ခိုတောင်မုန့်တီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
‌add photo.
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:ခိုတောင်မုန့်တီ.jpg‎|thumb|ခိုတောင်မုန့်တီ]]
'''ခိုတောင်မုန့်တီ'''သည် [[မန္တလေးမြို့]] [[ဧရာဝတီမြစ်]]တစ်ဖက်ကမ်း [[စစ်ကိုင်း]] [[မင်းကွန်း]]ကားလမ်းပေါ်ရှိ [[ခိုတောင်ရွာ]]ကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ခိုတောင်ရွာရှိ အမျိုးသမီးအများစု မန္တလေးမြို့ပေါ်တက်ကာ မုန့်တီရောင်းရာမှ ခိုတောင်မုန့်တီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ကိုအမှီပြုကာ နေထိုင်သူတွေက ဘာသာလူမျိုးအစုံရှိပေမယ့် ခိုတောင်မုန့်တီကို လူမျိုးဘာသာမခွဲခြားဘဲ မက်မက်မောမောစားတတ်ကြသည်။ ခိုတောင်မုန့်တီက [[မန္တလေးမုန့်တီ]]လို မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်တွေမပါပေ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ထားသဖြင့် အလွန်ပင်မွှေးကြိုင်လှသည်။ ခိုတောင်မုန့်တီသည်တွေက ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြု။ ဒေသထွက်စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကိုအသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားကြသည်။ ဟင်းချို တစ်နေကုန်နွေးနေအောင်ဖြစ်သည်။ မြေအိုးတွေ၊ စဉ့်အိုးတွေ၊ ပန်းကန်တွေ၊ မုန့်ဖတ်သုံးလေးပိဿာ၊ ပန်းကန် ၁၀ လုံးခန့်ထည့်ထားသည့် မုန့်တီတောင်းက ခေါင်းကိုပုဝင်သွားမတတ်။
 
ဟိုအရင်ခေတ်တွေတုန်းကတော့ ခုလိုမန္တလေးမြို့ပေါ်မှာ မုန့်တီစက်တွေမပေါ်သေး။ ခိုတောင်မုန့်တီသည်တွေက ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ရသည်ဟု (၁၈)နှစ်အရွယ်ကတည်းက မုန့်တီရောင်းခဲ့သည့် အသက်(၆၅)နှစ်အရွယ် ခိုတောင်ရွာသူ ဒေါ်သန်းစိန်ကပြောသည်။ နံနက်စောစော ၃ နာရီလောက်ဆို ခိုတောင်တစ်ရွာလုံးက မုန့်တီသည်တွေ အိပ်ရာထကြရပြီ။ မိသားစုဝင်သုံးဦးခန့်ဖြင့် မုန့်တီဖတ်ညှစ်ရသည်။ မုန့်တီဖတ်ညှစ်ပြီး တစ်နေကုန် မုန့်သွားရောင်းရမည်မို့ မနက်စောစောပေမယ့် ခေါင်းလျှော်ရေချိုးရသည်။ နေပူဒဏ်ခံနိုင်စေရန် သနပ်ခါးဘဲကြားလူးရသည်။ အသင့်ပြင်ဆင်ပြီးတော့ ခိုတောင်မြစ်ဆိပ်မှာ မုန့်တီသည်တွေစုံကြပြီ။ မန္တလေးမြို့ပေါ်ကို ငှက်လှေတွေနဲ့ကူးကြပြီ။ မုန့်တီသည်တွေက အများကြီးဆိုတော့ ငှက်လှေလေးငါးစီးဖြင့်ကူးရသည်။ လှေပေါ်ရောက်မှ အိမ်မှာအချိန်မရလို့ မစားဘဲထည့်ခဲ့ရသည့် ထမင်းကို ရေဖလားထဲထည့်ကာ ငှက်လှေပေါ်တွင်ပင် စားကြရသည်။