ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅၁ -
 
=== ရိုဒီးရှားပြဿနာ အဖြေရှာရေး ===
၁၉၇၀ ပြည့် မတ် ၂ ၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လူဖြူအစိုးရခေါင်းဆောင် ဝန်ကြီးချုပ် အီယန်စမစ်က ရိုဒီးရှားသမ္မတနိုင်ငံထူထောင်ကြောင်း ကြေငြာလိုက်သည်ကို ဗြိတိန်က လုံးဝ အသိအမှတ်မပြုဘဲ ရိုဒီးရှားကို အဆက်အသွယ်ဖြတ်တောက်သည်။ သို့သော် ၁၉၇၁ နိုဝင်ဘာ ၂၄ ၌ ဆက်လက်ဆွေးနွေးရန် သဘောတူသည်။ ၁၉၇၂ ၌ ဗြိတိန်မှ ကော်မရှင်အဖွဲ့တဖွဲ့ ရိုဒီးရှားသို့ ရောက်ရှိခဲ့သည်။ <br />
၁၉၇၄ နိုဝင်ဘာ၌ ဇမ်ဘီယာရှိ လူဆာကာမြို့၌ ရိုဒီးရှားအစိုးရနှင့် ရိုဒီးရှားအာဖရိကအမျိုးသားကောင်စီခေါင်းဆောင်များ တွေ့ဆုံ၍ ခြေဥဆိုင်ရာ သဘောတူညီမှုရရှိသည့်အဆင့် ရောက်ခဲ့သော်လည်း ပြည်တွင်း၌ အကြမ်းဖက်မှု ပိုတိုးပွားလာ၍ အပစ်အခတ်ရပ်စဲရေး အပိုဒ်ကို ချိုးဖောက်သည့် သဘောသက်ရောက်ပြီး ဆွေးနွေးပွဲသဘောတူညီချက်မှာ ပျက်သွားရသည်။ ဖွဲ့စည်းပုံဆွေးနွေးပွဲကို ၁၉၇၅ ဩဂုတ်၌ ဗစ်တိုးရီးယားရေတံခွန်အနီး ဆက်လက်လုပ်ရာ ရိုဒီးရှားအာဖရိကအမျိုးသားကောင်စီအတွင်း သဘောထားကွဲလွဲပြန်၍ ပျက်ပြားသွားပြန်သည်။ ၁၉၇၆ ၌ ဂျူရှုဝါအင်ကိုမို ဦးဆောင်သော အာဖရိကအမျိုးသားကောင်စီဝင်များနှင့် ရိုဒီးရှားအစိုးရ သဘောတူညီချက်ရရန် ကြိုးစားသော်လည်း မအောင်မြင်။ <br />
ထိုကာလ ရိုဒီးရှားလူဖြူအစိုးရနှင့် လူမည်းမျိုးချစ် နိုင်ငံရေးအုပ်စုများ မကြာခဏ ဆွေးနွေးစေ့စပ်ကြသော်လည်း တိုးပွားလာသော အကြမ်းဖက်မှုကို တားနိုင်မစွမ်း၍ ၁၉၇၈ နှစ်လယ်ရောက်သော် စစ်ဘက်နှင့် အရပ်ဘက်မှ လူပေါင်း ၆၀၀၀ ခန့် သေကြေပျက်စီးလေသည်။ အစိုးရတပ်များသည် ဇမ်ဘီယာနှင့် မိုဇမ်ဘစ်တို့၌ လူမည်းမျိုးချစ်ပြောက်ကျားတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၁၉၇၈ မတ်၌ အီယန်စမစ်နှင့် လူမည်းမျိုးချစ်ခေါင်းဆောင် သုံးဦးတို့ ပြည်တွင်းနိုင်ငံရေးဖြေရှင်းချက်တရပ်ကို လက်မှတ်ထိုးပြီး ၎င်းမှာ အုပ်ချုပ်ရေးအာဏာကို လူမည်းလူများစုလက်သို့ မလွှဲပြောင်းမီကာလအတွင်း ၎င်းတို့လေးဦးက ခွဲဝေကျင့်သုံးရန် ဖြစ်ပြီး ပြောက်ကျားခေါင်းဆောင်များက လက်မခံ ပယ်ချခဲ့ကြသည်။
 
=== ဇင်ဘာဘွေသမ္မတနိုင်ငံ ===
=== ပြုပြင်ပြောင်းလဲရေးများ ===