မာတင် ဗန် ဗျူရင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎သမ္မတ ဘဝ
စာကြောင်း ၅၂ -
သတ္တမမြောက် သမ္မတ အင်ဒရူးဂျက်ဆန်က ဒုတိယ အမေရိကန်ဘဏ်တွင် အပ်နှံထားသော အစိုးရငွေကြေးဓနများကို ပယ်နုတ်လိုက်သဖြင့် တိုင်းပြည်၏ စီးပွားအခြေအနေမှာ ယိုယွင်းနေခဲ့ပြီဖြစ်သည်။ အနောက်ဖတ်တစ်လွှားမှ ပျံနှံလာသည့် အဆိုပါ မြေယာဈေးကွက် ပြိုလဲမှုသည် အမေရိကန် အရှေ့ဖျားသို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် ဗျူရင်က အစိုးရအနေဖြင့် လွတ်လပ်သောဈေးကွက်ကို ဝင်ထိန်းသိမ်းရန် မသင့်ဟုယူဆကာ ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိသဖြင့် အခြေအနေမှာ ပို၍ဆိုးရွားလာသည်။ ၁၈၄ဝတွင် ပေါ်ပေါက်လာသည့် လွတ်လပ်သော ငွေတိုက် အက်ဥပဒေမှာ ဗျူရင့်လက်ရာဖြစ်သော်လည်း [[စီးပွားပျက်ကပ်]]အတွင်းမှ တိုင်းပြည်ကို အချိန်မီဆည်တင်နိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြင့် ခြောက်နှစ်ကြာသော စီးပွားပျက်ကပ်ကြီးသည် ဗျူရင်၏ သမ္မတသက်တမ်းကို ဝါးမြိုသွားခဲ့တော့သည်။
 
သို့ဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲကြီးတွင် ဗျူရင် မရှုမလှရှုံးနှိမ့်ပြီးမရှုမလှရှုံးနိမ့်ပြီး သမ္မတရာထူးကို လက်လွတ်ရတော့သည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် လည်ပတ်ကျွမ်းကျင်သော်လည်း ခေတ်ကာလအရ ခေတ်ဆိုးကြီးတွင် ကြားညှပ်ခံရရှာသော သမ္မတတစ်ဦးအဖြစ် နှောင်းလူတို့က သတ်မှတ်ကြပါသည်။ ၁၈၆၂တွင် ဗျူရင်ကွယ်လွန်သည်။ ကျန်ရှိသော ရုပ်အလောင်းကို ဇာတိ ကင်ဒါဟွတ်ခ်ရွာတွင်ပင် မြုပ်နှံခဲ့သည်။
 
== ကိုးကား ==