ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇၇ -
မြို့တော်မှာ ဟာရဲ ခေါ် ဟာရာရေး(Harare) ဖြစ်သည်။ မြို့ကြီးများမှာ ဘူလာဝေယို(Bulawayo)၊ ဂွေလို(Gwelo)၊ မူတာရေး(Mutare)၊ ကွေကွေ(Kwe Kwe)၊ ဂါတူးမား(Gatooma)၊ ဝှမ်ဂေး(Hwangel)၊ ချင်ဟိုယီ(Chinhoyi)၊ ညံဒါ(Nyanda)၊ မာရန်ဒဲလားစ်(Marandellas)၊ ရှာဘာနီ(Shabani)နှင့် ရက်ဒ်ကလစ်ပ်(Redcliff) တို့ဖြစ်ကြသည်။

=== လူမျိုး ဘာသာစကား ===
ဘန်တူအနွယ်ဝင် ရှိုနာလူမျိုး ၇၇ ရာခိုင်နှုန်း၊ အင်ဒီဘီလီလူမျိုး ၁၉ ရာခိုင်နှုန်း၊ ဥရောပတိုက်သား သုံးရာခိုင်နှုန်းနှင့် အာရှတိုက်သားတို့ ရှိသည်။
အင်္ဂလိပ်ဘာသာစကားသည် တရားဝင်ရုံးသုံးဘာသာစကားဖြစ်သည်။ ရှိုနာနှင့် အင်ဒီဘလီဘာသာစကားများကိုလည်း ပြောဆိုသုံးစွဲသည်။
=== ဘာသာစကား ===
(၂၀၁၆ အရ)အင်္ဂလိပ်သည် ပညာရေးနှင့် တရားစီရင်ရေးတွင် အဓိကရသုံးသော အဓိကဘာသာစကားဖြစ်သည်။ ဘန်တူဘာသာစကားများဖြစ်သော ရှိုနာနှင့် စင်ဒီဘလီမှာ တိုင်းရင်းသားများကြား အသုံးများသော ဇင်ဘာဘွေ၏ ဘာသာစကားဖြစ်သည်။ ရှိုနာကို ၇၀ ရာခိုင်နှုန်းသော လူဦးရေးက ပြောပြီး၊ ၂၀ ရာခိုင်နှုန်းမှာ စင်ဒီဘလီပြောသည်။ အခြားအနည်းအကျဉ်းပြောကြသော ဘန်တူဘာသာစကားများမှာ ဗင်ဒ(Venda)၊ တဆွင်ဂ(Tsonga)၊ ရှန်ဂန်း(Shangaan)၊ ကလန်ဂါ(Kalanga)၊ ဆိုသို(Sotho)၊ နဒေါ်(Ndau)နှင့် နမ်ဗျာ(Nambya)တို့ ဖြစ်လေပြီး ၂.၅ ရာခိုင်နှုန်းထက်နည်းသော အထူးအားဖြင့် လူဖြူနှင့် သွေးနှောလူမျိုးအနည်းစုကသာ အင်္ဂလိပ်ကို မိခင်ဘာသာစကားဟု ထင်မှတ်လေသည်။ ရှိုနာစကားတွင် ပါးစပ်ပြောရာဇဝင်များစွာ ပါရှိပြီး ၎င်းကို ၁၉၅၆ တွင် ထုတ်ဝေသော ဆောလမွန် မုဆွိုင်းရို (Solomon Mutswairo) ရေးသည့် ရှိုနာစာဖြင့် ပထမဆုံးဝတ္ထုဖြစ်သော Feso တွင် တွေ့နိုင်လေသည်။ အင်္ဂလိပ်စကားကို အခြေခံအားဖြင့် မြို့တွင်သုံးပြီး၊ ကျေးလက်တွင် အသုံးနည်း၏။ ရေဒီယိုနှင့် ရုပ်သံသတင်းများကို ယခုသော် ရှိုနာ၊ စင်ဒီဘလီနှင့် အင်္ဂလိပ်လို ထုတ်လွှင့်နေလေပြီ။ ဇင်ဘာဘွေ၌ တရားဝင်ဘာသာစကား ၁၆ မျိုးရှိပြီး၊ ဖွဲ့စည်းပုံအရ ပါလီမန်အက်ဥပဒေက အခြားဘာသာစကားများကို တရားဝင်အသိအမှတ်ပြု ဘာသာစကားများအဖြစ် ဖော်ပြထားလေသည်။

