ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၆၄ -
=== ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး ===
=== နိုင်ငံရေးအကျပ်အတည်း ===
ဇင်ဘာဘွေ၌ လူမည်းဦးရေ၏ ၈၅ ရာခိုင်နှုန်းခန့် ရှိသော ရှိုနာလူမျိုးစု၏ ထောက်ခံမှုကို ရရှိသည့် ဝန်ကြီးချုပ်မူဂါဘဲ၏ မျိုးချစ်တပ်ဦးပါတီနှင့် ၁၅ ရာခိုင်နှုန်းခန့်ရှိသော အင်ဒီဘီလီလူမျိုးစု၏ ထောက်ခံမှုကို ရရှိသော အင်ကိုမို၏ မျိုးချစ်တပ်ဦးတို့အကြား သံသယ တိုးပွားနေပြီး ၎င်းနိုင်ငံရေးပါတီ နှစ်ခုတို့ကို အခြေခံ၍ ဖွဲ့ထားသော ဇန်လာနှင့် ဇီပရာတပ်ဖွဲ့များအကြား ပဋိပက္ခများ၊ သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။ <br />
၁၉၈၂ ဖေဖော်ဝါရီ ၁၇ ၌ ဝန်ကြီးချုပ်မူဂါဘဲက ဂျိုရှိုဝါအင်ကိုမိုနှင့်တကွ ဝန်ကြီးချီနာမာနိုနှင့် သယံဇာတပစ္စည်းဝန်ကြီးဂျိုးဇက်မာစီကာတို့ကို အစိုးရအဖွဲ့မှ ထုတ်ပစ်သည်။ ထုတ်ပယ်ရခြင်းမှာ တောင်အာဖရိကအကူအညီဖြင့် အာဏာသိမ်းရန် ကြံနေသောကြောင့်ဖြစ်သည်ဟု မူဂါဘဲက ဆိုသည်။ ယင်းကို အင်ကိုမိုက ငြင်းဆိုပြီး မူဂါဘဲသည် တပါတီစနစ်ကို ကျင့်သုံးလိုသောကြောင့် မိမိကို အစိုးရအဖွဲ့မှ ထုတ်ပယ်ရန် အကြောင်းရှာခြင်းသာဟု ပြန်လည်ပြောဆိုသည်။ <br />
ဇင်ဘာဘွေလွတ်မြောက်ရေးအတွက် အနှစ် ၂၀ နီးပါးမျှ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသော အင်ကိုမိုနှင့် မူဂါဘဲသည် ၁၉၈၀ လွတ်လပ်ရေးရရှိချိန်မှစ၍ သဘောထားကွဲလွဲ အလှမ်းကွာခဲ့သည်။ ၁၉၈၃ မတ်၌မူ တင်းမာနေသော ဆက်ဆံရေး ပေါက်ကွဲသွားပြီး အင်ကိုမိုသည် အိမ်နီးချင်းနိုင်ငံ ဘော့ဆွာနာမှတဆင့် လန်ဒန်သို့ ထွက်ပြေးခိုလှုံသည်။ ထွက်ပြေးလာရခြင်းနှင့်ပတ်သက်၍ အင်ကိုမိုက မိမိအသက်အန္တရာယ်ရှိသောကြောင့်ဟု ပြောကြားသည်။
 
== ကိုးကား ==