Yangon Bus Service: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂ -
 
=== သမိုင်း ===
ဤဘတ်စ်ကားကွန်ယက်စနစ်ကို အကောင်အထည်မဖော်မီက ရန်ကုန်မြို့၏ ဘတ်စ်ကားဖြင့် သယ်ယူပို့ဆောင်ရေးစနစ်ကို (မ.ထ.သ ဟုရည်ညွှန်းသတ်မှတ်ထားသည့်) ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီက စိုးမိုးကွပ်ကဲခဲ့ပြီး ရန်ကုန်မြို့ရှိ ခရီးသည် ၂.၈ သန်းခန့်အား နေ့စဉ်ဝန်ဆောင်မှု ပေးနေခဲ့သည်။ ပုဂ္ဂလိကဘတ်စ်ကားကုမ္ပဏီများသည်လည်း ယာဉ်လိုင်းကြောင်း အရေအတွက် အနည်းငယ်ဖြင့်သာ နေ့စဉ်ပြေးစွဲခဲ့သည်။နေ့စဉ်ပြေးဆွဲခဲ့သည်။ ရန်ကုန်မြို့ရှိ ဘတ်စ်ကားပေါင်း ၇,၈၀၀ ရှိသည့် အနက်မှ အစီးရေ ၄,၀၀၀ ခန့်သည် ယာဉ်လမ်းကြောင်းပေါင်း ၃၀၀ ခန့်အား ရန်ကုန်မြို့တွင်း လူသွားလူလာများသော လမ်းမကြီးများတစ်လျှောက် နေ့စဉ်ပြေးစွဲပေးနေခဲ့သည်။နေ့စဉ်ပြေးဆွဲပေးနေခဲ့သည်။
 
အဆိုပါ မ.ထ.သ ဘတ်စ်ကားစနစ်အား စစ်ဆေးပြုပြင်ခဲ့ရသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုမှာ ဘတ်စ်ကားယာဉ်မောင်းသူများသည် ဘတ်စ်ကားကုမ္ပဏီများ၏ မူလစည်းကမ်းချက်များကို ဆန့်ကျင်၍ ခရီးသည်များ၏ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုပြီး ၎င်းတို့၏ယာဉ်လိုင်းများထဲမှ လမ်းကြောင်းတူအခြားသောဘတ်စ်ကားများထက် ခရီးသည်များများရရှိကာ အကျိုးအမြတ်များများ ရရှိစေရန် အန္တရာယ်ကြီးစွာ အပြိုင်အဆိုင် ယှဉ်ပြိုင်မောင်းနှင်ကြသည့်အတွက် တိုင်ကြားစာများ များပြားလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ယာဉ်အကူလုပ်သား (အရပ်အခေါ် စပါယ်ယာ) များကိုလည်း ၎င်းတို့၏ ဆိုးသွမ်းလှသော သဘောထား၊ ပြုမူလုပ်ဆောင်ချက်များနှင့် ခရီးစဉ်လမ်းကြောင်းအတွက် ကျသင့်သည်ထက် ယာဉ်စီးခများ ပိုမိုကောက်ခံခြင်းများကြောင့် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။