=== ကိုးကွယ်သည့်ဘာသာ ===
ခရစ်ယာန်ဘာသာဝင် ရာခိုင်နှုန်း ၂၀၊ မိရိုးဖလာကိုးကွယ်မှု ရာခိုင်နှုန်း ၈၀ ရှိသည်။

=== ကျန်းမာရေး ===
ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေးဌာန ၁၇၂ ခု ရှိသည်။ ဆေးကုသရေးအဖွဲ့က အစိုးရထောက်ပံ့ကြေးဖြင့် ဖွင့်လှစ်ထားသော ဆေးရုံနှင့် ဆေးခန်း ၇၃ ခု၊ အစိုးရထောက်ပံ့ကြေးလွတ် ဖွင့်လှစ်ထားသော ဆေးရုံနှင့် ဆေးခန်း ၃၂ ခုတို့ရှိသည်။ (၁၉၈၃ ခုက)

=== ပညာရေး ===
ဇင်ဘာဘွေနိုင်ငံတွင် ၁၉၇၈ စာရင်းအရ

မူလတန်းကျောင်း ၂၉၆၂ ကျောင်း၊

အလယ်တန်းနှင့် အထက်တန်းကျောင်း ၁၈၆ ကျောင်း၊

သက်မွေးပညာသင်ကျောင်း ၁၈ ကျောင်း၊

စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း ၂ ကျောင်း၊

ဆရာအတတ်သင်ကောလိပ် ၁၂ ကျောင်း၊

စိုက်ပျိုးရေးကောလိပ် ၂ ကျောင်း၊

ဇင်ဘာဘွေတက္ကသိုလ်၊

အချိန်ပိုင်းသင်တန်းပေါင်း ၆၀ နှင့်

ကိုယ်လက်အင်္ဂါချို့တဲ့သူများဆိုင်ရာကျောင်း ၁၅ ကျောင်းတို့ ရှိသည်။

=== စက်မှုလုပ်ငန်း ===
၁၉၆၀ ပြည့်နှစ်က ဇမ်ဘီဇီမြစ်ပေါ်၌ တည်ဆောက်ခဲ့သော ကာရီဘာရေအားလျှပ်စစ်စီမံကိန်းဖြင့် လျှပ်စစ်ဓာတ်အား ပေးဆောင်လျက်ရှိသည်။ ၁၉၈၂ ခု စက်တင်ဘာလခန့်က ဇင်ဘာဘွေဒေါ်လာ လေးသန်းခန့် ကုန်ကျဖွင့်လှစ်ခဲ့သည့် အီသိန်းဓာတ်ငွေ့စက်ရုံမှ လောင်စာထုတ်လုပ်သည်။ ဝှမ်ဂေးတွင် အပူဓာတ်အားပေးစက်ရုံလည်း ရှိသည်။
=== စီးပွားရေး ===
==== မွေးမြူရေး ====
==== ခရီးသွားလုပ်ငန်း ====

=== သတ္တုတူးဖော်ရေး ===
=== ပြည်ပပို့ကုန် ===
==== သွင်းကုန် ====
==== ငွေကြေး ====
=== လမ်းပန်းဆက်သွယ်ရေး ===
==== မီးရထားလမ်း ====
==== လေကြောင်းလမ်း ====
=== နိုင်ငံရေးပါတီများ ===
==== အစိုးရ ====
==== သမ္မတနှင့် ဝန်ကြီးချုပ် ====
=== နောက်ခံသမိုင်း ===
==== ဗြိတိသျှအုပ်ချုပ်ရေးစနစ် ====
==== တဘက်သတ်လွတ်လပ်ရေးကြေငြာခြင်း ====
==== ရိုဒီးရှားပြဿနာ အဖြေရှာရေး ====
=== ဇင်ဘာဘွေသမ္မတနိုင်ငံ ===
==== ပြုပြင်ပြောင်းလဲရေးများ ====
==== အစိုးရအဖွဲ့အပြောင်းလဲ ====
==== အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေး ====
==== ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး ====
=== နိုင်ငံရေးအကျပ်အတည်း ===

== ကိုးကား ==