မဟာဗန္ဓုလ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး replace images from Commons
စာကြောင်း ၇၉ -
 
== ရန်ကုန် စစ်ပွဲ (မေ-ဒီဇင်ဘာ ၁၈၂၄) ==
[[File:MahaBandula.1Kemmendine attack 1824.jpg|thumb|200px|ကြည့်မြင်တိုင် စစ်ပွဲ]]
 
ခက်ခဲကြမ်းတမ်းသော မြေပြင်အနေအထားတွင် တိုက်ခိုက်သည့်အစား ဗြိတိသျှတို့သည် မြန်မာ့ ပင်မ နယ်မြေပေါ်တွင် တိုက်ပွဲဆင်နွှဲခဲ့သည်။ ၁၈၂၄ ခုနှစ် မေလ ၁၁ ရက်တွင် လူအယောက် ၁၀၀၀၀ ကျော် ပါဝင် သော (ဗြိတိသျှ စစ်သား ၅၀၀၀ နှင့် အိန္ဒိယ စစ်သား ၅၀၀၀ ကျော်) ဗြိတိသျှ ရေတပ်တစ် တပ်သည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ပြီး မြန်မာတို့ကို အံအားသင့်စေခဲ့သည်။ မြန်မာတို့သည် ချေဖျက် ထားသောမြေမူကို ကျင့်သုံးပြီး မြို့တော်ကို အလွတ်ထားခဲ့ကာ ၎င်းအစားမြို့အပြင်ဘက် အရှေ့- အနောက် ၁၀ မိုင် အနီးအနား တပ်ချထားသောနေရာများကို အခိုင်အမာပြုလုပ်ရန် ရွေးချယ် ခဲ့သည်။ ဗိုလ်ချုပ်ကြီး အာခီဘော ကမ်းဘဲ(လ်) ဦးဆောင်သော ဗြိတိသျှတပ် များသည် အခိုင်အမာရှိပြီးဖြစ်သော ရွှေတိဂုံဘုရား ပရဝုဏ်အတွင်းတွင် တပ်စွဲခဲ့ကြသည်။ ဗြိတိသျှတို့သည် ဗမာ ရှေ့တန်းစစ်မြေပြင်ကို စတင်၍ထိုးစစ်များ ဆင်ခဲ့ပြီး ၁၈၂၄ ဇူလိုင် လတွင် ရွှေတိဂုံမှ ငါးမိုင်အကွာရှိ ကမာရွတ်ဆီသို့ ဗမာတို့ကို အောင်မြင်စွာ မောင်းထုတ် နိုင်ခဲ့ သည်။ ရွှေတိဂုံကို စက်တင်ဘာလတွင် ပြန်လည်သိမ်းယူရန် ဗမာတို့၏ ကြိုးစားမှုများသည် မအောင် မြင်ခဲ့ပါ။
စာကြောင်း ၁၁၉ -
 
== အထိမ်းအမှတ်များ ==
[[File:MahaBandula.2Maharbandulabridgeygn.jpg|thumb|200px|ရန်ကုန် မြို့လယ်ရှိ မဟာ ဗန္ဓုလ တံတား]]
ဗန္ဓုလ အသင်း သည် မြန်မာမူလတန်းနှင့် အလယ်တန်း ကျောင်းတိုင်းရှိ ကျောင်းသားများ အားလုံးဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားအသင်းလေးသင်းအနက်မှ တစ်သင်းဖြစ်သည်။ အခြား အသင်းသုံးသင်းမှာ မြန်မာ့ရာဇဝင်တွင် အကြီးကျယ်ဆုံးသော ဘုရင်များကို အစွဲပြု၍ အမည်ပေး ထားခြင်းဖြစ်သည်- [[ကျန်စစ်သား]] အသင်း ၊ [[ဘုရင့်နောင်]] အသင်း နှင့် [[အလောင်းဘုရား]] အသင်းတို့ ဖြစ်ကြသည်။
မြန်မာပြည်ရှိ အထင်ရှားဆုံးသော နေရာအချို့မှာ တိုက်ပွဲအတွင်းကျဆုံးခဲ့ကြသော ဗိုလ်ချုပ်ကြီးများကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။
စာကြောင်း ၁၂၇ -
==ကိုးကား==
<references/>
*http://en.wikipedia.org/wiki/Maha_Bandula