ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎လူမျိုး
အရေးမကြီး →‎ဘာသာစကား
စာကြောင်း ၈၁ -
 
=== ဘာသာစကား ===
(၂၀၁၆ အရ)အင်္ဂလိပ်သည် ပညာရေးနှင့် တရားစီရင်ရေးတွင် အဓိကရသုံးသော အဓိကဘာသာစကားဖြစ်သည်။ ဘန်တူဘာသာစကားများဖြစ်သော ရှိုနာနှင့် စင်ဒီဘလီမှာ တိုင်းရင်းသားများကြား အသုံးများသော ဇင်ဘာဘွေ၏ ဘာသာစကားဖြစ်သည်။ ရှိုနာကို ၇၀ ရာခိုင်နှုန်းသော လူဦးရေးက ပြောပြီး၊ ၂၀ ရာခိုင်နှုန်းမှာ စင်ဒီဘလီပြောသည်။ အခြားအနည်းအကျဉ်းပြောကြသော ဘန်တူဘာသာစကားများမှာ ဗင်ဒ(Venda)၊ တဆွင်ဂ(Tsonga)၊ ရှန်ဂန်း(Shangaan)၊ ကလန်ဂါ(Kalanga)၊ ဆိုသို(Sotho)၊ နဒေါ်(Ndau)နှင့် နမ်ဗျာ(Nambya)တို့ ဖြစ်လေပြီး ၂.၅ ရာခိုင်နှုန်းထက်နည်းသော အထူးအားဖြင့် လူဖြူနှင့် သွေးနှောလူမျိုးအနည်းစုကသာ အင်္ဂလိပ်ကို မိခင်ဘာသာစကားဟု ထင်မှတ်လေသည်။ ရှိုနာစကားတွင် ပါးစပ်ပြောရာဇဝင်များစွာ ပါရှိပြီး ၎င်းကို ၁၉၅၆ တွင် ထုတ်ဝေသော ဆောလမွန် မုဆွိုင်းရို (Solomon Mutswairo) ရေးသည့် ရှိုနာစာဖြင့် ပထမဆုံးဝတ္ထုဖြစ်သော Feso တွင် တွေ့နိုင်လေသည်။ အင်္ဂလိပ်စကားကို အခြေခံအားဖြင့် မြို့တွင်သုံးပြီး၊ ကျေးလက်တွင် အသုံးနည်း၏။ ရေဒီယိုနှင့် ရုပ်သံသတင်းများကို ယခုသော် ရှိုနာ၊ စင်ဒီဘလီနှင့် အင်္ဂလိပ်လို ထုတ်လွှင့်နေလေပြီ။ ဇင်ဘာဘွေ၌ တရားဝင်ဘာသာစကား ၁၆ မျိုးရှိပြီး၊ ဖွဲ့စည်းပုံအရ ပါလီမန်အက်ဥပဒေက အခြားဘာသာစကားများကို တရားဝင်အသိအမှတ်ပြု ဘာသာစကားများအဖြစ် ဖော်ပြထားလေသည်။
<br />
(အသံဖလှယ်ထားခြင်းများ မမှန်ကန်ပါက တတ်ကျွမ်းသူများက စေတနာရှေ့ထား ပြင်ဆင်ပေးပါရန်)
 
=== ကိုးကွယ်သည့်ဘာသာ ===