ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

ဝိဇ္ဇာဘွဲ့ရ ရဲထွဋ်လှ ၊ သမိုင်းနိဒါနအကျဉ်း ၊ စာမျက်နှာ ၁၄၉
No edit summary
စာကြောင်း ၃၁ -
 
 
နောင်အခါ မကွေးမြို့မှ [[ဆင်ဖြူတော်]]ရရှိသဖြင့် ဆင်ဖြူရှင်ဘွဲ့ ကိုခံယူသည်။ ဆင်ဖြူရှင်မင်းဟူသော ဘွဲ့အမည်ဖြင့်သာ နိုင်ငံသမိုင်းတွင် ထင်ရှား၏။ သို့သော် ဘွဲ့တံဆိပ်နာမံတော်ကား သီရိပဝရသုဓမ္မမဟာရာဇာဇီန္ဒာဓိပတိတည်း။ သက္ကရာဇ် ၁၁၂၅ ခုနှစ်(ခရစ် ၁၇၆၃ ခုနှစ်)၌ အလောင်းမင်း တရားကြီး၏ ပထမသားတော် [[နောင်တော်ကြီးမင်း]]လွန်သဖြင့် ဒုတိယသားတော် မြေဒူးမင်း ထီးနန်းဆက်ခံသည်။ ပထမတွင် ရွှေဘို၌ နှစ်နှစ်မျှ စံနေတော်မူပြီးနောက် အင်းဝ၌ မြို့နန်းအသစ်တည်ထောင် ပြောင်းရွေ့စံတော်မူသည်။ အင်းဝမြို့ကို ရွေးချယ်ခြင်းမှာ အောင်မြေအဖြစ် ယုံကြည်သောကြောင့် တစ်ကြောင်း၊ ရွှေဘိုမြို့သည် ကုန်းခေါင်ခေါင်တွင် တည်ရှိသဖြင့် ကူးသန်းသွားလာမှု မလွယ်ကူဘဲ၊ အင်းဝမြို့ကား လယ်တွင်းကိုးခရိုင်ဖြစ်သော ကျောက်ဆည်နယ်နှင့် အဆက်အသွယ်လွယ်ကူနီးစပ်ခြင်း၊ ဧရာဝတီနှင့် မြစ်ငယ်မြစ်ဆုံရာတွင် တည်ရှိသဖြင့် ရေလမ်းခရီးအားဖြင့် အသွားအလာ လွယ်ကူခြင်းတို့ကြောင့်တစ်ကြောင်း ဖြစ်ဟန်တူပေသည်။ ဖခမည်းတော်အလောင်းမင်းတရားကြီး၏ "ငါ၏သားတော်များသည် ကြီးစဉ်ငယ်လိုက် (အစဉ်အလိုက်) ထီးနန်းသိမ်းပိုက်စိုးစံကြရမည်။" ဟုသော မိန့်မှာချက်ရှိသော်လည်း နောင်တော်ကြီးနတ်ရွာစံပြီးနောက် ဆင်ဖြူရှင်နန်းတက်လာသောအခါ ညီတော်[[အမြင့်မင်းသား]]ကို အိမ်ရှေ့အရာ၌ထားရမည်ဖြစ်သော်လည်း လစ်လျူရှုကာ သားတော် [[စဉ့်ကူးမင်း]]ကိုသာ အိမ်ရှေ့မင်းအဖြစ် သက်မှတ်ကြေငြာခဲ့သည်။ သားတော်ကိုသာ နန်းတက်စေခဲ့သည်။ ယေဘုယျကြည့်လျှင် ဖခင်၏စကားကို ပယ်ရှားခဲ့သည်ဟု နားလည်နိုင်သော်လည်း များစွာသော ရှေးမြန်မာဘုရင်မင်းမြတ်တို့နတ်ရွာစံလျှင် သားတော်တစ်ဦးဦးကိုသာလျှင် အိမ်ရှေ့မင်းအဖြစ် သက်မှတ်ပြီး ထီးနန်းကိုလည်း ဆက်ခံစေခဲ့သော အစဉ်အလာကို နမူနာယူပြီး ဆင်ဖြူရှင်မင်းလည်း ညီတော်အမြင့်မင်းကို ထီးနန်းမလွှဲအပ်ပဲ သားတော်ကိုသာ ထီးနန်းဆက်ခံစေသည်ဟု ပညာရှင်တစ်ချို့က သုံးသပ်ခဲ့သည်။ <ref>{{cite book|title=ညိုမြ - ကုန်းဘောင်ရှာပုံတော်|date=၁၉၉၇ ခုနှစ်၊ မတ်လ|publisher=ရာပြည့်စာအုပ်တိုက်|location=ရန်ကုန်မြို့|page=စာမျက်နှာ ၉၄|edition=ဒုတိယအကြိမ်}}</ref>
 
