင်လက္ခဏာကြောင့် ထူးခြားထင်ရှားသည်။ တောင်များသည် ပေ ၆၀၀၀ အထက်ဖြစ်ကြပြီး၊ အင်ယန်ဂါ တောင်ထိပ်မှာ ပေပေါင်း ၈၅၀၃ ပေရှိသည်။ တောင်ထူထပ်ကျဉ်းမြောင်းသော ဤဒေသသည် မိုဇမ်းဘစ်နိုင်ငံနှင့် နယ်ချင်းထိစပ်လျက် ရှိပြီး တောင်အာဖရိကကုန်းပြင်မြင့်၏ အမြင့်ဆုံးအစွန်းလည်း ဖြစ်သည်။
== အကျယ်အဝန်း ==
ဧရိယာ စတုရန်း မိုင်ပေါင်း ၁၅၀,၈၇၃ ခန့် ကျယ်ဝန်းသည်။(၁၉၈၃ ခုနှစ်စာစောင်တွင် ဖော်ပြပါသည့်အတိုင်း)
 
== ရာသီဥတု ==