မနိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q203922 (translate me)
အရေးမကြီး replace with free image
စာကြောင်း ၁ -
[[File:maniMani.jpegjpg| fram | right |thumb|မနိ (၂၁၆-၂၇၆၂၇၄)]]
 
ခရစ်နှစ် သုံးရာစုတွင် ပေါ်ထွန်းခဲ့သူ တမန်တော်'''မနိ''' (Mani)(၂၁၆-၂၇၆၂၇၄)သည် ထိုခေတ်အခါက အလွန်နောက်လိုက်နောက်ပါများသည့်၊ ယုံကြည်သူများသည့်ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ [[မက်ဆိုပိုတေးမီယား]] (Mesopotamia)တွင်ဖွားမြင်ပြီး ထိုစဉ်က ပါရှအင်ပါယာတွင် '''ပါထန်'''(Parthian)မင်းဆက် အုပ်စိုးချိန်ဖြစ်သည်။
 
ဇော်ရော့အက်စတာဘာသာဝင်ဂိုဏ်းငယ်လေးတစ်ခုကို ကိုးကွယ်သည့်မိသားစုမှ ဆင်းသက်လာပြီး နောင်အသက် ၁၂နှစ်အရွယ်မှစကာ အကြားအမြင်များရကာ တမန်တော်အဖြစ်ရရှိလာသည်ဟုဆိုသည်။ အသက် ၂၄နှစ်မှစကာ အယူဝါဒသစ်ကို စတင်ဟောပြောတော့သည်။ ဇာတိဒေသတွင် သူ့အယူမှာ လူကြိုက်များလှသည် မဟုတ်သဖြင့် အိန္ဒိယမြောက်ပိုင်းသို့ ရွေ့ပြောင်းလာပြီး ထိုဒေသမှ မင်းတစ်ပါးကို ဟောပြောသိမ်းသွင်းနိုင်ခဲ့သည်။
စာကြောင်း ၁၉ -
ပါရှဒေသသို့ မူဆလင်တို့ ဝင်ရောက်လာသည့် ၇ရာစုကာလများတွင် မနိဘာသာလည်း တဖြည်းဖြည်း ယုတ်လျော့ရပေသည်။ ဘဂ္ဂဒက် ရှိအုပ်စိုးသူများကလည်း အကြီးအကျယ်နှိပ်ကွပ်ရာ မက်ဆိုပိုတေးမီးယား နှင့် အီရန်ရှိ မနိဂိုဏ်းဝင်များ ပျောက်ကွယ်ခဲ့ရသည်။ [[ဗဟိုအာရှ]]ဒေသတွင်လည်း ၉ရာစုအတွင်းတွင် များစွာကျဆင်းလာပြီး ၁၃ရာစုတွင် [[မွန်ဂို]]တို့ကျူးကျော်မှုကြောင့် အပြီးတိုင်ပြိုလဲသွားရသည်။သို့သော် မနိဂိုဏ်းဝင်အနည်းငယ်ကို တရုတ်တွင် သူတွေ့ရှိခဲ့သေးသည်ဟု [[မာကိုပိုလို]]က သူ၏မှတ်တမ်းများတွင်ရေးသားခဲ့သေးသည်။
 
ထိုအချိန်တွင် မနိဂိုဏ်းခွဲလေးများစွာသည် အနောက်ဖက်တစ်လွှားတွင် နေရာယူလှုပ်ရှားနေပြီဖြစ်သည်။ထိုအထဲမှ ပိုလီစီယာ အမည်ရှိဂိုဏ်းမှာ ဘန်ဇန်တိုင်းအင်ပါယာတွင်လည်းကောင်း ၊ ဗိုဂိုမီလ်ဂိုဏ်းက ဘောလ်ကန်ဒေသတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြသည်။ သို့သော် ဥရောပတွင် ပေါ်ထွန်းခဲ့သမျှ မနိဂိုဏ်းများတွင် အင်အားအကြီးဆုံးမှာ ကတရိဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းမှာ ၁၂ရာစုတွင် အထင်ရှားဆုံးဖြစ်လာပြီး ပြင်သစ်တောင်ပိုင်းတွင် ယုံကြည်သူပေါများလှသည်။ သို့သော် ထိုနောက်လိုက်များက သူတို့ကို ခရစ်ယာန်များအဖြစ်သာ ခံယူလေ့ရှိကြပြီး ရှေးရိုးစွဲခရစ်ယာန်များကတော့ ထိုသူများကို မိစၦာဒိဌိများဟုမိစ္ဆာဒိဌိများဟု သတ်မှတ်သည်။နောက်ဆုံးတွင် အလယ်ခေတ်၏ အယူသီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပုပ်ရဟန်းမင်း '''တတိယအင်နိုဆင်''' က စီမံကိန်းဖြင့် ဖြတ်ဆီးသဖြင့် ထိုဂိုဏ်းလည်း ပျက်ရလေသည်။ ထိုနှိမ်နှင်းမှုတွင် လူသူအမြောက်အများ သေကြေရပြီး ပြင်သစ်တောင်ပိုင်းဒေသမှာလည်း ထိုဒဏ်ဖြင့် ပျက်စီးလုလုဖြစ်ခဲ့ရသည်။ ထိုသို့ ရက်စက်စွာနှိမ်နှင်းသော်လည်း အီတလီတွင် ၁၅ရာစုခန့်အထိ မနိဂိုဏ်းငယ်လေးများ ဆက်လက်တည်ရှိနေခဲ့သေးသည်။ ယခုခေတ်တွင်မူ မနိဂိုဏ်းမှာ အစရှာမရအောင်ပင် ပျောက်ကွယ်ခဲ့ရပြီဖြစ်သည်။
 
== ရည်ညွှန်းကိုးကား ==
* ကျော်စွာ၁၀၀-[[ဒေါက်တာသန်းထွန်း]]
 
{{Lifetime|၂၁၆|၂၇၄}}
[[Category:နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎]]
"https://my.wikipedia.org/wiki/မနိ" မှ ရယူရန်