 
ဆင်ဖြူရှင်မင်းသည် ခမည်းတော်လက်ထက် မင်းသားဘဝကပင် စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်လာခဲ့သူ ဖြစ်သည့် အလျောက် စစ်ရေးတွင် စိတ်ဝင်စားဟန်ရှိ၏။ ဆင်ဖြူရှင်မင်း လက်ထက်တွင် မြန်မာသမိုင်း၌ ထူးခြားသော စစ်ပွဲများကို တွေ့ရသည်။ ဆင်ဖြူရှင်မင်းနန်းတက်၍ မကြာမီပင် ဇင်းမယ်ကို အောင်တော်မူ၏။ ၁၁၂၆ ခုနှစ်တွင် မဏိပူရကသည်းပြည်သို့ ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်ရာ အောင်မြင်လေသည်။ မဏိပူရကသည်းပြည်မှ သုံ့ပန်းအများ သိမ်းရုံးခေါ်ဆောင်ခဲ့၏။ ယင်းသို့ မဏိပူရကသည်းများအား ခေါ်ဆောင်လာခဲ့ခြင်းမှာ ဆင်ဖြူရှင်မင်း၏ မြို့တော်သစ် အင်းဝမြို့တွင် လူနေအိမ်ခြေ တိုးပွားရန်ဆန္ဒရှိ၍ ခေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလေသည်။
Line ၅၇ ⟶ ၅၆:
 
==စတုတ္ထ တရုတ်-မြန်မာ စစ်ပွဲ==
သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ်တွင် တရုတ်တို့စတုတ္ထအကြိမ် လာပြန်၏။ ထိုအကြိမ်တွင် တရုတ်တို့သည် ခြေသည် ငါးသိန်းငါးသောင်းဖြင့်ချီလာကာ ဗန်းမော်မြို့ကို တိုက်ခိုက်သိမ်းပိုက် လိုက်လေသည်။ ထိုမှတစ်ဆင့် ကောင်းတုံမြို့အရှေ့ ၁၂ မိုင် အကွာ ရွှေညောင်ပင်အရပ်တွင် ခံတပ်အခိုင်အလုံဆောက်၍ ရပ်တည်နေ၏။ ဗန်းမော်ကို ချီခဲ့စဉ်က မြစ်ညာတွင်ထားခဲ့သော တရုတ်တပ်များကလည်း လှေသမ္ဗန်လုပ်ကာ ရေကြောင်းချီလာသည်။ ကောင်းတုံမြို့ကို တရုတ်တို့ ရေကြောင်း ကြည်းကြောင်းဖြင့် အထပ်ထပ်ဝန်းရံ လုပ်ကြံသော်လည်း၊ ဗလမင်းထင် အစီအမံအကွပ်အကဲ ကောင်း၍မရချေ။ အင်းဝမှ နေမျိုးသီဟသူရ၊ မဟာသီဟသူရ၊ လက်ဝဲဝင်းမှူးတို့ ချီတက်စေ၏။ တရုတ်တို့သည် ကောင်းတုံကို မသိမ်းပိုက်နိုင်ဘဲ သက္ကရာဇ် ၁၃၁၁ ခုနှစ်လောက်တွင် ရွှေညောင်ပင်ခံတပ်ကို လက်လွှတ်လိုက်ရလေသည်။ သို့အတွက် စစ်ပြေငြိမ်းရန် တရုတ်တို့ စကားကမ်းလှမ်းလာ၏။ အခြားစစ်ဗိုလ်များက သဘောမတူသော်လည်း၊ [[မဟာသီဟသူရ၊ ဝန်ကြီးဗိုလ်ချုပ်|ဗိုလ်ချုပ် မဟာသီဟသူရသည်မဟာသီဟသူရ]]သည် ရှေ့ရေးကို မြှော်တွေးလျက် ဘုရင်အမိန့်ကိုပင် မခံယူတော့ဘဲ စစ်ပြေငြိမ်းရေးကို [[ကောင်းတုံစာချုပ်]]ဖြင့် လက်ခံလိုက်လေသည်။ (ဝန်ကြီး ဗိုလ်ချုပ် မဟာသီဟသူရနှင့် ဆင်ဖြူရှင်မင်း (မြေဒူးမင်း) သည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်း တော်စပ်သည်။)
 
 
ထိုသတင်းကိုကြားလျှင် ဆင်ဖြူရှင်မင်းသည် အမျက်တော်ရှကာ ရရှိခဲ့သော လက်ဆောင်ပဏ္ဏာတို့ကို ဗိုလ်မှူးတပ်မှူးတို့၏ ဇနီးများအား ရွက်စေလျက် ၃ ရက်တိုင်တိုင် နေလှန်းသည်ဟု ဆိုလေသည်။ ထိုကြောင့်လည်း မြန်မာစစ်သည်တော်တို့သည် နေပြည်တော်သို့ မပြန်ကြဘဲ၊ မဏိပူရ ကသည်းပြည်တွင် ပုန်ကန်ခြားနားသည်ကို သွားရောက်နိမ်နင်း၍ လက်ဆောင်ပဏ္ဏာများကို ဆောင်ကြဉ်းပြီးမှ ပြန်ခဲ့ကြလေသည်။ ယင်းသို့ နှစ်စဉ် ဆက်ကာဆက်ကာ တရုတ်တို့ လေးကြိမ်တိုင်တိုင် စစ်သည်အင်အား မြောက်များစွာဖြင့် တိုက်ခိုက်လာသည်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်မှာ ဆင်ဖြူရှင် မင်းလက်ထက် ထူးခြားချက်တစ်ရပ်ဟု ဆိုရပေမည်။