ကျိုက်ထီးရိုးဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂ -
== စေတီတော် တည်ထားပုံ ==
[[ကျိုက်ထိုမြို့နယ်]]ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့[[ရိုးမ]]တောင်တန်း အပါအဝင်ဖြစ်သော [[ပေါင်းလောင်းတောင်]]ပေါ်တွင် တည်ရှိ၍[[မြန်မာနိုင်ငံ]]တွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွဋ်မှာ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။
ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁၅ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ [[စေတီပုထိုးများ|စေတီတော်]] တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။
ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။ [[စစ်ကဲကြီး ဦးရွှေနော်]] ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်။
 
စာကြောင်း ၁၂ -
 
== ယနေ့ခေတ်အမြင် ==
ကျိုက်ထီးရို ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် [[စစ်တောင်းမြစ်]]ကို ကျော်လွန်၍ ပဲခူး[[ရွှေမော်ဓောဘုရား(ပဲခူး)|ရွှေမော်ဓော စေတီတော်]]ကို ဖူးမြင်နိုင်သည်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂ သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ [[မော်တော်ကား]]ဖြင့် ၉မိုင်ခန့် ဝေးသော [[ကင်မွန်းစခန်း]]မှ တက်ရသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂၇ စခန်းကို ဖြတ်ကျော်သွားရသည်။ ယခုအခါ [[ကျိုက်ထိုမြို့နယ်]]သို့ လာရောက်ရန်မှာ [[မီးရထား|ရထား]]လမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားလေသည်။
{|class="wikitable" align="right" width="30%" style="font-size:90%; border:2px solid orange;"
|+ ၁၉၉၀ ခုနှစ်မှ ၂၀⁠၀၇ ခုနှစ် ကျိုက်ထီးရိုးစေတီတော် မြင်ကွင်း
စာကြောင်း ၂၈ -
 
ကျိုက်ထီးရိုးဘုရားပွဲတော်ကိုကျင်းပချိန်မှာ နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားလေသည်။ ဘုရားသို့ တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် [[ရေမြောင်လေး]]၊ [[ရွှေရင်ဆို့]]၊ ကင်ပြွမ်းပင်၊ [[ရေမြောင်ကြီး]]၊ [[ဘိုးပြန်တောင်]]၊ [[စိုင်တစ်မော့]]အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိလေသည်။
ကင်မွန်းစခန်း၌ ဘိုး⁠ဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် [[ရွှေနန်းကျင်နတ်]]၊ [[ပန်းတင်နတ်]] စသော နတ်ကွန်းများကို တွေ့နိုင်ပေသည်။ ဘုရားဖူးများသည် နေ⁠နေနားနား တက်ရောက်လေ့ရှိသည်။ အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိသည်။ ယနေ့ခေတ်တွင်မူ တောင်တက်ကားများဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမျှော်နိုင်ကြပေပြီးဖြစ်သည်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်းလေ့ရှိကြသည်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုး⁠ဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။ ကျိုက်ထီးရိုးဘုရားမှတဆင့်ရသေ့တောင်၊စမတောင်၊ဝိဇ္ဇတောင် ရေတံခွန်းများသို့ ကားလမ်းဖောက်လုပ်ပြီးစီး၍ကားဖြစ်အလွယ်တကူလှည့်လည်သွားရောက်နိူင်ပြီဖြစ်ပါသည်။ကားလမ်းဖောက်လုပ်ပြီးစီး၍ကားဖြစ်အလွယ်တကူလှည့်လည်သွားရောက်နိုင်ပြီဖြစ်ပါသည်။
<ref>http://www.allmyanmar.com/new%20allmyanmar.com/Kyaiktiyo%20Pagoda.htm</ref><ref>http://www.newsfinder.org/site/more/kyaikhtiyo_the_golden_rock_stupa</ref>
 
<ref>မြန်မာ ဝီကီပီဒိယ</ref>
<ref>http://www.newsfinder.org/site/more/kyaikhtiyo_the_golden_rock_stupa</ref>
 
== ကိုးကား ==
Line ၃၉ ⟶ ၃၆:
[[Category: မွန်ပြည်နယ်ရှိ စေတီပုထိုးများ]]
[[Category:မြန်မာနိုင်ငံရှိ လည်ပတ်စရာနေရာများ]]
 
{{မြန်မာနိုင်ငံရှိ စေတီပုထိုးများ}}