ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၄ -
ဗြိတိသျှတို့အာဏာစက်အောက်သို့ ဤဒေသရောက်ရှိလာပုံမှာ တောင်အာဖရိကသန်းကြွယ်သူဌေး ဆီဆီးလ်ရို့ဒ်စ်၏ ကြိုးပမ်းမှုကြောင့် ဖြစ်သည်။ ရို့ဒ်စ်သည် သူပိုင်သတ္တုတွင်းအင်ပိုင်ယာထဲသို့ ကတန်းဂါးရှိ ကြေးနီသတ္တုသိုက်၊ လင်ပိုပိုနှင့် ဇမ်ဘီဇီမြစ်နှစ်သွယ်ကြားရှိ ရွှေရတနာသိုက်ကို သိမ်းလို၍ ၁၈၈၉ မှ ၁၈၉၇ ခုနှစ်များအတွင်း ဗြိတိသျှတောင်အာဖရိကကုမ္ပဏီကို ဖွဲ့စည်းပြီး ဂွတ်ဟုတ်အငူတွင်အခြေချပြီးဖြစ်သော ဗြိတိသျှတို့၏ စစ်အင်အားအကူအညီဖြင့် ၎င်းဒေသများကို သိမ်းပြီး ၂၅ နှစ်ခန့် စိုးမိုးခဲ့သည်။
=== ဗြိတိသျှအုပ်ချုပ်ရေးစနစ် ===
၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်၌ တောင်ရိုဒီးရှားအုပ်ချုပ်ရေးကို [[ဗြိတိသျှ|ဗြိတိသျှတောင်အာဖရိကကုမ္ပဏီအုပ်ချုပ်ရေး]]မှ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးလက်သို့ လွှဲပြောင်းပေးအပ်သည်မှစ၍ တောင်ရိုဒီးရှားကို ဘုရင်ခံတဦး၏ လက်ဝယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသော ဗြိတိသျှကိုလိုနီအဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် ၁၉၅၃ ၌ ဗြိတိသျှအစိုးရက မြောက်ရိုဒီးရှား(ယခု [[ဇမ်ဘီယာ]])၊ တောင်ရိုဒီးရှား(ယခု ဇင်ဘာဘွေ)နှင့် ညာဆာလန်(ယခု [[မာလာဝီ]])တို့ကို ပေါင်းစည်းပြီး ရိုဒီးရှား-ညာဆာလန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည်။ အဆိုပါအဖွဲ့အစည်းကိုလည်း တောင်ရိုဒီးရှား၏ မျက်နှာဖြူများကသာလျှင် ခြယ်လှယ်သည်။ ၁၉၆၁ ဒီဇင်ဘာ ၆ ၌ အတည်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ အုပ်ချုပ်ရေးအာဏာကို မျက်နှာဖြူတို့ကသာ ဆက်ချုပ်ကိုင်ခွင့်ရသည်။ ထို့နောက် ၁၉၆၃ ဒီဇင်ဘာ ၃၁ ၌ ရိုဒီးရှား-ညာဆာလန်ပြည်ထောင်စုကို ဖျက်သိမ်းလိုက်သည်မှစ၍ တောင်ကို ပယ်ပြီး ရိုဒီးရှားဟု ပြောင်းလဲစေသည်။ သို့သော် အမည်သစ်ကို ဗြိတိသျှပါလီမန်က တရားဝင်အတည်မပြု။ ၎င်းနောက် ဗြိတိန်က မြောက်ရိုဒီးရှားနှင့် ညာဆာလန်အား လူမည်းအများစုအုပ်ချုပ်ရေးဖြင့် လွတ်လပ်ရေး ပေးလေသည်။ တောင်ရိုဒီးရှားကိုမူ လူမည်းအများစုအုပ်ချုပ်ရေး ပေးရန်လိုက်လျောခြင်း မရှိ၍ လွတ်လပ်ရေးပေးရန် ငြင်းပယ်ခဲ့သည်။
 
=== တဘက်သတ်လွတ်လပ်ရေးကြေငြာခြင်း ===
=== ရိုဒီးရှားပြဿနာ အဖြေရှာရေး ===