ရေဒီယို: တည်းဖြတ်မှု မူကွဲများ

→‎ရေဒီယို: သဒ္ဒါပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး replace with free image
စာကြောင်း ၁ -
[[File:Radio_imageDegen de1103.jpg|right|200pxthumb|ရေဒီယို]]
 
== ရေဒီယို ==
'''ရေဒီယို''' ({{lang-en|Radio}}) ဆိုသည်မှာ မျက်စိနှင့် မမြင်နိုင်သော အလင်းအောက် တိုသော ကြိမ်နှုံး (Frequency) ရှိသည့် လျှပ်စစ်သံလိုက်လှိုင်းများကို လှိုင်းခွင်သ၍ အချက်ပြ(Signal)များ အဖြစ် ထုတ်လွှင့်ခြင်းကို ခေါ်ဆိုသည်။ ၎င်း လျှပ်စစ်သံလိုက်လှိုင်းများသည် လေထုအတွင်းနဲ့ လေဟာနယ်အတွင်းရှိ လျှပ်စစ်သံလိုက်စက်ကွင်းတွင် လှိုင်းခွင် တက်ကျညီညီဖြင့် ဖြတ်သန်းကာ သွားနိုင်သည်။ ၎င်းလှိုင်း၏ ကြိမ်နှုန်း (Frequency) ၊ လှိုင်းခွင် (Amplitude) နှင့် လှိုင်းအသွင်(Phase) စသည့် တန်ဖိုးများ စနစ်တကျ အလိုက်သင့် ပြောင်းလဲခြင်းဖြင့် သတင်းအချက်အလက်များကို သယ်ယူပို့ဆောင်ပေးသည်။ ဤရေဒီယိုလှိုင်းများ လျှပ်ကူးပစ္စည်းတစ်ခု အတွင်း ဖြတ်သန်းသောအခါ လှိုင်းညှို့မှုဖြစ်ပေါ်လာပြီး လျှပ်ကူးပစ္စည်းအတွင်း သွင်ပြောင်းလျှပ်စီး (Alternating Current) ကို ဖြစ်ပေါ်စေသည်။ ၎င်း လျှပ်စီးကို ဖမ်းယူ၍ သတင်းအချက်အလက်များ သယ်ဆောင်လာသော အသံ(သို့မဟုတ်) အခြား အချက်ပြများအဖြစ် ပြောင်းလဲနိုင်သည်။