ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၂ -
ဇာဂနာ သည် အငြိမ့်သဘင် အနုပညာကို ထူးခြားစွာ ပြောင်းလဲခဲ့သည်။ အငြိမ့်ပြက်လုံးများတွင် လက်ရှိဖြစ်ပျက်နေသည့် အရာများကို နိုင်ငံတော်အုပ်ချုပ်နေသူများထံသို့ တိုက်ရိုက် လှောင်ပြောင်ပြောဆိုခဲ့သည့်အတွက်၊ မြန်မာနိုင်ငံသားပေါင်းစုံမှ စိတ်ဝင်စားအားပေးလာခဲ့သလို၊ မြန်မာပြည် အနာဂါတ်မျိုးဆက်များသည်လည်း အငြိမ့်သဘင် အနုပညာကို ပြန်လည် စိတ်ဝင်စားလာကြသည်။ အမှန်တော့ ဇာဂနာသည် မြန်မာ့အငြိမ့်သဘင်တွင် အမြဲအသုံးပြုနေသည့် ဟာသပြက်လုံးများ၊ အသံတူ အဓိပ္ပါယ်ကွဲ ဟာသများ တီထွင်ခဲ့သူတော့ မဟုတ်ပေ၊ သို့သော် ထိုပြက်လုံးများကို ပြင်ပေးခဲ့သူ ဖြစ်သည်။ (မြန်မာစာလုံးသည် အသံတူ၊စာကွဲ ဆိုသည့် စကားလုံးများ အမြောက်အများရှိသည့်အတွက်ကြောင့်၊ အဓိပ္ပါယ်နှစ်ခုဖြစ်အောင် ပြောဆိုနိုင်ပေသည်။)
== အကျဉ်းထောင် ဘဝ ==
သို့သော် ၁၉၈၈ ခုနှစ်တွင် အားလုံးပြောင်းလဲခဲ့သည်။ ဇာဂနာသည် ၁၉၈၈ ခုနှစ် [[ရှစ်လေးလုံး|ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး]] တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။ ထိုအချိန်မှ စ၍ ၆ နှစ်ကာလအတွင်းရှိ ၅ နှစ်အချိန်အတွင်းတွင် ထောင်မှ ဝင်လိုက်၊ ထွက်လိုက် နှင့်သာ မကြာခဏ နေထိုင်နေခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက်၊ ဇာဂနာသည် အငြိမ့်လောကတွင် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ ရုပ်ရှင်ထုတ်လုပ်မှု၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသားခြင်းတို့ကိုသာ စစ်အစိုးရမှ ခွင့်ပြုခဲ့သည်။ သူထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားများအား
စစ်အစိုးရ၏ ရုပ်ရှင်ဆင်ဆာ အဖွဲ့အစည်းမှ အမြဲမျက်ခြေမပြတ် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ သူ၏ ကြောင်နှင့်ကြွက်(?) ဗီဒီယိုသည် စစ်တပ်အစိုးရအား မသိမသာ သရော်ထားမှုများကြောင့် ပရိသတ်အများ သဘောကျခဲ့ကြသည်။