ဆင်ဆာပြုလုပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး rm deleted img
စာကြောင်း ၄၉ -
 
== ပညာရေးဆိုင်ရာ အရင်းခံအကြောင်းများကို ဆင်ဆာပြုလုပ်ခြင်း ==
 
[[File:414px-Natgeo_censorship.jpg|thumb|left]]
 
အမျိုးသား ပထဝီဝင်ပြမဂ္ဂဇင်း (National Geographic Magazine)တစ်စောင်ကို အီရန် အာဏာပိုင်များက ဆင်ဆာပြုလုပ်ခဲ့ပါသည်။ မနှစ်မြို့ဖွယ်ဖြစ်သည့် မျက်နှာဖုံးမှာ အချစ် အကြောင်းအရာဖြစ်၍၊ အဖြူနှင့်ကပ်ကာ ဖုံးကွယ် ထားသော အောက်ရှိ ဓါတ်ပုံမှာ ဖက်ပွေ့ထားသော စုံတွဲပုံ ဖြစ်ပါသည်။ဖေဖေါ်ဝါရီလ ၂၀၀၆။
 
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များတွင် ပါဝင်သောအကြောင်းအရာများမှာ မကြာခဏဆိုသလို အငြင်းပွားဖွယ်ဖြစ်သည်။ အကြောင်းမှာ ၎င်းကို ဖတ်ရှုမည့်သူများမှာ ငယ်ရွယ်သူများ ဖြစ်နေသောကြောင့် ဖြစ်သည်။“အဖြူရောင် လျှော်ဖွတ်ခြင်း” ဟူသောအခေါ်အဝေါ်သည် ဝေဖန်မှုပြုနိုင်သော သို့မဟုတ် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသော အဖြစ်အပျက်များကို ဖယ်ရှား ပစ်ရန် ရည်ညွှန်း၍ လူအများ သုံးစွဲနေသည့် အခေါ်အဝေါ် ဖြစ်ပါသည်။ ရာဇဝင်တွင် စစ်ဖက် ရက်စက်ကြမ်းကြုတ်မှုများကို အစီရင်ခံခြင်း သည် အစွန်းရောက်သော ငြင်းခုံလိုမှုဖြစ် ပါသည်။ ဒရက်(စ်)ဒင်တွင် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ ဂျပန်ရာဇဝင် ပြဋ္ဌာန်းစာအုပ် ငြင်းခုံမှုများ တွင် တွေ့ရှိရသည့် နန်ကင်း လူသတ်ပွဲ ၊ အာမေးနီးယန်း အစုလိုက်အပြုံလိုက် မျိုးဖြတ်သတ်ခြင်း၊ အကြီးအကျယ် သေကြေပျက်စီးခြင်း(သို့မဟုတ် ဟိုလိုကော့(စ်) ငြင်းဆို ခြင်း)၊ ၁၉၈၉ ခုနှစ်တီယင်နန်မင်စကွဲ ဆန္ဒပြမှု နှင့်၊ ဗီယက်နမ်စစ်ပွဲ တွင် ဝင်းတား စစ်သားများ စုံစမ်း စစ်ဆေးခြင်း တို့ကဲ့သို့ အဖြစ်အပျက်များ ပါဝင်သည်။
 
အလယ်တန်းကျောင်း ပညာရေးသင်ခန်းစာတွင် အကြောင်းအရာ အချက်အလက်များနှင့် ရာဇဝင်တို့အား ဖေါ်ပြသည့်နည်းလမ်းသည် ခေတ်ပြိုင် အတွေးအခေါ်များ၊ ထင်မြင်ချက်များနှင့် ပေါင်းသင်းဆက်ဆံမှုများ၏ အဓိပ္ပါယ်ဖော်ပြချက်များအပေါ် ကြီးမားစွာ လွှမ်းမိုးနေကြောင်း ဖေါ်ပြနေပါသည်။ ဖြန့်ဖြူးသည့် သတင်းအချက် အလက်အမျိုးအစားအား ဆင်ဆာပြုမှုအပေါ် တစ်ခုသော ငြင်းခုံမှုမှာ လူငယ်များအတွက် သင့်တော် ဆီလျော်သည့် အရည်အသွေးမရှိသော အကြောင်းရင်းအပေါ် အခြေခံနေပါသည်။ “သင့်တော် ဆီလျော်မှုမရှိ” ဆိုသည့် စကားလုံးကို အသုံးပြုခြင်း၏ ထူးခြားမှုသည် ပြင်းထန်စွာပြောင်းလဲခြင်း ရှိသကဲ့သို့ အငြင်းပွားဖွယ်ရာလည်း ဖြစ်ပါသည်။ ဘာလင်တိန်းစာအုပ်များ၏ အခြားသော မူတစ်ခုဖြစ်သည့် ဖာရင်ဟိုက် ၄၅၁ စာအုပ်သည် ကျောင်းစာသင်ခန်း အများစုတွင်အသုံးပြုသည့် မူဖြစ်၍၊ မူရင်းဖြစ်သော ဘရတ်ဘာရီစာမူမှ သီးခြား တည်းဖြတ်ခြင်း၊ ချန်လှပ်ထားခြင်းနှင့် အပြောင်းအလဲများ ခန့်မှန်းခြေ ရ၅၇၅ မျိုးခန့် ပါဝင်နေပါသည်။
 
== တေးဂီတနှင့် နာမည်ကျော် ယဉ်ကျေးမှုတို့ကို ဆင်ဆာပြုလုပ်ခြင်း ==