ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၉၃ -
 
=== အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေး ===
အိမ်နီးချင်းလူမည်းနိုင်ငံများနှင့် ချစ်ကြည်စွာ ဆက်ဆံခဲ့သည်။ ဇမ်ဘီယာနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ဖွဲ့ပြီး၊ မိုဇမ်ဘစ်နှင့် လုံခြုံရေးသဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့သော်လည်း လူဖြူအနည်းစုအုပ်စိုးသော တောင်အာဖရိကနှင့်မူ လူမည်းအစိုးရ အာဏာရလာချိန်မှစ၍ ဆက်ဆံရေး ပျက်ပြားလာသည်။ တောင်အာဖရိကလူဖြူအစိုးရက ကျင့်သုံးသော အသားအရောင်ခွဲခြားရေးဝါဒကို မူဂါဘဲက ဆန့်ကျင်သည်။ ၁၉၈၀ စက်တင်ဘာလက ဇင်ဘာဘွေပြည်ပြေး ၅၀၀၀ ခန့်ကို မိမိအစိုးရအား ဖြုတ်ချရန် လေ့ကျင့်ပေးနေသည်ဟု ဆိုကာ တောင်အာဖရိကနှင့် သံအဆက်အသွယ် ဖြတ်လေသည်။ နှစ်နိုင်ငံကုန်သွယ်ရေးမှာမူ ပုံမှန်အတိုင်း ထားရှိခဲ့သည်။
 
=== ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး ===