ကိုနီ (ရှေ့နေ): တည်းဖြတ်မှု မူကွဲများ

"==ငယ်ဘဝ== အဖ ဦးစူလ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၅:၃၄၊ ၂၉ ဇန်နဝါရီ ၂၀၁၇ ရက်နေ့က မူ

ငယ်ဘဝ

အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။

ပညာရေး

ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။ ၁၉၇၅−၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ရှေ့နေဘဝ

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဖြစ်သည်။

မိသားစု

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီးရန်ကုန်တွင် နေထိုင်သည်။

ဘဝနိဂုံး

ပြန်ကြားရေးဝန်ကြီးဌာန၏ အင်ဒိုနီးရှားလေ့လာရေးခရီးစဉ်လိုက်ပါပြီး လေဆိပ်ပြန်လည်ရောက်ရှိလာစဉ် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။ ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။[၁]

ကိုးကား

  1. http://www.mizzimaburmese.com/article/22925