အမာ၊ ဒေါ် (လူထု): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား စာအုပ် စာရင်း: rm deleted img
→‎ကိုယ်ရေးဖြစ်စဉ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃၃ -
* ၁၉၂ဝ ခုနှစ်တွင် မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်း၌ ဒုတိယတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အေဘီအမ် ကျောင်းတွင် ၁၉၂၃ မှ ၁၉၃၁ ထိ ပညာ ဆက်လက် သင်ကြား ခဲ့ပြီး ဆက်တန်းကို မန္တလေး ဗဟို အမျိုးသား ကျောင်းမှ ၁၉၃၃ တွင် အောင်မြင် ခဲ့သည်။ မန္တလေး ဥပစာ ကောလိပ် (၁၉၃၃-၁၉၃၅)၊ [[ရန်ကုန်တက္ကသိုလ်]] (၁၉၃၆-၁၉၃၇) တို့တွင် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၆ တွင် အင်းလျားဆောင် သဟာယနှင့် စာဖတ် အသင်း၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်ကြီးတွင် တက်ကြွစွာ ပါဝင် ခဲ့သည်။ အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမား ဂျာနယ် တို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသား ခဲ့သည်။ ကြီးပွားရေး ဦးလှနှင့် စတင် သိကျွမ်း ခဲ့ပြီး၊ ကြီးပွားရေး မဂ္ဂဇင်း၌ ကလောင် အမည် ခင်လဝင်း၊ မြမဉ္စူ ကလောင် အမည်များဖြင့် ရေးသား ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဘီအေ နောက်ဆုံးနှစ် စာမေးပွဲ ကျရှုံးပြီး ကျောင်းထွက်သည်။ ထိုနောက် မန္တလေး၌ မြန်မာ စက္ကူဆိုင် ဖွင့်ခဲ့သည်။
 
* ၁၉၃၈ တွင် မောရစ် ကောလစ် (Maurice Collis) ၏ Trails In Burma စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ’ အမည်ခြင့်အမည်ဖြင့် ဆရာကြီး [[ဦးရာဇတ်]]၏ တိုက်တွန်းချက် အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေ ခဲ့ရာ ယင်း စာအုပ်ဖြင့် စာပေနယ်တွင် အမည် ထင်ရှား လာခဲ့သည်။
 
* ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ် ခဲ့ပြီး၊ သားသမီး ၅ ဦး ဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း ([[ညီပုလေး၊ စာရေးဆရာ|စာရေး ဆရာ ညီပုလေး]]) တို့ ထွန်းကား ခဲ့သည်။ သားအကြီးဆုံး ကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်း တို့သည် လက်နက်ကိုင် တော်လှန်နေသည့် [[ဗမာပြည် ကွန်မြူနစ် ပါတီ]] (ဗကပ) နှင့် သွားရောက် ပူးပေါင်းခဲ့ကြသည်။ ကိုစိုးဝင်းသည် ဗကပရဲ့ ပါတီတွင်း အစွန်းရောက် ဖြုတ် ထုတ် သတ် လှုပ်ရှားမှုများတွင် အသက် စတေး သွားခဲ့ရပြီး၊ ကိုဖိုးသံချောင်းကတော့ ဗကပမှာ ရှိနေဆဲ ဖြစ်သည်။